@camelul_clips: Try This Chat Controlled WaterGun Twitch Extension Next Stream😂 #Twitch #TwitchStreamer #TwitchClips #TwitchTok #TwitchMoments

CamelulClips
CamelulClips
Open In TikTok:
Region: US
Monday 27 July 2026 16:07:44 GMT
166
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @camelul_clips, please go to the Tikwm homepage.

Other Videos

မြင့်မြတ်လှတဲ့ တော်ဝင်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်ပေမယ့် ကျောင်းသင်ခန်းစာထဲမှာတော့ သာမန်ကျောင်းသူလေးတွေလိုပဲ အတူတူဆော့ကစား၊ အတူတူမုန့်စားပြီး သူငယ်ချင်းတွေအပေါ် အင်မတန်နွေးထွေးတဲ့ စိတ်ထားရှိခဲ့ပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံရဲ့
မြင့်မြတ်လှတဲ့ တော်ဝင်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်ပေမယ့် ကျောင်းသင်ခန်းစာထဲမှာတော့ သာမန်ကျောင်းသူလေးတွေလိုပဲ အတူတူဆော့ကစား၊ အတူတူမုန့်စားပြီး သူငယ်ချင်းတွေအပေါ် အင်မတန်နွေးထွေးတဲ့ စိတ်ထားရှိခဲ့ပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံရဲ့ "ဖရပေ့ချ်ရကစ်တိယာဖာ" (Princess Bajrakitiyabha) မင်းသမီးကြီးနဲ့ သူမရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူတို့ကြားက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ရင်သပ်ရှုမောဖွယ် သံယောဇဉ်အကြောင်းပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ မင်းသမီးကြီးရဲ့ သူငယ်ချင်းဖြစ်သူ Tae Nuttakarn က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူတို့နှစ်ဦးရဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေကို "Chapter 1" ဆိုပြီး လှိုက်လှိုက်လှဲလှဲ ပြန်လည်မျှဝေလာခဲ့ပါတယ်။ စာရေးသူ ခွန်တေး (Tae) ဟာ မမျှော်လင့်ဘဲ ရာ့ချ်ချီနီ (Rajini School) ကျောင်းကို တက်ရောက်ခွင့်ရခဲ့ရာကနေ မင်းသမီးကြီး နဲ့ အတန်းတူ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲကလို မဟုတ်ဘဲ အပြင်လောကမှာတော့ သူတို့ရဲ့ ကျောင်းသူဘဝဟာ အင်မတန်ရိုးရှင်းခဲ့ပါတယ်။ မင်းသမီးကြီးဟာ တော်ဝင်အဆောင်အယောင်တွေ မပြဘဲ အခြားကျောင်းသူလေးတွေလိုပဲ ကျောင်းကွင်းထဲမှာ အတူတူပြေးလွှားဆော့ကစားတယ်၊ ကျောင်းမုန့်ဈေးတန်းမှာ မုန့်အတူဝယ်စားတယ်၊ ညနေဆိုရင် အတူတူ လမ်းလျှောက်ပြန်ကြပါတယ်။ နေ့ခင်းဘက် နေပူထဲမှာ တန်းစီရတဲ့အခါမှာလည်း မင်းသမီးကြီးဟာ မည်သည့်အခွင့်ထူးမှမယူဘဲ သူငယ်ချင်းတွေနဲ့အတူ နေပူခံပြီး