@ketchupwithemily: အသီးအရွက်အသားနဲ့ပင်လယ်စာတွေများကြီးပါပြီး အနံ့လေးကလဲမွှေးမွှေးနဲ့ ပြည်လုံးချမ်းသာဆိုတဲ့ ဟင်းလေးကို Em ငယ်ငယ်ကတရုတ်စားသောက်ဆိုင်တွေသွားရင် အမြဲမှာစားနေကြပါရှင် အိမ်မှာကြော်ဖို့ကလဲ အရမ်းမခက်တာမို့ ဒီနေ့တူတူကြော်စားကြည့်ကြမယ်နော် အသီးအရွက်အသားငါးနဲ့ပင်လယ်စာတွေကို ကိုယ့်စိတ်ကြိုက်ထည့်ပါနော် Em ကတော့ အသားထက်ပင်လယ်စာပိုများတာကြိုက်လို့ ပုစွန်ရည် ပြည်ကြီးငါးရယ် ရေဘဝဲရယ်ကိုပိုထည့်ဖြစ်ပါတယ် မှိုကိုလဲ ကောက်ရိုးမှိုလေးထည့်ရင်ပိုကြိုက်ပေမယ့် ဝယ်ရသိပ်မလွယ်လို့ ရှီတာကီမှိုအခြောက်လေးကိုပဲထည့်ထားပါတယ်ရှင် ဒီဟင်းလေးက ကြော်ကြော်ပြီးချင်း လတ်လတ်ဆတ်ဆတ်စားလို့လဲကောင်းသလို ထမင်းချိုင့်ထည့်ဖို့လဲ တစ်မျိုးထဲနဲ့အဆင်ပြေပါတယ်ရှင် ကလေးရောလူကြီးပါကြိုက်မယ့်အရသာလေးမို့ ကြော်စားကြည့်နော် ပါဝင်ပစ္စည်းများ (၆-၇ ယောက်စာလောက်ရှိပါတယ်ရှင်) ပုစွန်အလတ်ဆိုဒ် - ၁၂ -၁၅ ကောင်ခန့် ပြည်ကြီးငါး - ၈၀၀ ဂရမ်ခန့် ရေဘဝဲ - ၂၅၀ ဂရမ်ခန့် ကြက်ရင်ဘုံ - ၁ ခု ခရမ်းချဥ်သီး - ၂ လုံး ပန်းဂေါ်ဖီ - ၁ စိတ် ရွှေပဲသီး - ၁၀ တောင့်ခန့် Baby corn - ၅ - ၆ ခုခန့် ငရုတ်ပွအစိမ်း - တစ်ခြမ်း (တစ်ခုရဲ့တစ်ဝက်) ငရုတ်ပွအနီ - တစ်ခြမ်း(တစ်ခုရဲ့တစ်ဝက်) ရှီတာကီမှို - ၅ ခုခန့် မုန်လာဥနီ - ၁ ဥ ကြက်သွန်နီအသေး - ၃-၄ လုံး ကြက်သွန်ဖြူ - ၁ ဥ ဂျင်း - လက်တစ်ဆစ်ခန့် ငရုတ်ခြောက်တောင့် - အနည်းငယ် ငရုတ်ကောင်း - လက်ဖက်စားဇွန်း ၁ ဇွန်း ကြက်သွန်မိတ် - အနည်းငယ် ကြက်သားအရသာနယ်ရန် - ဆား - လက်ဖက်စားဇွန်း ၄ ပုံ ၁ ပုံ (1/4tsp) ပဲငံပြည်ရည်အကြည် - ထမင်းစားဇွန်းတစ်ဝက်ခန့် ဆော့စ်စပ်ရန်- ပဲငံပြာရည်အကြည် - ထမင်းစားဇွန် ၁ ဇွန်းခွဲ ပဲငံပြည်ရည်အနောက် - ထမင်းစားဇွန် ၁ - ၂ ဇွန်း ခရုဆီ - ထမင်းစားဇွန် ၁ ဇွန်းမောက်မောက် အချိုမှုန့် - လက်ဖက်စားဇွန်းဝက် သကြား - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း ရေ - ထမင်းစားဇွန် ၂ ဇွန်း ကော်ရည်ဖျော်ရည် - ကော်မှုန့်/Corn Flour – ထမင်းစားဇွန် ၁ ဇွန်း ရေ - ထမင်းစားဇွန် ၃ ဇွန်း #myanmartiktok #ပြည်လုံးချမ်းသာ

Ketchup with Emily - အမ်မလီ
Ketchup with Emily - အမ်မလီ
Open In TikTok:
Region: GB
Monday 27 July 2026 10:59:51 GMT
179526
8766
51
1519

