@louis_212007: ယခုတလော အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုကြောင့် ကျဆင်းနေတဲ့ မြန်မာ့ပညာရေးလောကရဲ့ ဂုဏ်သိက္ခာဟာ အဖက်ဆယ်မရတော့တဲ့အခြေအနေမျိုး ဆိုက်နေပါပြီ။ စစ်ယူနီဖောင်းဝတ်တစ်ဦးဟာ ထိုင်ခုံပေါ် ကျကျနနထိုင်ပြီး ကျောင်းဆရာမတွေဟာ ရှေ့ကကြမ်းပြင်မှာ တင်ပလ္လင်ခွေထိုင်ပြီး အရိုအသေပြုနေတဲ့ပုံစံ၊ ကျောင်းသူကျောင်းသားအချို့ရဲ့ မတ်တပ်ရပ်လျှက် ဦးညွတ်အရိုအသေပြုနေတဲ့ ပုံစံဟာ အာဏာရှင်တွေက မြန်မာ့နိုင်ငံရေးမှာသာမက အခြားနယ်ပယ်တွေအထိပါ ဘယ်လောက်အထိ ထဲထဲဝင်ဝင် စွက်ဖက်နေပြီလဲဆိုတာကို အထင်အရှားပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကိုလည်း ကြိုတွေးပြီး ရင်လေးမိပါတယ်။ ဒီဗီဒီယိုကိုမြင်တော့ တစ်ချိန်က လူထုခေါင်းဆောင်ရဲ့ ကလေးတွေနဲ့ ရင်းနှီးဖော်ရွေစွာ တွေ့ဆုံခဲ့ဖူးတဲ့ ပုံရိပ်တွေဟာ အဖိုးမဖြတ်နိုင်ပါလားဆိုတဲ့ အသိစိတ်တွေ တဖွားဖွားပေါ်ပေါက်လာစေပါတယ်။
𝐋𝐨𝐮𝐢𝐬 𝐄𝐝𝐢𝐭𝐢𝐨𝐧
Region: MM
Wednesday 29 July 2026 13:05:17 GMT
Music
Download
Comments
mika :
ငါလည်းဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာတွေ့ဖူးချင်လိုက်တာ အဲ့ခလေးတွေကိုအားကျမိတယ်
2026-07-30 00:12:42
6
Maauri-TSeiro :
ကန်တော့ခံသူကကျောင်းအုပ်မို့လို့ပါ။
2026-07-29 14:54:51
21
Htet Wai Yan :
ဘာဆိုင်လို့လည်း ဒါနဲ့ ကျောင်းအုပ်မို့ ကန်တော့တာ ဘာထူးဆန်းနေတာလည်း
2026-07-29 18:58:48
8
JAX :
အဖြူအစိမ်းအဝတ်လို့ပြောနေတဲ့သူတွေရေ ဘုန်းကြီးတွေဦးစီးပြီးဖွင့်ထားတဲ့ ဘကကျောင်းတွေက ဘုန်းကြီးတွေရော အဖြူအစိမ်းဝတ်ဖို့လိုသေးလား ဖြေပေးကြပါဦး
2026-07-30 01:06:35
6
lentil soup 😅 :
ငါ့တိုကျောင်းသားဘဝ ဒီလို့ဖြစ်သွားပြီးလာ😅😏
2026-07-29 14:58:37
3
lEMONADE :
လူအမျိုးမျိုး စိတ်အထွေထွေပဲမလို့ လွတ်လပ်စွာ သဘောထားအမြင်အယူအဆကွဲလွဲခွင့်ရှိပါတယ်
2026-07-29 18:26:58
3
Hiyajo sanz :
brother စာသားလေးယူသုံးလို့ရလား
2026-07-29 19:21:53
0
Shadow :
😂
2026-07-30 00:11:58
1
𝐋𝐨𝐮𝐢𝐬 𝐄𝐝𝐢𝐭𝐢𝐨𝐧 :
