@ttnk182: PDF အချင်းချင်းရန်ဖြစ်ရာက သေနတ်ကျည်ထွက်ပြီး ပကဖတာဝန်ခံ အမျိုးသမီးရဲဘော်သေဆုံး ဇူလိုင်လ ၂၉ ရက် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တနေရာမှာ PDF ရဲဘော်အချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ကျည်ထွက်ပြီး တိုက်နယ်ပကဖ တာဝန်ခံ အမျိုးသမီးရဲဘော် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀ နာရီခန့်မှာ ရုံးစည်ကြီးတိုက်နယ် ပကဖ လက်အောက်ရှိ ရဲဘော်တွေဟာ စစ်ဆေးရေးဂိတ်အနီးက ဇရပ်မှာ ထမင်းစားနေစဉ် ရဲဘော်သိန်းဌက်နဲ့ ရဲဘော်ရဲထက်တို့ စကားများကြရာမှာ သိန်းဌက်က ရဲထက်ကို သေနတ်ကျည်ထိုးပြီး ပစ်ခတ်မယ့်ဟန်ပြင်စဥ် နှစ်ယောက်သား သေနတ်လုကြရာမှ ကျည်ထွက်ခဲ့တာလို့ဆိုပါတယ်။ "ဇရပ်ပေါ်မှာ ထမင်းစားနေချိန်ဖြစ်တာ။ ထမင်းခူးကျွေးပြီးတဲ့အချိန် ကလေးချင်းစကားများရာမှာ ကျည်ထိုးတဲ့အချိန် သေနတ်ကို နှစ်ယောက်ဝိုင်းလုချိန်မှာ ကျည်ထွက်ပြီး အောက်ကနေ ထောက်မှန်တာ။ ဘယ်ဘက်လက်ပြင်ကိုဖောက်ဝင်သွားပြီး ခဏအကြာမှာ ဆုံးသွားတာ"လို့ ဖြစ်စဥ်ကို သိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ သေနတ်ကျည်ထိမှန်တာကြောင့် ရုံးစည်ကြီးတိုက်နယ်ပကဖ တာဝန်ခံ အမရာမောင် (ခ) စွန်ရဲမမှာ လက်ပြင်ဖောက်ဝင်ဒဏ်ရာရပြီး ဆေးကုဖို့ခေါ်ဆောင်သွားစဥ် သေဆုံးသွားတယ်လို့သိရပါတယ်။ အဆိုပါ သေနတ်ကျည်ထွက်ပြီး လူသေဆုံးစေခဲ့တဲ့အမှုမှာ သေနတ်နဲ့ထိုးချိန်တဲ့ ရဲဘော်သိန်းဌက်နဲ့ စကားများရန်ဖြစ်သူ ရဲထက်တို့ကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

တောင်သာ စစ်ကြောင်းသတင်း
တောင်သာ စစ်ကြောင်းသတင်း
Open In TikTok:
Region: MM
Thursday 30 July 2026 00:46:49 GMT
214671
7152
149
352

Music

Download

Comments

trks455
TR Ks :
မလိူင်တောင်သာဘက်မှာ ဂိတ်ကောက်ခံငွေတွေ အဝေမတည့်တာလို့ကြားမိတာပါပဲ
2026-07-30 02:58:49
45
dawyin797
Daw Yin :
သတင်းကအမှန်လားရှင့်စိတ်မကောင်းလို့ပါ
2026-07-30 02:39:53
1
bobolay648
7/ သားလေးပါဗျ😍 :
မဖစ်သင့်ဘူးလေကွာ အဲလိုတွေ ငါတို်လူငယ်တွေက နာကျည်းချက်နဲ်တိုက်ပွဲဝင်နေရတာ အချင်းချင်းမင်းတိူ့ အဲလို မဖစ်သင့်ဘူးလေကွာ😭😭😭😭
2026-07-30 04:33:31
4
sayarlay4444
Jasmine :
စိတ်မကောင်းလိုက်တာညီမလေးရယ် ကောင်းသောဘဝမာရောက်ရှိပါစေနော်
2026-07-30 01:52:34
2
pan.lay01323
Pan lay :
❤️❤️❤️
2026-07-30 13:54:25
0
supo.po.aung7
✍Toxic.✍ :
လက်မခံနိုင်သေးဘူးအမရယ်🥺🥺
2026-07-30 01:41:40
2
htet.lwin318
Htet Lwin :
ဒီနိုင်ငံကတနိုင်ငံလုံးကအာဏာသိမ်းမှုကြောင့်တနည်းနည်းနဲ့နစ်နာနေကြရတာပါ
2026-07-30 01:55:38
3
hninthazinmoe31
Cho Nyein🍓💓 :
အဲ့သတင်းတေမတင်သင့်ဘူး
2026-07-30 04:08:03
0
hanzaw2007
🥰han zaw🥰 :
ကြုံးဖူးတယ်ဗျ..အသက်ပေးလိုက်ရတယ် လက်မှန်သွားတာ ဆေးမမှီလိုက်လို့🥺🥺🥺
2026-07-30 05:30:16
0
panwai2001
ကံကြီးရွာသူလေး pan❤wai :
ကောင်းရာမွန်ရာ ရောက်ပါစေပါစေဗျာ😭
2026-07-30 13:39:14
0
lapyaewin3576
Lapyae Win :
ရင်ထဲမှာစိတ်မကောင်းဘူး၊သူ့ကိုချစ်တယ်
2026-07-30 14:18:49
0
i.this7
Htet :
အဒီလိုကြာရတာစိမကောင်းဘူး
2026-07-30 14:04:57
0
mimizin2280
mimizin2280 :
xh
2026-07-30 12:45:50
0
yu.yu.maw354
🌺🌺🌺YuYuMaw☘️☘️ :
စိတ်မကောင်းပါဘူး😭😭😭
2026-07-30 14:03:45
0
k.p.ph
G T F. PDF :
ဖကပအချင်းချင်းမလား ဘာလို့PDF လို့သူံးကြတာလဲ့ဗျာ
2026-07-30 13:12:59
0
aungthu0504
ပုံပုံ :
အမှန်မဟုတ်ပါ သူ့မိန်းမ ငါ့မိန်းမဟု စကားများရာ ကောင်မလေးမှာ နှစ်ဦးသက်ဆိုင်ကြောင်းပြောရာမှ
2026-07-30 04:18:09
11
user5420715033440
14/ပြည်သူပိုင်အမေ့သား :
စိတ်မကောင်းပါအူးဗျာ
2026-07-30 10:26:37
0
kyawkyaw76517
U than tun :
မကျေနပ်ဘူး
2026-07-30 11:01:33
0
user236052443
Ko Aung :
စိတ်မကောင်ပါဘူဗျာ
2026-07-30 15:00:52
0
koko60059
koko60059 :
စိတ်မကောင်းဘူးဗျာ
2026-07-30 13:22:36
0
user3559618705349
ပီစိုင်း :
စိတ်မကောင်းလိုက်တာဗျာ
2026-07-30 02:08:01
0
To see more videos from user @ttnk182, please go to the Tikwm homepage.

Other Videos


About