@khinkhin5424: #crd Twin kle:စိတ်ကုန်သွားတဲ့အရာတွေပေါ် ကျမရဲ့တုန့်ပြန်မှုကတော့ နှုတ်ဆိတ်ခြင်းပါပဲ .. ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဘာကိုမှ ဖွင့်ဟမနေတော့သလို ကျမရဲ့စိတ်ထဲမှာ စိတ်ပျက်သွားပြီးဆိုရင်လည်း ဘာခံစားချက်မှကို မထားချင်တော့တာပါ မေတ္တာ မပျက်ဘူးဆိုရင်တောင်မှ ထုတ်ပြရမှာ ဝန်လေးသွားသလိုမျိုး ထပ်ပြီး ပက်သတ်ရမှာကို စိုးရွံ့သွားသလိုမျိုး အဲ့အရာတွေနဲ့ ပက်သတ်လာရင် ကိုယ်မှာ အရာရာ တိတ်ဆိတ်ဖို့ပဲ ရွေးချယ်လိုက်တာမျိုးပေါ့ ဒါက မုန်းနေတာ လည်း မဟုတ်သလို အငြိုးတေး ကြီးနေတာလည်း မဟုတ်ဘူး စိတ်ထဲမှာ ဘာစကားကိုမှ မပြောချင်တော့လောက်အောင် ကျမ စိတ်ကုန်သွားတာမျိုးပါ တော်ရုံ ကျမက စိတ်လည်းမဆိုးတတ်သလို တော်ရုံ လည်းစိတ်မနာတတ်ပါဘူး.. တစ်ခုခုကို စိတ်ပျက်သွားပြီဆိုရင်တော့သိပ်သိသာတယ် အဲ့အရာနဲ့ ပက်သတ်ပြီးဘာကိုမှ မမြင်တော့သလို ဘာဖြေရှင်းချက်မှလည်း ပေးမနေချင်တော့ဘူး ပြောချင်တဲ့စကားတွေ ရှိနေရင်တောင် ထားချင်တဲ့ စေတနာတွေ ရှိနေရင်တောင် ရလာမဲ့ ဝေဒနာကို ကြိုသိနေသလိုမျိုး ဒဏ်ရာတွေက အမှတ်ရှိသွားတာဖြစ်မယ် ကျမ ကို စိတ်ပျက်စေတဲ့ အရာဆိုရင် စကားလေးတစ်ခွန်း စတင်ပြီးပြောဖို့တောင် ကျမရဲ့ စိတ်က ခက်ခဲသွားတာမျိုးပါ.. အဲ့လူကို မမုန်းဘူးဆိုရင်တောင်ပေါ့..

Khin Lay May
Khin Lay May
Open In TikTok:
Region: FR
Thursday 30 July 2026 07:49:28 GMT
317
19
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @khinkhin5424, please go to the Tikwm homepage.

Other Videos


About