@way.gyi.1500: ---------–-------------------------------- ဒုက္ခတွေ အရောင်တောက်အောင် ဆိုးထားတဲ့ ပြဿဒါး နှုတ်ခမ်းတွေပေါ်မှာ ရေဆူအမှတ်ကို ကျော်သွားတဲ့ မျက်ရည်ပူတွေ စီးကျနေလေရဲ့။ ပေတစ်ရာ လမ်းမထက်မှာ အနာတွေဟာ ပေတစ်ရာ ကျော်ခဲ့တယ်။ လောကဓံ ရှစ်ပါးကို ကျစ်ဆံမြီးကျစ်ထားပြီး ေပါင်းမတင်နိုင်တဲ့ ဆံသားတွေ ဖွာစုတ်နေရှာပေါ့။ အလေးချိန်တိုးလာတဲ့ တစ်ကိုယ်ကောင်းစိတ်တွေကြောင့် တစ်ဖက်ကိုစောင်းသွားတဲ့ ကမ္ဘာကြီးထဲမှာ အခြေခံလူတန်းစားတွေ ဒူးထောက်လျက်သား။ မတရားမှုတွေနဲ့ လှောင်ပိတ်ရာအရပ်မှာ ဝင်လေ ထွက်လေ ရှုမှတ်ဖို့တောင် အသက်ရှူ ကြပ်နေတဲ့လူတွေ။ ဗုဒ္ဓကိုလည်း အားတော့နာရဲ့ ဘုရားလောင်းတွေ ပေါတဲ့ဒီဒေသမှာ ဘုရားတပည့်တော် အဝီစိကို ခုန်ဆင်းခဲ့တယ်။ လူကြီးမင်း ခင်ဗျား လူပီသဖို့ လူစကားတတ်စရာမလိုသလို ခွေးပီသဖို့လည်း ဟောင်တတ်စရာမလို လူကြီးမင်းရဲ့ လုပ်ရပ်တိုင်းမှာ သူတစ်ပါး မျက်ရည်စက်မပါခဲ့လျှင် လူကြီးမင်း လူပီသပါလိမ့်မယ်။ ကျွေးတဲ့လက် ပြန်ကိုက်ဖူးလျှင် လူကြီးမင်းဟာ ခွေးထက်ပိုပြီး ခွေးပီသပါလိမ့်မယ်။ -WAY GYI(နှလုံးသားဖြင့် ရင်း၍) #WAYGYI #creatorsearchinsights #poetry #fyp #positivevibes
WAY GYI (နှလုံးသားဖြင့် ရင်း၍)
Region: MM
Tuesday 28 July 2026 12:22:53 GMT
Music
Download
Comments
မီးအိမ်ရှင် :
ခများကြီး ဦးဏှောက်ကို ရွှေချထားရတော့မယ်
ခများလိုလူတွေ ဒီနိုငိငံမှာ အများကြီးလိုတယ်လို့ တွေးမိလာတယ်
ခက်တာကလေ တစ်ချို့လူတွေက တိရိစ္ဆာန်ထက် ကြောက်စရာကောင်းနေတယ်
2026-07-28 12:31:47
5
Aye Lay :
စာရေးသူအကိုရယ် ကျမတို့အညာသူ/သားတေပြောမနိုင်ဘူး..ခုထိ ကျမတို့အညာကလူတေက စာမတက်လို့ ခုလြိတေခံနေရတာ...ကိုယ်လုပ်လို့ကိုယ်ခံရတာတဲ့...ဘာလို့များတကိုယ်ကောင်းဆန်နေကြတာလဲတွေးမတက်တော့ဘူး...အခွင့်ရေးများရခဲ့ရင်..အညာကလူတေပါမှာမဟုတ်ပါဘူး....ရင်ထဲခံစားရလွန်းလို့ပါ🥺🥺🥺🥺🥺
2026-08-09 14:13:38
2
NYI LATT :
ငါ့ညီရေးတဲ့ကဗျာတိုင်းဟာ.တန်ဖိုးရှိတယ်ဆိုတာထက်ပိုပါတယ်.ဖက်ရှု့ခွင့်ရတဲ့အတွတ်ကျေးဇူးပါငါ့ညီ
2026-07-29 02:39:42
2
Zaw Win Maung :
🥰🥰🥰🥰🥰🥰မဂ်လာပါညီလေး ရေ ရေးတက်လိုက်တာ ခံစားရပြန်ပြီ အစစအရာရာအဆင်ပြေပါစေကျန်းမာပျော်ရွင်ပြီးဘေးရန်အပေါင်းမှကင်းဝေးပါစေသတိရတယ်ဂရုစိုက်နော် 💔💔💔💔
2026-07-28 12:26:24
1
Thant Zaw :
