@conang.thu.gian: Nhân lúc chân vẫn còn đi được thì cứ đi thôi. Leo sau hôm mưa thì cảnh sẽ mướt z nè 🤌 #Hiking #trekking #fyp #nuibaden #leonuibadentayninh

Cô nàng thư giãn
Cô nàng thư giãn
Open In TikTok:
Region: VN
Monday 27 July 2026 14:45:23 GMT
4265
163
0
19

Music

Download

Comments

There are no more comments for this video.
To see more videos from user @conang.thu.gian, please go to the Tikwm homepage.

Other Videos

(ဤအကြောင်းအရာသည် Educational Content တစ်ခုအနေဖြင့် လေ့လာမှတ်သားမိသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ အယူအဆဆိုင်ရာ လက်ခံခြင်း၊ မလက်ခံခြင်းထက် လိုအပ်သည်များကို ချစ်ခင်စွာဖြင့် ထောက်ပြဆွေးနွေးပေးနိုင်ပါကြောင်း နှင့်ထိုင်းနိုင်ငံအတွင်း၌ အများစု မြင်တွေ့ရလေ့ရှိသောကြောင့် ဗဟုသုတအဖြစ် လေ့လာဖတ်ရှုနိုင်ရန် မျှဝေပေးလိုက်ရပါသည်။) ဝသုန္ဓရေ (မဟာပထဝီ မြေစောင့်နတ်သမီး) ဆိုတာ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နှစ်ခုစလုံးမှာ မြေကမ္ဘာ၏ သက်သေအဖြစ်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ ပါရမီတော်များကို စောင့်ရှောက်သူအဖြစ်လည်းကောင်း အထူးပင် လေးစားပူဇော်ခံရတဲ့နတ်သမီးတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဝင်လာ သမိုင်းကြောင်းများအရ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ဗုဒ္ဓဂယာ၌ အပရာဇိတပလ္လင်ထက်တွင် ထိုင်တော်မူစဉ် မာရ်နတ်မင်းကြီးသည် စစ်သည်ရဲမက် မြောက်မြားစွာဖြင့် လာရောက်၍ ပလ္လင်ကို လုယူရန် ကြိုးစားခဲ့ရာ မာရ်နတ်က
(ဤအကြောင်းအရာသည် Educational Content တစ်ခုအနေဖြင့် လေ့လာမှတ်သားမိသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ အယူအဆဆိုင်ရာ လက်ခံခြင်း၊ မလက်ခံခြင်းထက် လိုအပ်သည်များကို ချစ်ခင်စွာဖြင့် ထောက်ပြဆွေးနွေးပေးနိုင်ပါကြောင်း နှင့်ထိုင်းနိုင်ငံအတွင်း၌ အများစု မြင်တွေ့ရလေ့ရှိသောကြောင့် ဗဟုသုတအဖြစ် လေ့လာဖတ်ရှုနိုင်ရန် မျှဝေပေးလိုက်ရပါသည်။) ဝသုန္ဓရေ (မဟာပထဝီ မြေစောင့်နတ်သမီး) ဆိုတာ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နှစ်ခုစလုံးမှာ မြေကမ္ဘာ၏ သက်သေအဖြစ်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ ပါရမီတော်များကို စောင့်ရှောက်သူအဖြစ်လည်းကောင်း အထူးပင် လေးစားပူဇော်ခံရတဲ့နတ်သမီးတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဝင်လာ သမိုင်းကြောင်းများအရ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ဗုဒ္ဓဂယာ၌ အပရာဇိတပလ္လင်ထက်တွင် ထိုင်တော်မူစဉ် မာရ်နတ်မင်းကြီးသည် စစ်သည်ရဲမက် မြောက်မြားစွာဖြင့် လာရောက်၍ ပလ္လင်ကို လုယူရန် ကြိုးစားခဲ့ရာ မာရ်နတ်က "ဤပလ္လင်သည် ငါ၏ ပါရမီကြောင့် ရရှိသောအရာဖြစ်သည်" ဟု