@officialnemchel: I’ve saved so much doing it myself #dogsoftiktok #dogmom #dogs #grooming #poodle

Nemchel
Nemchel
Open In TikTok:
Region: US
Monday 27 July 2026 04:06:51 GMT
536
7
1
0

Music

Download

Comments

kimberlaay_x3
kim 🥰 :
cutie baby 🥹😍
2026-07-27 14:29:57
0
To see more videos from user @officialnemchel, please go to the Tikwm homepage.

Other Videos

ဘန်နီဖြိုးနဲ့အမရာဖုန်း ရဲ့
ဘန်နီဖြိုးနဲ့အမရာဖုန်း ရဲ့ "လေထဲက" အိမ် သီချင်းထဲမှာ "အမရာဖုန်း" ဆိုရတဲ့ အပိုဒ်ဖြစ်တဲ့ "တချိန်မှာ နင်သိလိမ့်မယ်ဘဝဟာ ဆုတောင်းသမျှတွေမပြည့်တာ" ဆိုတဲ့စာသားကို အချိန်တစ်ခုရောက်တဲ့အခါ ကိုယ့်ဟာကိုယ် နားလည်သွားတယ် တချို့သီချင်းစာသားတွေက အချိန်တစ်ခုရောက်မှနားလည်လာတာတွေရှိပါတယ်။ နားထောင်သူရဲ့ နားလည်ပုံနဲ့ ဖန်တီးသူရဲ့ နားလည်မှုကလည်းတထပ်တည်း ကျချင်မှကျပါလိမ့်မယ်။ ကျွန်တော်တို့က ဆုတောင်းသမျှတွေကို ပြည့်ချင်ကြတယ်။ အချိန်ရှိတိုင်း ဆုတောင်းနေကြတယ်။ ဒါပေမယ့် လွဲနေတာတစ်ခုက ကိုယ်ဆုတောင်းသလို ကိုယ်ကမနေထိုင်ခြင်းပါ။ သူများဆီက သိလာရတဲ့အသိမဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ်က သိလာတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း တချို့အရာတွေပေါ်မှာ ဆုတောင်းတယ် ဒါပေမယ့် ဆုတောင်းမှုနဲ့ကိုက်ညီတဲ့ Action မျိုးနဲ့ ကျွန်တော်ကမနေခဲ့ဘူး။ ဒီတော့ဆုတောင်းက မပြည့်ခဲ့ဘူးပေါ့။ ငယ်တုန်းကတော့ ဆုတောင်းတိုင်း မပြည့်ခဲ့တာတွေကို မပြည့်ကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး အရာအားလုံးကို အပြစ်လိုက်တင်မိပါတယ်။ တကယ်တမ်း အသက်အရွယ်တခုရောက်လာချိန်မှာ ဆုတောင်းတိုင်း မပြည့်တာတွေက ကိုယ့်ကြောင့်ဆိုပြီးနားလည်လာပါတယ် ဒါဟာ ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်းမျိုးမဟုတ်ပါဘူး ကိုယ့်ဆီကနေ ကိုယ်ပြန်သိလာရတဲ့ အသိတရား တခုမျိုးပါ။ ဒီအသိတရားက အမှားတွေထပ်ခါတလဲလဲ လုပ်ပြီးမှ သိလာတာလည်း ဖြစ်နိုင်သလို ဘဝမှာ ကြုံခဲ့ ဆုံခဲ့ရတဲ့အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆုတောင်းတွေက ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော်တို့လုပ်သမျှ actionတွေနဲ့ Consequences တွေကပဲ ဆုတောင်းတွေပြည့်ခြင်း မပြည့်ခြင်းတွေဖြစ်လာရတာပါ။ Action တွေရဲ့ နောက်မှာ Consequences တွေရှိပါတယ် စာမကျက်ပဲနဲ့တော့ စာမေးပွဲအောင်ဖို့ ဆုတောင်းနေတယ်ဆိုတာက အပိုအလုပ် တခုလုပ်နေသလိုပါပဲ။ တစုံတယောက်ရဲ့ အချစ်ခံလေးဖြစ်ဖို့အတွက် ဆုတောင်းနေပြီး ကိုယ်ကိုယ်တိုင်က အချစ်ခံဖို့ ထိုက်တန်တဲ့ အမူအကျင့် စိတ်နေစိတ်ထား ခံယူချက်ကောင်းတွေကျရှိမနေတဲ့အခါ မချစ်ပေးတဲ့တဖက်သူကို အပြစ်တင်ချင်ကြပါတယ်။ တဖက်သူမှာ အပြစ်မရှိပါဘူး သူ့အနေနဲ့ ချစ်ဖို့ထိုက်တန်တယ်လို့ ယူဆလို့ရမှပဲ ချစ်ပေးနိုင်မှာပါ။ ကိုယ်ကလည်းဆုတောင်းနေတာမျိုးထက် တဖက်လူရှေ့မှာ ချစ်ဖို့ထိုက်တန်လာအောင်နေပြရမှာပါ။ လူတစ်ယောက်ကိုချစ်ပေးလိုက်ဖို့ အကြောင်းပြချက်များစွာရှိနေပါတယ် အဲ့လို အကြောင်းပြချက် များစွာရှိနေတဲ့ကြားကမှ တဖက်လူက ကိုယ့်ကို မချစ်ချင်ဘူးဆိုရင် ကိုယ်ကဆုပဲထိုင်တောင်းနေတတ်တဲ့လူစားမျိုးဖြစ်နေလို့ပါ။ အဲ့ဒါကို အဲ့ဒီအချိန်မှာ နားလည်ချင်မှနားလည် လက်ခံနိုင်ချင်မှ လက်ခံပါလိမ့်မယ်။ အကန်တွေလုပ်ကောင်းလုပ် တဖက်လူကို အပြစ်တင်ကောင်းတင်ပါလိမ့်မယ်။ ဒါပေမယ့် သီချင်းစားသားထဲကလိုပဲ "တချိန်မှာ နင်သိလိမ့်မယ် ဘဝမှာ ဆုတောင်း သမျှတွေ မပြည့်တာ" ကို အချိန်တခုဖြတ်သန်းပြီ အရွယ်တခုရောက်လာတဲ့အခါ နားလည်လက်ခံသိသွားပါလိမ့်မယ်။ နားလည်လက်ခံသိသွားရင် ကိုယ့်ဘဝအတွက်အမြတ်ပါပဲ သိအောင်လုပ်ပေးတဲ့ သူရှိရင်လည်း ကျေးဇူးတင်လိုက်ပါ #crd #bunnyphyoe #fyppppppppppppppppppppppp #fyp #ရောက်စမ်းfypပေါ်

About