@kyawmyozaw890: 📛 ကားနဲ့ပတ်သတ်ပြီးဆောင်ရန် ၊ရှောင်ရန်များ 📛 ၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး မရမခြင်းတကျိကျိနဲ့မနှိုးပါနဲ့ဘက်ထရီကြောင့်လား ? starter motor ကြောင့်လားဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။အလွယ်နည်းလုပ်ကြတာတော့ဟွန်းတီးကြည့်လို့ အသံကျယ်တယ်ဆိုရင်batteryကောင်းတယ်ပေါ့။(ဟွန်းတော့ကောင်းရမယ်) ၂။ ကားစက်နှိုးပြီးတာနဲ့ချက်ချင်းဂီယာထိုးပြီးတန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)လောက်စောင့်ပြီးမှ ဂီယာထိုးထွက်ပါ။အကြောင်းရင်းကတော့အင်ဂျင်ဝိုင်တွေအင်ဂျင်အထက်ထိတက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်းလီဗာ(accelerator)ကိုတန်းပြီး တရှိန်ထိုးမနင်းပါနဲ့ဂီယာကိုတစ်ဆင့်ခြင်းပြောင်းသွား အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။ ၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ကိုက်ညီတဲ့ octane numberကိုသုံးရပါမယ်။ဒါပေမယ့်မြန်မာပြည်မှာတော့ကားတစ်စီးဝယ်ပြီးရင်ထိုးမရပ်မခြင်းစီးတော့တာပါပဲ။ဒီမှာကကိုက်ညီတဲ့ octane numberသိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေဟုတ်ဟုတ်မဟုတ်ဟုတ်92 နဲ့ 95 ပဲထည့်ရတာပါပဲ။ ၄။အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစားကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော် များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။ ၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက်CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ဒီမှာ လေ့လာကြည့်ပါ ၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကိုဓားနဲ့ အသားကုန်ခြစ်ခြင်းဟာမှားပါတယ်plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံလေးနဲ့ပဲ ဆေးရမှာပါ။ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး ၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေးကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံတတ်ပါတယ်။ဂရုစိုက်ပါ။ ၈။ တာယာလေပေါင်ကို driver door နောက်မှာကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေးဝယ်ထားပါ(ဘတ် 100 )တချို့ဆီဆိုင်တွေက လေပေါင်တော်တော်များပါတယ်။အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာကအသုံးများတော့ဂျီးကပ်ပြီးဖိအားမတက်တာပါ။သတိထားပါ။တာယာတွေကတော့ Theory မှာ၆ နှစ်ခံပါတယ်။အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။ တာယာတွေရဲ့သက်တမ်းဟာဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။ ၉။ ကားကို ခရီးဝေးသွားတော့မယ်ဆိုအောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။ ၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့ လိုမည် မထင်ပါ။ Swift, Vitz, Fit, Ractis, Demio, Colt, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchbackအမျိုးအစားပါ။ Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ ကားတွေက Saloon(Sedan)ကားတွေပါ။ AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။ တံခါး ၅ပေါက်မှာမှ suzuki R+လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။ Wish တို့ Ipsum တို့ က MPV (Multipurpose vehicle)ပါ။ စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။ ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။ 2 rpm မဟုတ်ပါ။ Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။ March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ဟာငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကနေကားတိုင်းရေထွက်ပါတယ်။ Thermostatကိုမထုတ်ကြပါနဲ့။ Catalyst convertorကိုမဖြတ်ထုတ်ပါနဲ့။ Octane 95 ဟာ 92 ထက်ပိုထူပါတယ်။ ကဲ ဘာရှိသေးလဲဗျာ ? ကားနဲ့ပတ်သတ်သူများ ကားကြောင့် စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။ +++ မူရင်းရေးသားသူအားလေးစားစွာဖြင့် creditပေးပါသည်။🙏🙏🙏

Kyaw Myo Zaw
Kyaw Myo Zaw
Open In TikTok:
Region: MM
Monday 27 July 2026 12:49:57 GMT
64990
3621
48
449