ကြွေးကြော်ကာ သူ၏ စစ်သည်များကို သက်သေအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သို့သော် ဘုရားလောင်းက မိမိ ဖြည့်ဆည်းခဲ့သော ပါရမီတော်များသည် နတ်စစ်သည်များ သက်သေမဟုတ်ဘဲ "ဤမဟာပထဝီမြေကြီးသာလျှင် အသိဆုံးဖြစ်သည်" ဟု လက်ချောင်းများဖြင့် မြေကြီးကို တို့ထိကာ (ဘူမိဖဿမုဒြာ) သက်သေပြုခဲ့ပါတယ်။ ထိုအချိန် ဝသုန္ဓရေ မြေစောင့်နတ်သမီး ထွက်ပေါ်လာပြီး ဘုရားလောင်း ဘဝဆက်တိုင်း ပြုခဲ့သော စွန့်လွှတ်အနစ်နာခံကာဖြည့်ကျင့်ခဲ့သောအလှူများ၊ ရေစက်သွန်းချခဲ့သော ကောင်းမှုအမျှများကို သက်သေပြသည့်အနေဖြင့် မိမိ၏ ဆံထုံးကို ညှစ်ထုတ်လိုက်ပါတယ်။ ထိုအခါ ဘုရားလောင်း သွန်းခဲ့သည့် ရေစက်အမျှများမှာ ပမာဏ မရေတွက်နိုင်အောင် များပြားသဖြင့် ရေလှိုင်းကြီးများ၊ သမုဒ္ဒရာ ရေတံခွန်ကြီးအဖြစ် ပြောင်းလဲကာ မာရ်နတ်နှင့် စစ်သည်များကို မျောပါပျက်စီးစေခဲ့တဲ့အတွက် ရုပ်တုဆိုင်ရာ အနုပညာနှင့် သင်္ကေတများမှာပါ ဆံထုံးကို လက်နှစ်ဖက် (သို့မဟုတ် လက်တစ်ဖက်) ဖြင့် ကိုင်ကာ အောက်သို့ ညှစ်နေသည့် ပုံစံမှာ မိမိပြုလုပ်ထားသော ကောင်းမှုကုသိုလ် ရေစက်များကို သက်သေအဖြစ် ပြန်လည် ထုတ်ဖော်ပြသခြင်းကို အဓိပ္ပာယ်ရပါတယ်။ ဒါ့အပြင် မြေကြီးသည် သက်ရှိအားလုံးကို မွေးဖွားပေးသော မိခင်သဖွယ် ဖြစ်တဲ့အတွက် အရှေ့တောင်အာရှ ယဉ်ကျေးမှုများမှာပါ မြေစောင့်နတ်ကို "မိခင်" အဖြစ် တင့်တယ်လှပသော မင်းသမီးပုံစံ သရုပ်ဖော်ကြလေ့ရှိကြပါတယ်။ ဝသုန္ဓရေ နတ်သမီးသည် မာရ်နတ်၏ ပရိယာရ် မြတ်စွာဘုရား၏ပါရမီတော်ကိုတိုင်တည်၍ အောင်မြင်ခဲ့သည့် အထိမ်းအမှတ် ဖြစ်တဲ့အတွက် အလုပ်ခွင်၊ လူမှုရေး သို့မဟုတ် စီးပွားရေးတွင် ကြုံတွေ့ရသော မကောင်းသော အတိုက်အခိုက်များ၊ ရန်သူများနှင့် အတားအဆီးများကို ကျော်လွှားနိုင်ရန် ကိုးကွယ်ကြပါတယ်။ မြေကြီးရဲ့အဓိက အစောင့်အရှောက် ဖြစ်တဲ့အတွက်ကြောင့်မလို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူများ၊ တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်သူများနဲ့ စိုက်ပျိုးရေး လုပ်ကိုင်သူများက အထူးပင် ကိုးကွယ်ကြပြီး၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွက်တွင် ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း "ဝသုန္ဓရေ မြေစောင့်နတ် ကြားသိပါစေ" ဟု ရေစက်သွန်းချ ဆုတောင်းသည့် အလေ့အထပြုလုပ်လေ့ရှိပါတယ်။ နောက်ထပ်လည်း ဘာသာတရားဆိုင်ရာ ဗဟုသုတအကြောင်းအရာများ၊ စိတ်ဝင်စားဖွယ် Knowledge များနဲ့ တားရော့ဟောပြောချက် (Tarot Readings) များကို အစဉ်အမြဲ လေ့လာဖတ်ရှုချင်တယ်ဆိုရင်တော့ Page လေးကို Follow လုပ်ထားပေးကြပါဦးနော်။ နောက်ထပ် ဘာအကြောင်းအရာလေးတွေ သိချင်သေးလဲဆိုတာကိုလည်း Comment မှာ ရေးသားမျှဝေခဲ့လို့ ရပါတယ်ဗျာ။ ✨🔮 #spritual #Thailand #phramaethorani #buddhism #religion

About