တန်းစီခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အလယ်တန်း (Grade 9) ရောက်တဲ့အခါမှာ ပိုမိုရင်းနှီးလာခဲ့ကြပြီး အပြင်ထွက်လည်ပတ်တာတွေ၊ တော်ဝင်နန်းဆောင်တွေဆီ အတူတူလိုက်ပါသွားတာတွေအထိ ရင်းနှီးမှုရရှိခဲ့ပါတယ်။ ကလေးသဘာဝ စိတ်ကောက်ကြတဲ့အခါမျိုးမှာ ဆိုရင်လည်း အတန်းပိုင်ဆရာမကြီးကတောင် ကြားထဲက ဖျန်ဖြေပေးခဲ့ရဖူးတယ်လို့ ခွန်တေးက အမှတ်တရအဖြစ် ရေးသားထားပါတယ်။ သူမရဲ့ဘဝမှာ မင်းသမီးကြီးရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ထားကို အနက်ရှိုင်းဆုံး ခံစားခဲ့ရတဲ့ ဖြစ်ရပ်နှစ်ခုရှိခဲ့ပါတယ်။ ၁။ ယူဝါဂါချာ့ဒ် (လူငယ်ကြက်ခြေနီ) စခန်းချခရီးစဉ်အတွင်း ခွန်တေးတစ်ယောက် ခြေကျင်းဝတ်လွဲပြီး ဒဏ်ရာရရှိခဲ့စဉ်က မင်းသမီးကြီးကိုယ်တိုင် ဆေးပေးခန်းအထိ လာရောက်လူမမာမေးခဲ့ပါတယ်။ ၂။ နောက်တစ်ကြိမ်တွင် အဝတ်အစားဖက်ရှင် လျှောက်လှမ်းဖို့ လေ့ကျင့်နေစဉ် ခွန်တေးဟာ အူအတက်ပေါက်လုနီးပါး ဗိုက်အသည်းအသန်အောင့်ပြီး ဆေးရုံတင်ကာ ခွဲစိ၊တ်ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီလို ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ အချိန်အတွင်းမှာပဲ မင်းသမီးကြီးဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ဆေးရုံကို အလည်အပတ် လျှို့ဝှက်ရောက်ရှိလာခဲ့ပါတယ်။ ခွဲစိတ်ဒဏ်ရာကြောင့် အမာရွတ်ကျန်ခဲ့မှာကို စိုးရိမ်နေတဲ့ သူငယ်ချင်းဖြစ်သူကို မင်းသမီးကြီးက အနီးကပ်နှစ်သိမ့်ပေးခဲ့ပြီး အားပေးစကားများစွာ ပြောကြားခဲ့ပါတယ်။ ဒီလို မြင့်မြတ်လှတဲ့ နွေးထွေးမှုနဲ့ ကရုဏာတရားတွေကို ခွန်တေးတစ်ယောက် ယနေ့တိုင် ရင်ထဲကနေ မမေ့နိုင်ဘဲ အမြဲတမ်း သတိရအောက်မေ့နေမိတယ်လို့ ဆိုပါတယ်။ မြင့်မြတ်လှတဲ့ တော်ဝင်အသိုင်းအဝိုင်းက ဖြစ်ပေမယ့် သူငယ်ချင်းဖြစ်သူအပေါ် သာမန်လူတစ်ယောက်လို စစ်မှန်တဲ့ သံယောဇဉ်၊ နွေးထွေးတဲ့ မေတ္တာတရားတွေ ပေးအပ်ခဲ့တဲ့ မင်းသမီးကြီးရဲ့ စိတ်ထားက တကယ်ကို လေးစားအတုယူစရာပါပဲ။ ငယ်သူငယ်ချင်းတွေကြားက သံယောဇဉ်ဆိုတာ ဘယ်လောက်ပဲ အချိန်တွေပြောင်းသွားပါစေ၊ အဆင့်အတန်းတွေ ကွာခြားပါစေ ဘယ်တော့မှ ပြောင်းလဲမသွားဘူးဆိုတာ ဒီဖြစ်ရပ်လေးက သက်သေပြနေပါတယ်။ ပရိသတ်ကြီးရော... ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ အခုထက်ထိ မမေ့နိုင်တဲ့ ဆေးရုံအထိ လာမေးကြတဲ့ အမှတ်တရမျိုး ဒါမှမဟုတ် စိတ်ကောက်ခဲ့ကြတဲ့ အမှတ်တရလေးတွေ ရှိခဲ့ဖူးပါသလား? ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်။ 👇 #AmazingMedia #PrincessBajrakitiyabha #RoyalFriendship #SchoolMemories #RajiniSchool 🇹🇭

About