@nunuaung2024: ပင်ပန်းနေရင် တရေးလောက် အိပ်လိုက်ပါ ချစ်သူ။ ကိုယ်တို့မှာ မနက်ဖြန်ဆိုတာ ရှိသေးတယ်...။ စကားမပြောချင်တဲ့အခါ ငြိမ်ငြိမ်လေး နေလို့ရပါတယ်။ စာတွေ ချက်ချင်းမပြန်လည်း ရပါတယ်၊ အားတဲ့အခါမှပဲ ပြန်ပါ။ အလုပ်ပင်ပန်းတဲ့နေ့မှာ အများကြီး ရှင်းပြစရာမလိုဘဲ စိတ်အေးလက်အေး အနားယူလို့ ရပါတယ်။ ကိုယ့်ရှေ့မှာ မင်းဟာ အများကြီး ရင့်ကျက်သန်မာနေစရာ မလိုပါဘူး။ စကားပြောမှားမှာကိုလည်း မကြောက်နဲ့၊ ကိုယ့်ရှေ့မှာ မင်းဟာ ကလေးဆန်ချင် ဆန်လို့ရတယ်။ မင်းရဲ့ အားနည်းတဲ့တစ်ဖက်ခြမ်းကိုလည်း ရဲရဲကြီး ပြပေးလို့ရပါတယ်။ ကိုယ်ဟာ မင်းကို ဘယ်တော့မှ ငြိုငြင်ခြင်းမရှိဘဲ မေတ္တာတွေနဲ့ပဲ ထွေးပွေ့ထားမှာပါ။ ပျော်စရာတွေ ဝေမျှလို့ရသလို၊ ဝမ်းနည်းစရာတွေကိုလည်း ရင်ဖွင့်ပြောပြလို့ ရတယ်။ အချစ်ဆိုတာ အလောတကြီး သွားရမယ့်အရာ မဟုတ်ပါဘူး။ အချိန်ယူရင်းနဲ့ပဲ ပိုပြီး နီးစပ်လာဖို့ပါ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်အောင် လေ့လာရင်း ချစ်ကြရတာပါ။ တစ်ယောက်က အမှောင်ထဲ ရောက်နေချိန်မှာ ကျန်တစ်ယောက်က အလင်းရောင် ပေးနိုင်ဖို့ပါ။ တခြားသူတွေရှေ့မှာ မင်းဟာ သာမန်လူတစ်ယောက် ဖြစ်ရင်ဖြစ်နေမယ်၊ ဒါပေမဲ့ ကိုယ့်ရှေ့မှာတော့ မင်းဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ လူသားပါ။ မင်းနဲ့ ဆုံတွေ့ရတာကိုလည်း အမြဲတမ်း မြတ်နိုးပြီး ဂုဏ်ယူနေမိတယ်။စိတ်ချနော် ချစ်သူ.... အချစ်ကြောင့် မင်းကို ထပ်ပြီး မနာကျင်စေရဘူး။ #နူးနူးအောင် #အချစ် #စာတို #fypage #myanmartiktok
Yours Nu
Region: MM
Wednesday 29 July 2026 12:11:21 GMT
Music
Download
Comments
🌹🤍Grace :
ဒါပေမဲ့လေ သူ့ရှေ့ဖြေချကြည့်လိုက် တစ်ချိန်ချိန်မှာ ထားခဲ့မှာ👍
2026-07-31 01:45:30
2
Yours Nu :
တစ်ယောက်ပြီးတစ်ယောက် ချစ်သူတွေ mention နေလိုက်တာ အားကျလိုက်တာနော်😁❤️
2026-07-30 08:12:54
6
🍒Yuna🌸 :
အဲ့နွေးထွေးပေးမယ့်လူရှိရင်ကောင်းမှာပဲ
2026-07-30 15:26:27
1
Hnin ❄ :
နွေးထွေးချိုသာလိုက်တာ😍
2026-07-30 12:19:26
1
𝐕𝐞𝐧𝐮𝐬 🐼 :
ပြန်တင်ချင်လို့ ခွင့်ပြုပါဗျ🥰🥰
2026-07-31 01:32:44
1
U Thet(Pisces ♓) :
copyယူခွင့်ပြုပါ
2026-07-30 11:21:53
1
jussmi1🍓 :
ကျွန်မလေ ဘယ်လောက်ဘဲ စိတ်ညစ်ညစ် သူရှေ့ရောက်ရင်ကို အေးချမ်းသလိုခံစားရတယ်❣️🥹
2026-07-30 16:06:29
1
Strong Htet Naing :
အဲ့လိုကောင်မလေးရှိရင်ကောင်းမှာပဲ
2026-07-30 14:29:16
1
💫Hnin💫 :
စာသားcrdယူပါရစေ
2026-07-31 00:20:43
2
『𝑽𝑬𝑿』 :
အကုန်လုံးကြိုက်တယ် သီချင်းကော စယကော ပုံကော ပြန်တင်မယ်နော်😖
2026-07-30 12:38:19
1
kaunghtetaung_iii :
ချစ်သူတိုင်း
နွေးထွေးသော ရင်ခွင်ကျယ်ကြီးကို ပိုင်ဆိုင်နိုင်ကျပါစေ 🍀
2026-07-30 16:14:51
5
Kaze✨ :
အဲလိုနွေးထွေးပေးလို့ကျေးဇူးပါ
2026-07-30 11:59:35
1
🫶H🫶 :
အတိတ်ကနာကြင်စရာကောင်းခဲ့သလောက်အခုအချိန်မှာစာထဲကအတိုင်းအရမ်းချစ်ပီးအရမ်းနားလည်ဂရုစိုက်ပေးတဲ့ကိုကိုရှိနေတယ်💕
2026-07-30 14:07:16
1
Phyo Thinzar Khin :
စိတ်ချပါ ကိုယ့်အချစ်နဲ့ ပျော်အောင်ထားပါ့မယ်
အဲ့စာသားလေး သဘောကျတယ်နူးရေ💜
2026-07-29 15:35:50
3
𝐇 :
စာသားလေး ချပေးလို့ရမလားဗျ့🥺
2026-07-30 15:40:38
2
Yours Nu :
စိတ်ချပါ ကိုယ့်အချစ်နဲ့ ပျော်အောင် ထားမယ်နော်💖
2026-07-29 12:20:02
15
Ko Shwe ko :
🥰💓
2026-07-29 14:56:28
1
Thar Gyi :
ကျနော်သူမအပေါ် တော်တော်လေးလွန်ခဲ့တယ်😔
2026-07-30 07:04:11
1
🐣Phyo Wai🐣 :
2026-07-29 12:18:16
1
✧🕷️ 𝓐𝓱 𝓣𝓱𝓪𝓮 🖤🕷️ :
ဒီလူရှေ့မှာစိတ်ချလက်ချ ပြိုလဲခွင့်ရှိတယ်ပျော်ခွင့်ရှိတယ် ချစ်သူလေးရေ 😘
2026-07-30 01:44:40
1
𝓨𝓞𝓛𝓞 :
အဲလိုအမျိုးသားလေးဘယ်မှာရှာရတာလဲဟင်🥺
2026-07-30 01:14:55
1
A Thwe :
အေးချမ်းလိုက်တာစာသားလေး🍀
2026-07-30 02:34:18
2
🌻🌻🌻🍀 :
နောက်ဆုံးသောလူဟာ အဲ့လိုလူသာဆိုရင် ...😢
2026-07-30 14:02:27
1
To see more videos from user @nunuaung2024, please go to the Tikwm
homepage.