Music

Download

Comments

sispyay1
Aung Zin :
တလုပ်ကယ်ဝဝ စားလိုက်ရရင်ဖြစ် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေပီ
2026-07-27 21:38:27
13
user3265458804098
user3265458804098 :
အော် ကိုယ့်ဘာသာ အိမ်မှာအားရင် ရှိတဲ့အသီးအရွက်တွေနဲ့အသားနဲ့ လျှောက်ချက်စားတဲ့ဟင်းက ပြည်လုံးချမ်းသာ ဖြစ်နေမှန်းမသိဘူး အဲ့အတိုင်းဘဲ စိတ်ကူးပေါက်ရင်လျှောက်ချက်တာ😂
2026-07-29 14:31:26
6
user1096578807591
Swe Swe Myint :
ကြိုက်ကြိုက်
2026-07-27 11:07:07
2
honeydaddy88
HZHtet :
၀ိတ်ချ နေပါတယ်ဆိုရက်စက်တယ်မမရယ်🥹
2026-07-27 11:32:37
2
panl57856d5
လှိုင်းနဲ့ ဇင်ယော် :
ပြည်လုံး ချမ်းသာအစစ်က နံကင် ဘဲကင်ဝက်အူချောင်း ငါးဖယ်လုံး ငုံးဥ ဝက်စဉအကုန် နဲနဲစီ ဆိုင်မှာရှိသမျှ ကောက်ထည့်ရတာ အခုခေတ်တော့ ဘယ်ဆိုင် စားစား ပြည်လုံးချမ်းသာအစစ်မရှိတော့ဘူး
2026-08-07 15:16:11
2
kyimyatnoek
kyimyatnoek :
First
2026-07-27 11:04:31
2
yati61854
yati :
🥰🥰🥰🥰🥰
2026-07-27 12:34:55
1
nangkyeinkhamk521
Rose🌹🍀🌿 :
စားချင် 😁
2026-07-27 12:37:34
2
toetoe__12
🌹🌹TT🌹🌹 :
စားချင်တယ်ရှင်🥰🥰🥰
2026-07-27 11:16:08
2
yinmaythaw2000gmail
🧵Shin Yoe May🧵 :
ကြိုက်ပါတယ်
2026-07-28 05:07:10
1
tohlaing.u
Tohlaing U :
🤩
2026-08-04 09:56:59
0
myo.zin.hein25
Myo Zin Hein :
အရမ်းကြိုက်တယ်
2026-09-06 13:30:02
0
user93398340671406
အဲကွန်းပြင်တဲ့ရဲထွဠ်တင် :
ဘယ်မှာရလဲ ဘယ်ဆိုင်မှာတဖန်ပြန်ရမလဲ😁😁😁ကိုသားစစ်
2026-08-09 12:13:40
0
dreamy_candy7
Dreamy Candy🧃 :
2026-07-27 11:07:41
1
thida4314
thida4314 :
2026-07-27 12:07:27
1
chef.x.gue
Chef X GUE :
အပ်ထားတယ်မိ
2026-08-02 01:14:27
0
myat.pyae.hsu
Myat Pyae HSu :
အရမ်းကြိုက်
2026-07-28 11:37:52
0
kaungahk
ɢɪɴɴ :
ဆိုင်မာနေတုန်းက orderလာတိုင်း စားဖိုမှူးသူငယ်ချင်းနဲ့စကားများရတဲ့ဟင်း။ တစ်ပြည်လုံးဆင်းရဲကုန်လိမ့်မယ် အားတိုင်းချက်စားရင်ဆိုပြီး🤣။ဘယ်ကောင်ကနာမည်စပေးခဲ့လဲမသိဘူး ပါဝင်ပစ္စည်းဝယ်ရတာနဲ့တင်မွဲရချည်ရဲ့🤣။
2026-07-28 16:36:57
1
zin.myo.htun68
Zin Myo Htun :
ငါသိတဲ့ ပြည်လုံးချမ်းသာက တို့မြို့ကဘုရားကြီး
2026-07-28 17:13:57
0
user1735668821807
Ei Nyein Khaing :
အရမ်းကြိုက်သော
2026-07-28 13:35:37
0
myat.cho30
Gwen🐣 :
တော်လိုက်တာနော် အကုန်ချက်တတ်တယ် စားချင်စရာလေးတွေကြည့်ပဲ💛
2026-09-18 01:59:19
0
soethuaung699
စိုးသူအောင် :
2026-08-01 06:54:30
0
winwinmaw669
Win Win Maw669 :
Save ချင်လို့ပါ💓💓💓💓💓
2026-07-30 08:50:30
0
john_hubby1
John🐨 :
ဒီနေ့ ဉပါလ်စောင့်ထားလို့ save ထားတယ် နောက်နေ့မှကြည့်မယ် 🥹🥹🥹
2026-07-29 10:08:19
0
pyaesoneag23
Pyae Sone Ag :
ဟင်းချက်ဝိုင်ကဘာကောင်းတာလဲဗျ😁
2026-07-27 17:18:56
1
To see more videos from user @ketchupwithemily, please go to the Tikwm homepage.

Other Videos


About