ကျောင်းအုပ်ဆို ကျောင်းယူနီဖောင်းဝတ်လေ။ တပ်ကဖွင့်ဖွင့်၊ ဘယ်ကဖွင့်ဖွင့် ပညာရေးနဲ့ စစ်ဝတ်တန်ဆာ ဘာမှမဆိုင်ဘူး။ မင်းတို့သာ ပညာရည်မြင့်မားတဲ့ အသိုင်းအဝိုင်းကဆိုရင် ကိုယ့်နိုင်ငံအခြေအနေကို ဘေးလူမပြောပြလည်း ကိုယ်တိုင်စဉ်းစားတွေးတောနိုင်ရမယ်။
2026-07-29 15:35:30
62
Franklin Chip :
ကျောင်းအုပ်က ကျောင်းအပေါ်ကောင်းရင် ဘာ uniform ဝတ်ထားဝတ်ထား လက်ခံနိုင်ရပါမယ် တပ်ကလူတွေအတွက် အဓိကဖွင့်ထားတဲ့ကျောင်းဖြစ်တဲ့အတွက် ကျောင်းအုပ်က တပ် uniform ဝတ်တာပါ ဗက ကျောင်း (ဘုန်းတော်ကြီး) စာသင်ကျောင်းများမှာလည်း ဘုန်းကြီးသင်္ကန်းဝတ်ပြီး အုပ်ချုပ်တာပါ private ကျောင်းတွေမှာလည်း ထိုနည်းတူစွာ သူတို့ သတ်မှတ်ထားတဲ့ uniform ဝတ်ရတာပါ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းဟာနိုင်ငံတော်အစိုးရလက်အောက် ရပ ခကွပ်ကဲမှုအောက်တွင်ရှိသည့်အတွက်ကျောင်းတာဝန်ခံကတပ်မတော်သားဖြစ်တာပါ တပ်မတော်သားဖြစ်လို့ ဆရာ ဖြစ်ခွင့်မရှိဘူးလား မြင်ဆရာ သင်ဆရာ ကြားဆရာ ဆိုတာသင်ရော ကျွန်ိုပ်ရော ရှိပါတယ် ကိုယ်တိုင်လည်းဖြစ်ပါတယ် အဖြူအစိမ်းဝတ်မှဆရာဖြစ်တာမဟုတ်သလို အစိမ်းဝတ်ထားရုံနဲ့လံဲဆရာဂုဏ်မလျော့ကျစေရပါဘူး ရှင်းရှင်းပြောရရင် အဝတ်အထည်တွေက အပေါ်ယံတွေပါ ဆရာကိုဆရာလို့ မြင်တတ်ရင်ရပါပြီ
2026-07-29 15:50:48
22
831N :
sttများ အဲ့တာကျောင်းအုပ်ဟ
2026-07-29 21:58:16
1
COPY SIR :
ဘာမှပြောမနေနဲ့လေကုန်တယ်
report ထုတယ်ကွာ
2026-07-30 00:24:39
0
Htet Wai Yan :
stt ကျောင်းအုပ်ဟ အဲ့တာ
2026-07-29 18:59:20
2
Quarizen :
သောက်ရူးတွေအုပ်ချုပ်နေတော့ငါတို့ဟာသောက်ရူးတွေကိုပဲဦးချနေရမှာပဲ😅
2026-07-29 19:28:02
2
Ouu shii :
ကျောင်းအုပ်မို့လို့ကန်တော့တာပေါ့ဟ ဒီအတိုင်းသာဆိုသူ့ဘာသူဗိုလ်ကြီးမကလို့ဘာကြီးပဲဖြစ်နေဖြစ်နေ ဆရာမတွေကကန်တော့စရာလား သေသေချာချာ ဂဃနဏမသိဘဲ ပြည်သူလူထုကို blackmail မလုပ်ပါနဲ့ 🙏
2026-07-29 19:25:25
1
Sykes 🤍 :
Made in Myanmar
2026-07-30 00:46:32
0
Burmese :
🥺🥺
2026-07-29 14:40:45
1
Si Thu Aung :
🥰🥰🥰
2026-07-29 15:01:41
0
Arkar🦚 :
😔😔😔
2026-07-29 15:24:45
1
To see more videos from user @louis_212007, please go to the Tikwm
homepage.