@sandilinnaing29: -သက်သတ်လွတ်လည်း စားစရာမလိုပါဘူး - အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး - နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ် .................................................................... 🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏 ၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား... ၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား... ၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား... ၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား... ၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား... ၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား... ၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား... ၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား... ၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား... ဤသို့လျှင် အရဟံ စာသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏 #fyppppppppppppppppppppppp #ဝါတွင်းသုံးလ #viral #crd
Sandi Lin Naing🎸
Region: MM
Tuesday 28 July 2026 15:26:57 GMT
Music
Download
Comments
🦢 :
၉ပတ်စိပ်ရတာလားဟင် ဘယ်လိုစိပရတာလဲဟင်
2026-07-29 06:16:57
1
P :
ကိုးန၀င်းဆိုတော့ အစားအသောက်ရော ရှောင်စရာလိုသေးလားရှင့်
2026-07-29 05:52:37
1
Naravitမိန်းမJungkookမယား👻♑ :
နတ်ပင့်တာ ခွင့်တောင်းတာ ဖယ်ရှားတာတေရောလုပ်ရသေးလား ပဌန်းအဓိဌန်ဝင်မှရွတ်ဖတ်ရတာလား ဘယ်ဟာကိုပဲအဓိဌန်ဝင်ဝင် ရွတ်ဖတ်ရတာလား ရှင့်
2026-07-29 05:28:52
1
💞Hanry♓ :
ပုတီးအသေးနဲ့ဆိုဘယ်နှပတ်ဆိတ်ရမလဲ29လုံးပါတယ်ကိုကြီး
2026-07-29 03:41:28
2
❔ :
ဘယ်အချိန်တွေ စိပ်သင့်လဲ ဆရာ
2026-07-29 03:50:06
1
လိူင် ❤ :
ကျမလည်းဒီနေစဝင်မှာ
2026-07-29 04:17:22
1
Hazel :
စိတ်မရှိပါနဲ့ ဝင်နေချိန် ဘီယာသောက်လို့ရပါလားရှင့် ပွဲရှိတဲ့ခါ
2026-07-29 01:47:26
1
🐼 :
ခုပဲ ၁ရက်သာ ၉ပါးစလုံးကိုစိပ်ပြီးပါပီ 🥰
2026-07-28 23:56:07
1
Bela Řâîñ♏️🍓 :
တာလီနဲ့ရောစိပ်လို့ရပါသလားဆရာ
2026-07-28 23:30:53
1
maythutun102 :
ငယ်ငယ်လေးနဲ့ လုပ်နိုင်လိုက်တာ ဆရာ🙏🏻
2026-07-28 15:44:31
1
HLAINE🌊🕊️ :
🥰🥰🥰
2026-07-29 05:21:22
2
Seng Oo(ဆိုင်ဦး) :
🙏🙏🙏
2026-07-29 04:07:27
1
Lay Lay Myint :
😍😍😍😍😍😍
2026-07-28 15:30:50
2
To see more videos from user @sandilinnaing29, please go to the Tikwm
homepage.