@press.officials: ရန်ကုန်မြို့ရဲ့ ယဉ်ကျေးမှုနှလုံးသား အတိတ်၏အလင်းရောင် ယနေ့၏အမွေအနှစ် | ဝဇီရာကဇာတ်ရုံဖွင့်ပွဲ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံ ကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံ၍ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဝဇီရာကဇာတ်ရုံသည် ရန်ကုန်မြို့၏ ယဉ်ကျေးမှု၊ သဘင်အနုပညာနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပေးမည့် အရေးပါသည့် ယဉ်ကျေးမှုအဆောက်အအုံတစ်ခုအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။ #ဝဇီရာကဇာတ်ရုံ #Yangon #ရန်ကုန် #Myanmar #MyanmarCulture #culturalheritage30 #Heritage #Theatre #PerformingArts #MinAungHlaing #MyanmarTikTok #FYP #ForYou #TrendingMyanmar #မြန်မာTikTok

PPIB Official
PPIB Official
Open In TikTok:
Region: MM
Monday 27 July 2026 13:49:43 GMT
5305
365
6
21

Music

Download

Comments

mr...htet
☘️🌨️H.A.M.T❄️🍀♊ :
🥰🥰
2026-07-27 15:22:09
0
goldenlionlegacy
golden lion legacy :
အောင်မြင်ပါစေ ဝဇီရာ
2026-07-27 14:02:05
1
kaungzan50
Kyaw kaung :
🥰🥰🥰
2026-07-27 14:46:57
0
u.san.win7421
KSW :
🥰🥰🥰
2026-07-27 14:14:51
0
goldenlionlegacy
golden lion legacy :
🥰🥰🥰
2026-07-27 14:01:09
0
kokyawgy007
Win Kyaw :
🇲🇲💯🇲🇲💯🇲🇲💯🇲🇲💯🇲🇲💯
2026-07-27 14:52:49
0
To see more videos from user @press.officials, please go to the Tikwm homepage.

Other Videos


About