Music

Download

Comments

soe97559
Robert :
Very Good
2026-07-30 04:51:30
0
phoethar4210
phoe thar :
ဖန်ကိုတိုက်ရိုက်စက်နှိုးတာနဲ့လည်အောင်လုပ်ထားတာအဆင်ပြေလားဗျာ့ဝါယာရိန်းဆရာလုပ်ပေးလိုက်တာဖန်မလည်လို့
2026-07-30 15:58:52
2
bohtate25
bohtate :
Fog light မဟုတ်ပါ Fog lamp ပါ
2026-07-30 12:51:39
4
myat.lin.htun1
Myat Lin Htun :
ကျေးဇူးတင်ပါတယ်
2026-07-30 06:24:03
1
moeaaung61
Tun :
92 ကထူတယ်ပဲထင်နေတာ
2026-07-30 03:59:55
1
mgmg.laywer
Mgmg laywer :
ကြုံရင်သိသင်သိထိုက်တာတွေထပ်တက်ပါဦး ကျေဇူးကမ္ဘာပါဆရာ
2026-07-30 13:58:40
2
u.ohn.thwin66
U Ohn Thwin :
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ🥰🥰🥰
2026-07-29 08:50:36
1
ma.mway34
Ma Mway :
ကျေးဇူးအထူးတင်ပါတယ်
2026-07-29 12:32:12
1
bagy843
bagy843 :
ကျေးဇူးအများကြီးတင်ပါတယ်
2026-07-30 12:34:03
1
khunkhonwe0
Khun. kyaw. oo :
ကျေးဇူးအများကြီးတင်ပါတယ်
2026-07-30 00:52:51
1
aa91334
aa :
နောက်ခံ အသံတိုးရင် ပိုကောင်းပါမယ်
2026-07-31 05:55:50
0
sandar.aye673
Sandar Aye :
ကျေးဇူးအများကြီးတင်ပါတယ်
2026-07-31 02:38:12
0
u.san.win.htwe3
U San Win Htwe :
2026-07-30 22:29:16
0
kokojapanaacc
japanacc1 :
ကျေးဇူးတင်ပါတယ်
2026-07-29 11:35:22
1
myot555
MyoT555 :
2026-07-30 07:51:12
0
narsh371
ကိုလင်း :
ကျေးဇူးတင်ပါတယ်
2026-07-30 15:38:53
1
ko.myo.gyi292
Ko Myo Gyi :
SUV အကြောင်းကျန်သေးတယ်😏
2026-07-30 13:27:29
0
mya.htun
Mya Htun :
ကျေးဇူးပါ
2026-07-29 14:37:57
1
ye.mon.kyaw30
Ye Mon Kyaw :
th
2026-07-30 02:59:56
0
d.tin.aye.win
D Tin Aye Win :
ဝယ်တာ21ရက်နေ့ကဒီနေ့(မ)ကားထွက်တဲ့းက်ဆီဖြည့်အလုပ်လေးလဲရှိတာမို့အိမ်ကဘ်ုးတော်က အဲ့ကားအမျိုးစားကိုါခုမှစမောင်းဘူးတာ သူကတော့နားလည်တယ် ကားရဲဒိုင်ခွက်မှာတြိဂံအဝါလေးပေါ်နေတာ သားလေးကပါလာတော့Aiမှာမေးတာအင်ဂျင်ဝိုင်ဆီလိုနေတာကြောင့်ဆိုလို့ ကိုယ်သားမိထားခဲ့ပီး သွားထည့်တော့မှအဆင်ပြေသွားတယ် ကွန်ပျူတာနဲ့သွားစစ်တာသူတို့ဆီမှာအဲ့လိုကားမျိုးကမပေါ်ပါဘူးဆို့လို့aiကိုမေးတာပါ တူတော်မောင်ကိုလှမ်းမေးတော့စသ်ချင်ရင်သူကားထုတ်တဲ့ကားအမျိုးစားမျိုးရတဲဆီကိုညွန်ထားလိုထပ်စစ်ပါအုံးမယ် taxi500ခေါတ်ထဲက2019ထိမောင်းလာဘူးတဲ့ဘ်ုးတော်နဲနဲမျက်စိလည်သွားတယ် ကျေးဇူးတင်ပါတယ်ရှင့်🥰🥰🥰🥰
2026-07-31 08:15:03
0
userdttrugcgh3535866
သီရိသုဓမ္မမဏိဇောတဓရအဂ္ဂမဟာသုမန :
2026-07-30 04:48:54
0
moeaaung61
Tun :
သွပ်မှာက ဂဏန်းကြီးလေပါးလေပဲ
2026-07-30 04:00:45
1
yulay5163
aung soe :
😳😁😂😏
2026-07-31 02:43:57
0
sat18321
😎SAT♥️ :
👍👍👍
2026-07-30 02:15:29
1
mg.lwin780
Mg Lwin :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-28 09:20:44
0
To see more videos from user @kyawmyozaw890, please go to the Tikwm homepage.

Other Videos


About