@gloria69904: ဒီ pile ရွေးရင်းနဲ့ငိုချင်🥺 သူကမင်းကိုတော်တော်သံယောစဥ်ကြီးတဲ့ပုံပဲ ၊ဘုရားရှိခိုးတိုင်း သူ့ကို အမျှဝေပေးဖို့ မမေ့ပါနဲ့ For pile 3....... 🍀🍀🍀🍀🍀 🍀🍀🍀🍀🍀 🍀🍀🍀🍀🍀 ဒီ Pile ကိုရွေးထားတဲ့သူရဲ့ အစောင့်ရှောက်က အရမ်းပဲ ကိုယ်နဲ့ နီးကပ်ပြီး အရမ်းသံယောဇဉ်ကြီးတယ်။ သူဟာ အတိတ်ဘဝတုန်းက ငယ်သူငယ်ချင်းတစ်ယောက်၊ မွေးချင်းတစ်ယောက်၊ မင်းနဲ့အတူ ကြီးပြင်းခဲ့သူ၊ ဒါမှမဟုတ် မင်းကို အရမ်းချစ်ခဲ့ပေမဲ့ အချိန်မတိုင်ခင် ခွဲခွာခဲ့ရတဲ့သူ ဖြစ်နိုင်ပါတယ်။ သူ့စွမ်းအင်ထဲမှာ ပျော်ရွှင်မှုရှိသလို ဝမ်းနည်းမှုတစ်စွန်းတစ်စကိုလည်း တွေ့ရတယ်ပေါ့နော်။ မင်းတို့နှစ်ယောက်ကြားမှာ မပြီးဆုံးခဲ့တဲ့စကား၊ နှုတ်မဆက်နိုင်ခဲ့တဲ့အဆုံးသတ်၊ ဒါမှမဟုတ် “နောက်ဘဝရောက်ရင်လည်း မင်းနဲ့ပဲ တူတူရှိနေ မယ်” ဆိုတဲ့ ကတိမျိုး ပေးခဲ့ဖူးသလို ခံစားရတယ်ပေါ့နော်။ အတိတ်တစ်နေရာမှာ မင်းတို့နှစ်ယောက်ဟာ တစ်ရွာတည်း၊ တစ်မြို့တည်းမှာ အတူကြီးပြင်းခဲ့ဖူးသလိုပါပဲ။ မိုးရွာထဲမှာ တူတူပြေးလွှားကစားခဲ့ကြတယ်၊ ရေကန်ဘေးမှာ ထိုင်စကားပြောခဲ့ကြတယ်၊ လျှို့ဝှက်ချက်တွေ မျှဝေခဲ့ကြတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အရာအားလုံး ရုတ်တရက် ပြတ်တောက်ပြီးဆုံးသွားခဲ့တယ်။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ပြန်မလာနိုင်တော့ဘဲ ကျန်ခဲ့တဲ့သူက တစ်သက်လုံး စောင့်နေခဲ့သလို ခံစားရတယ်။ အဲဒီသံယောဇဉ်က မပြီးဆုံးနိုင်လို့ ဒီဘဝမှာလည်း မင်းအနားကို အစောင့်ရှောက်အဖြစ် ပြန်ရောက်လာတာ ဖြစ်နိုင်ပါတယ်။ သူက မင်းရဲ့စိတ်ပိုင်းဆိုင်ရာကို အထူးကာကွယ်ပေးတတ်တယ်။ မင်းအရမ်းဝမ်းနည်းနေတဲ့အချိန်၊ တစ်ယောက်တည်းငိုနေတဲ့အချိန်၊ မင်းကို ဘယ်သူမှ နားမလည်ဘူးလို့ ခံစားရတဲ့အချိန်မှာ သူက ပိုပြီးနီးကပ်လာတတ်တာမျိုး ကိုလည်းတွေ့နေရတယ်။ ရုတ်တရက် ကိုယ်ပေါ်ကို စောင် နွေးနွေးလေး ခြုံပေးထားသလို ခံစားရတာ၊ မမြင်ရတဲ့သူတစ်ယောက်က ပခုံးပေါ် လက်တင်ထားသလို ဖြစ်တာ၊ မသိတဲ့ရနံ့တစ်ခု ရလာတာတွေကို သူရှိနေကြောင်း အချက်ပြမှုလို့ တွေ့ရပါတယ်ရှင်။ ဒီအစောင့်ရှောက်ရဲ့ ကာကွယ်ပုံကတော့ အနည်းငယ် ပြင်းထန်တယ်လို့ ပြောရမှာပေါ့ ။ မင်းဘဝထဲမှာ မသင့်တော်တဲ့ဆက်ဆံရေး၊ မကောင်းတဲ့မိတ်ဆွေ၊ အန္တရာယ်တစ်ခု ရှိလာရင် တဖြည်းဖြည်းမဟုတ်ဘဲ ရုတ်တရက် ပြိုကွဲပျက်စီးသွားစေတတ်တယ်။ အဲဒီအချိန်မှာ မင်းအတွက် အရမ်းနာကျင်နိုင်ပေမဲ့ နောက်ပိုင်းပြန်တွေး ကြည့်မိတဲ့အခါ အဲ့ဒီဟာသာ ငါလုပ်မိရင် အကျိုးနည်းပါပေါ့လား လို့ သိလာရတတ်ပါတယ်။ သူက မင်းကို နူးညံ့နူးညံ့ ကာကွယ်ပေးတဲ့အချိန်လည်းရှိပေမဲ့ လိုအပ်ရင် တံခါးတစ်ချပ်လုံးကို ချိုးဖျက်ပြီး အန္တရာယ်ထဲကနေ ဆွဲထုတ်မယ့်သူမျိုးပါနော်။ သူရှိနေကြောင်း အချက်ပြတတ်တာက ခေတ်ဟောင်းသီချင်းတစ်ပုဒ် မကြာခဏ ကြားရခြင်း၊ ငယ်ဘဝနေရာတွေကို အိပ်မက်မက်ခြင်း၊ ရေ၊ မိုး၊ လမင်းနဲ့ ဆိုင်တဲ့အိပ်မက်တွေ ထပ်ခါတလဲလဲ မြင်ရခြင်း၊ ဒါမှမဟုတ် မင်းစိတ်ထဲမှာ လူတစ်ယောက်ရဲ့မျက်နှာ မသိမသာ ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ မင်းမသိတဲ့လူတစ်ယောက်ကို ဖြတ်ခနဲ တွေ့လိုက်ပေမဲ့ ရင်းနှီးနေသလို ခံစားရတာမျိုးတွေ ကိုမြင်နေရတယ်နော်။ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 General reading ဖြစ်လို့ ကိုယ်နဲ့ energy လေးကိုက်ခဲ့မယ်ဆိုရင်တော့ Tiktok chatbox cb အပြင် Telegram acc-gloriaclover နှင့် viber -09774959510 တို့မှာ ကိုယ်ကြိုက်ရာမေးခွန်းလေးတွေ နှင့် reading package လေးတွေကိုလည်း ဈေး သက်သာစွာဖြင့် (ယတြာနှင့်အဆောင်ကဒ်အပါ) booking တင်လို့ ရပါပြီရှင့်။ package အစုံရှိတာမို့ ကိုယ်နှစ်သက်ရာ package ကို ရွေးချယ်လို့ ရပါပြီနော် 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 #fyp #followers #spiritguide #imissyou #tarotforyou
Gloria's Clover Tarot Studio
Region: MM
Monday 27 July 2026 11:39:19 GMT
Music
Download
Comments
Delancy :
မရွေးဘဲတက်လာတယ်။ ဟုတ်လဲဟုတ်ပါတယ် ကိုယ့်မှာ အဲ့လိုအရမ်းဂရုစိုက်တတ်တဲ့အစောင့်အရှောက်ရှိတာတော့ခံစားမိတယ်။ အဆိုးအရွားဆုံးတွေဖြစ်မလာခင် ဖြတ်ချပစ်ပြီး ခနခန ကိုယ့်ကို ကယ်တင်ပေးနေတာ။ ကျေးဇူးတင်ပါတယ် အမြဲလဲ အမျှကုသိုလ်ဝေပေးပါတယ်
2026-07-28 05:05:40
52
mo hom :
မရွေးဘဲသူ့ဟာသူတက်လာတာ ကွယ်လွန်သွားတဲ့အမေများဖြသ်နေမလား ခုရက်ပိုင်းအမြဲအိပ်မက်မက်တယ် သတိလည်းရပါတယ် ဘုရားရှိခိုးတိုင်းလည်းအမျှပေးဝေပါတယ် ကောင်းရာဘုံဘဝကိုအမေအမြန်ဆုံးရောက်ပါစေဆုတောင်းပေးပါတယ် သမီးတို့ကိုစိတ်မချမဖြစ်ပါနဲ့တော့နော်