တော်တော်လေး အနှစ်ပါတယ်ညီကို🥰
2026-07-29 04:36:26
1
🌷🌷🌷 :
မှန်လိုက်တာဗျာ ရင်ထဲရောက်လွန်းပါတယ်
2026-07-28 15:29:04
1
#ဘဒင် :
ပြန်တင်ပါရစေ😊
2026-08-08 05:54:41
0
khin Lay :
အမှန်တရားတွေပဲ👍👍👍👍
2026-08-10 03:28:16
0
7/Thar Gyi :
စာသားလေးချပေးပါလားဗျာ🥰🥰
2026-08-01 17:21:26
0
☠နောင်ရိုး*(ဧရာမြေ) :
ကောင်းလိုက်တဲ့စကားလုံးတေဗျာ
လှပ သေ သပ်လွန်းပါတယ် ဗျာ
အရမ်းကိုမှလေးစားမိပါတယ်🙏
2026-08-21 13:36:56
0
🇲🇲ရဲထွဋ်သား🇲🇲 ❤United/Fan❤ :
မင်္ဂလာပါဗျာ 🧡🧡🧡🧡
2026-07-28 12:27:44
0
ANRAR :
ကဗျာစာသားလေးပေးပါလား🥺
2026-07-30 13:00:06
0
🇰 🇴 🇬 🇾 🇮 :
ကျွန်တော် ခင်ဗျား Posts တွေ
တွေ့မြင်ပြီးကတည်းက ခင်ဗျားရေးတဲ့အမှန်တရားတွေထဲက မိုက်မဲစွာရုန်ထွက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး ။
2026-08-08 10:21:50
0
SKH :
လူသာပီဖို့က နုတ်ကစကားလုံးမဟုတ်ပါဗျာ လက်တွေကျတဲ့ဘဝကိုလုပ်ဆောင်ရမှာမဟုဘူးလာဗျာ
2026-08-02 17:33:30
0
user385247101181 :
နှလုံးသားကခိုင်းတာကို ဦးနှောက်ကလိုက်လုပ်ပေးရင်လူတိုင်းအပြုံးပန်းလေးတွေဝေဆာနေမှာဘဲ
2026-08-08 18:35:13
0
☺ W@i Lin Tun ☺ :
ကျွန်တော်တို့အညာလေးကညာခံနေရတာပါဗျာ
2026-08-14 17:08:54
0
ရသစုံ/စာတိုငညို :
စာသားကော်ပီပေးပါလားညီလေး🥰
2026-08-05 03:24:01
0
user385247101181 :
ကောင်းလိုက်တဲ့စာသားတွေ တွေးတတ်လိုက်တာ နှလုံးသားနဲ့ဦးနှောက်ကလူတိုင်းထပ်တူကျရင်ကောင်းမှာဘဲ
2026-08-08 18:33:32
0
⚽❣️🅺&🅼❣️🐼 :
ရေးထားတယ် စာတွေကြိုက်လွန်းလို့ ပြောစရားစကားလုံးတွေပျောက်တယ် ထိပါပဲ❤️👍
2026-07-29 02:42:09
1
ဖိုးကားလေး :
broရဲ့စာအရေးသားတွေကိုကြိုက်တယ်ဗျာ 🥰
2026-07-29 06:58:24
0
Than htike soe /ko tar :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰ကောင်းတယ်
2026-07-30 12:21:12
0
Rose :
စာသားလေးလိုချင်လိုက်တာ🥰🥰🥰
2026-08-09 08:44:29
0
🤍🤍မေလဖွား စနေသား🤍🤍 :
စာသားလေးတွေပြန်ယူပါရစေ ညီလေးရေ
2026-07-30 11:34:54
0
🇲🇲NaingLin.9/တောင်သာနယ်🇹🇭 :
Right 👍👍👍💯💯💯
2026-07-29 17:36:05
0
YWAT WAH🍁 :
ဘုရားအလောင်းတွေပေါတဲ့ဒီဒေသမှာ
ဘုရားတပည့်တော်အဝီစိကိုခုန်ဆင်းခဲ့တယ်😥
2026-07-28 13:27:19
1
To see more videos from user @way.gyi.1500, please go to the Tikwm
homepage.