@missmyanmar92: #“ လှပဝင့်ထည် ကွမ်းတောင်ကိုင်မယ် “ မြန်မာ့ရိုးရာ အလှူမင်္ဂလာပွဲတွေ၊ ရှင်ပြုနားသ အခမ်းအနားတွေမှာ မြင်တွေ့ရတတ်တဲ့ အလှပဆုံးနဲ့ ကျက်သရေအရှိဆုံး မြင်ကွင်းတစ်ခုကတော့ “ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်” အပျိုချောလေးတွေရဲ့ လှပတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးရှင်းရှင်း အလှပြရုံတင်မကဘဲ ရှေးနှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ မွန်မြတ်လှတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။ ကွမ်းတောင်ဆိုတာက ရှေးခေတ် မင်းညီမင်းသားတွေ၊ မှူးမတ်တွေနဲ့ အထက်တန်းလွှာတွေရဲ့ ပွဲလမ်းသဘင်တွေမှာ သုံးဆောင်ဖို့အတွက် ကွမ်းယာတွေကို အနုပညာမြောက် ဒီဇိုင်းတွေနဲ့ ကတော့ပုံစံ၊ စေတီပုံစံ ထည့်သွင်းစီမံထားတဲ့ အဆောင်အယောင်ဖြစ်ပါတယ်။ ပန်းတောင်ဆိုတာက ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ပူဇော်ဖို့အတွက် ပန်းမျိုးစုံကို အနုပညာလက်ရာမြောက်စွာ ကတော့သဏ္ဌာန် စီမံထားတဲ့ ပန်းခိုင်၊ ပန်းအလှပဲ ဖြစ်ပါတယ်။ မြန်မာ့ဓလေ့မှာ အလှူလှည့်လည်တဲ့အခါ ကွမ်းတောင်ပန်းတောင်ကိုင် မိန်းမပျိုလေးက စီတန်းလှည့်လည်မှုရဲ့ အရှေ့ဆုံးနေရာကနေ ဒီ ကွမ်းတောင်၊ ပန်းတောင်တွေကို ရိုရိုသေသေ ကိုင်ဆောင်ပြီး လိုက်ပါကြရပါတယ်။ ဝတ်စားဆင်ယင်မှုမှာတော့ မြန်မာ့ရိုးရာ ဆံထုံး၊ ဇာပုဝါ ခြုံထည်၊ လှပတဲ့ ချိတ်ထမီတို့နဲ့ တင့်တယ်လျောက်ပတ်စွာ ဆင်ယင်ထုံးဖွဲ့လေ့ ရှိကြပါတယ်။ ဒီလို လှပတဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်ပုံကို Miss Supernational Myanmar 2026 Zin Moe Pyae ရဲ့ National Costume အဖြစ် ရိုးရိုးရှင်းရှင်း ဖန်တီးပုံဖော်ထားပြီး မြန်မာ မိန်းကလေးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ အနုပညာမြောက်တဲ့ ရိုးရာဝတ်စုံနဲ့ မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတစ်ခုကို ကမ္ဘာကသိအောင် TK Team ကနေ ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြသလိုက်ရပါတယ်။ 𝐌𝐢𝐬𝐬 𝐒𝐮𝐩ranational 𝐌𝐲𝐚𝐧𝐦𝐚𝐫 2026 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 𝐓𝐊 𝐓𝐞𝐚𝐦 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 TK ( Team Leader ) 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Than Htaik 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Khin Yadana Lin Lae 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Phyo Thu Zar Aung 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 Ei Ei Aung 𝐌𝐚𝐤𝐞𝐮𝐩 & 𝐇𝐚𝐢𝐫𝐝𝐨 - Ko Pan 𝐒𝐭𝐲𝐥𝐢𝐬𝐭 - Gu Gue 𝐒𝐡𝐨𝐨𝐭𝐢𝐧𝐠 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 - Lwin Bhone Ko 𝐏𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐲/ 𝐄𝐝𝐢𝐭𝐢𝐧𝐠 - Khant Min Htin HK Illustrations/2026 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐉𝐞𝐰𝐞𝐥𝐫𝐲 - Ko Htut ( Myanmar Traditional) 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐓𝐡𝐚𝐧𝐤𝐬 𝐭𝐨 ROYAL KANOK - Fabric House #NowySacz #Malopolska #MissSupranationalmyanmar2026 #MissSupranational #AspirationalInspirational

missmyanmar92
missmyanmar92
Open In TikTok:
Region: TH
Wednesday 29 July 2026 13:46:54 GMT
2641
191
4
4

Music

Download

Comments

yee.linn69
နောင်းချာ 🍵 :
လှလိုက်တာ🇲🇲💕
2026-07-29 14:05:45
0
linnkhit4567
JUSTSIKAR KHIT ♋️💄 :
Nc ဘယ်နေ့
2026-07-29 16:54:31
0
eainhtet2013
T lover💓😍 :
မြင်ချင်တာက ဖက်စိမ်းကွမ်းတောင်နဲ့
2026-07-29 13:54:30
0
htet.lay1730
Htet Lay🏳️‍🌈🏳️‍🌈🥀🥰 :
🥰🥰🥰
2026-07-29 14:04:01
0
To see more videos from user @missmyanmar92, please go to the Tikwm homepage.

Other Videos


About