2026-08-25 12:00:43
3
firexclssu :
ကွယ်လွန်သွားတဲ့အမတစ်ဝမ်းကွဲလားမသိဘူးသူနဲ့အငယ်တုန်းကရေကန်ဘေးထိုင်ဖူးတယ်
2026-08-25 14:43:45
1
VeroniCA VeVe :
သူ့ဟာသူတက်လာတာဖတ်မိတော့သတိရသွားတာ ငယ်ငယ်၁၂အရွယ်လောက်က တပါတ်ကို ၃ကြိမ် ၄ကြိမ်အမြဲအိပ်မက်မက်တဲ့သူကို အိပ်မက်ထဲလဲဆရာသမားကအမြဲသေတယ် အိမ်ကသူတွေမေးစမ်းကြည့်တော့အနားမှာ အစောင့်အရှောက်အနေဲ့ရှိနေတာတဲ့ ကို့ကိုမပြောမဆိုနဲ့နှင်လွှတ်လိုက်ကြတယ် အဲ့ထဲကမမက်တော့တာ ဒါပေမယ့်တခါတလေ စိတ်ညစ်ရင် တယောက်ယောက်ကဖက်ထားပေးသလိုမျိုးတော့ မက်ဖူးတယ် တကယ်ကျလို့
2026-08-18 07:33:03
3
violet💜 :
papa ရယ် သမီးကို အဲ့ လောက် တောင်ချစ်တာလား
2026-08-24 10:55:03
1
NoLay :
မရွေးဘဲတက်လာတယ်တကယ်ပါအရင်ရည်းစားဟောင်းနဲ့ကနိုင်ငံရေးကြောင့်တိကနဲအဆက်အသွယ်ပြတ်သွားရပြီးအခုဆိုရင်သူကဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး
2026-07-28 08:05:07
1
vaee :
ဘွားဘွားထင်တယ် သူဆုံးခါနီးနှုတ်တောင်မဆက်လိုက်ရဘူး လွမ်းတယ်
2026-08-21 16:06:22
2
👑Moh Moh Thu Land👑 :
pileကရွေးခွင့်မရှိဘဲ p3တန်းတက်လာတယ် ဖတ်ရင် မျက်ရည်ကျလာတယ် ဘာမှန်းလဲ မသိဘူး ခုလက်ရှိ အမျိုးသားကလဲ နောင်ဘ၀ထိ ချစ်ချင်သေးတယ် ပြောသေးတာ ခုရော ထပ်ရှိပြန်ပြီလား အစောင့်ရှောက်ရှိတာလဲ သိတယ် သူစောင့်ရှောက်တာ ကြမ်းတာလဲ သိတယ် ဘာလိုဆို တကြိမ်မက ကြုံဖူးလို့ ကိုယ့်စိတ်ထဲ တော်တော် အနှောက်ယှက်ဖြစ်သွားပြီဆိုရင် အဲလူဒုက္ခရောက်ပြီပဲ အဲတာတောင် ကိုယ်က အဲလိုလူတွေကို စိတ်ထဲ မကောင်းတာ မပြောမိအောင် သတိထားရတယ် ။ ဒါတွေက မကြုံတဲ့သူက ယုံဖို့ခက်လိမ့်မယ် အဲတာကြောင့် တော်ရုံ ဘယ်သူမှ မပြောဘူး
2026-08-23 05:18:19
2
Zeusz :
ဟိုလေ ငယ်ကတည်းက တခါတခါ ခံစားရတဲ့ ခံစားချက်တစ်ခုရှိတယ် အဲ့ ခံစားချက်ကို ဘယ်လိုပြောရမလဲ မသိဘူး ဒီတိုင်း နှလုံးသားက နွေးထွေးတဲ့ မေတ္တာတစ်ခုရဲ့ လွှမ်းခြုံခြင်ခံရသလိုမျိုး ဖြစ်ဖြစ်သွားတာ ဒါပေမဲ့ ဘယ်လိုလဲ အတိအကျ မပြောတတ်ဘူးရယ် အဲ့လိုဖြစ်ရင် စိတ်အေးချမ်းသလိုလို ဝမ်းနည်းသလိုလို ခံစားရတာ ငယ်ငယ်ကဆို ခဏခဏဖြစ်တယ် ရေချိုးပြီးသနပမခါးလိမ်းတဲ့အချိန်မျိုးဆို ပိုပြီး ခံစားလို့ရတယ်ထင်တယ် ကြီးလာတော့ ရံဖန်ရံခါ မဖြစ် တော့ပေမဲ့ တခါတခါတော့ အဲ့လိုခံစားရတယ် မဖြစ်တာကြာပေမဲ့ တလော လေးကတော့ ခံစားလိုက်တယ်ရယ် ရှင်းပြရင်းနဲ့လည်း ကိုယ့်ကိုယ်ကို အရူးကြီးလို့ ခံစားလိုက်ရတယ် 😫
