@babythaelay37: အချိန်းပေးပြီ "ခနလောက်ဖတ်‌ေပး"ပါ တန်းဖိုးရှိသောစာ '' ၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။ ၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ။ ၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။ ၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။ ၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။ ၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။ ၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။ ၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။ ၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် ။ ၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်။ ၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။ ၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ ၁၄။ အားနာရင် ခါးပါတတ်တယ်။ မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။ ၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့ မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။ ၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။ ၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ ၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။ ၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ ၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။ ၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။ ၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။ ၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။ ၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ ၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။ ၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။ ၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။#စာပေချစ်သူ #views #fypシ゚viral

For you🤍
For you🤍
Open In TikTok:
Region: MM
Monday 27 July 2026 05:25:52 GMT
14964
1767
19
98

Music

Download

Comments

mahaytimgmg
Hlwar :
👍👍👍
2026-07-27 06:57:05
1
than.tdar
THANDAR :
🥰🥰🥰
2026-07-27 10:39:27
1
poungmu
PoungMu :
မဂ်လာပါ ကျေးဇူးပါ
2026-07-27 11:15:48
1
khin.kera
Khin Kera :
🥰🥰🥰🥰🥰
2026-07-27 12:51:04
1
dy0reegls59z
မယ်ပုံ့ :
🌿🌿☘☘အရမ်းအေးချမ်းတဲ့အတွေးတေရပါတယ်နော်💕
2026-07-27 14:21:34
1
khunmyo11665
Khun Myo :
🥰💪🤍
2026-07-27 14:32:04
1
sa.pal135
chitsanplay :
👍👍👍👍👍👍
2026-07-27 15:19:19
1
soe.lay9494
Ko Khaing :
👍👍👍👍👍
2026-07-27 15:48:21
1
kyawgyi3633
Yu. Mon :
ကျေးဇူးပါ
2026-07-27 16:04:05
1
khink476
🌷 Khin💞 :
👍👍
2026-07-27 23:39:16
1
kozinko112
༆✯𝒦ℴ 𝒵𝒾𝓃 𝒦ℴ✯༆ :
ကျေးဇူးပါဗျာ
2026-07-28 00:25:55
1
ma.tin.san27
smile😃 :
ok
2026-07-28 02:14:18
1
z...m...w0
💞ကိုကို ရဲ့ချစ်💞 :
🥰🥰🥰
2026-07-28 03:24:45
0
pannchi177
မဟူရာအလွမ်း🤭🤭❤️ :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-29 01:00:50
0
To see more videos from user @babythaelay37, please go to the Tikwm homepage.

Other Videos


About