2026-08-14 05:56:22
1
Archer :
အရမ်းကြီး မတွဲလိုက်ရပေမယ့် ကိုယ်အရမ်းချစ်ရခဲ့တဲ့သူ ဆုံးသွားတာ ကြာပြီပေမယ့် ခုမနက် အိပ်မက်မက်နေတယ် နိုးလာတော့ ဒီ reading ကိုဖတ်ရတယ်
အတ္တကြီးတယ်ဘဲ ပြောပြော အဲ့လိုသာ ကိုယ့်ကို သတိရလို့ အနားမှာ ရှိနေတယ်ဆိုရင် အရမ်းပျော်မိမှာဘဲ သူဆုံးတာ မသိတော့ သူ့နာမည်ကို စိတ်ထဲကတိုင်တည်ပြီး အမြဲကိုယ်လုပ်
သမျှတွေ ရင်ဖွင့်ခဲ့တာ နှစ်ဆယ်ချီပေါ့ 😭😭😭
2026-08-24 01:00:34
1
Nyflora, mizo 𐙚 ˚ :
အိုးးအမြဲ သတိရပြီး ဆုတောင်းပေးနေပါ့မယ်။ 🍀✨
2026-07-28 09:05:03
4
bby_broccoli :
fyp ပေါ် ရောက်လာပြီး ဖတ်လိုက်တော ့ အကုန်မှန်နေတယ်။ သူငယ်ချင်းဆက်ဆံရေးဆိုလည်း ပြင်းပြင်းထန်ထန်ဖြစ်ပြီး ပျက်တာတွေ။ ခလုတ်တိုက်မိတာက အစမရှိစေအောင် စောင့်ရှောက်ပေးနေတာ။ 😭
2026-08-10 15:26:05
4
🩵NaniHirunKit’s Teerak🩵 :
အိမ်မက်တွေထဲ မမြင်ရတဲ့သူမျက်နှာခဏခဏ မြင်ရတယ် အိမ်မက်ထဲရင်းနှီးသလိုခံစားရတယ်နိုးလာရင် မမှတ်မိတော့ဘူး
2026-08-18 14:47:24
2
Mi phoo :
တကယ် လုံးဝစိတ်ဓာတ်ကျတဲ့ကိတဲ့အချိန်မျိုးဆို အိမ်မက်ထဲမာပေါ်လာပီးနှစ်သိမ့်ပေးတက်တယ်
2026-07-28 00:14:02
1
Tr.S in EnglishEra :
သနားပါတယ်
2026-08-11 10:16:27
1
苏思瑶 :
သူ့ဘာသာ fyp ပေါ်တက်လာတာကျ ကံပါလို့ပေါ့နော်
2026-07-28 00:08:00
1
မကြည်ညွှန်းသောင်းစိန် :3 :
မရွေးပဲအခုမှတက်လာတာပဲကိုယ့်fypပေါ်
2026-08-07 15:34:50
1
🌿♌ :
ဖတ်နေရင်းကြက်သီးတွေထ🥺သွေးထွက်မတတ်မှန် ပါကြောင်း☹️🍀
2026-08-21 14:42:55
2
☘️YukieMura ♓ :
ကောင်းရာသုကတိလားရစေရှင်🍀
2026-08-27 16:46:03
0
PURNIMA 🧸 :
သေချာလွန်း မှန်လွန်းနေတာပဲ အမေရယ်😭
2026-08-25 02:46:31
3
𝙉𝙪𝙖𝙢 𝘿𝙞𝙢 𐙚[ နွမ် ] :
အမြဲကိုယ်စောင့်နတ်ရောဘာရောအမျှဝေဖြစ်ပါတယ် အစောင့်အရှောက်ဆိုပေမဲ့သူ့လဲပျော်စေချင်ပါတယ်
2026-08-22 11:01:51
4
:
claim
2026-08-15 12:20:08
2
Kin Cha na :
မရွေးဘဲနဲ့တက်လာတာပါ လို့ဖတ်ပြီးငိုနေမိ
2026-08-07 16:52:25
1
To see more videos from user @gloria69904, please go to the Tikwm
homepage.