@alinn61024: ဒါ ကိုယ်မျက်ရည်ကျတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သတိပေးပေးနေရတဲ့ စကားလုံးပေါ့ ကျွန်မ က အငိုသိပ့်သန်တာ ၊မျက်ရည်သိပ့်လွယ်တာ တစ်ခုခုဆို စိတ်ထဲ ထည့်ထားပြီး သတိရတိုင်း မျက်ရည်ဝဲတတ်တဲ့ ကောင်မလေးမျိုးလေ ။ ဒီတော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ်အားပေးနှစ်သိမ့်ရတယ်။ဘယ်သူကမှလာပြီး ဖေးမပေးတာမှ မဟုတ်ပဲလေ သိတယ်မလား ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမယ် ကိုယ်နာကျင်ရင် ကိုယ်ပဲ ကုစားရတာလေ ။ ဘယ်သူကမှ နာကျင်နေတာလား အုံဖွ ပျာက်ဆိုပြီး မမှုတ်ပေးဘူး ပြီးတော့ ဘယ်သူမှ ဖေးမ ပေးမှာ မဟုတ်ဘူး ။ အနာမြင်ရင် တုတ်နဲ့ ဆွမယ့်လူတွေချည်းရပ်နေခဲ့တာပါ ။ မှားတာမြင်ရင်...ပိုပိုသာသာလေး အပြစ်တင်တတ်ကြတာကလဲ သဘာဝပဲ ဖြစ်မှာပါ ။ အဲ့တော့ ကိုယ်ဖြစ်ရင် ကိုယ်ဟာ ကိုယ့်ရဲ့ ဒေါက်တာပဲ ဖြစ်လာတယ် ။ နားလည်မယ်အထင်နဲ့ တစ်ချိန်တုန်းက ကျွန်မ ငိူမိဖူးတယ်... ဒါပေမယ့် နားလည်မယ်ထင်တဲ့သူတွေက ပိုထိုးနှက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုနားလည်ရမယ်ဆိုတာကို သဘောပေါက်သွားခဲ့တာ ။ မျက်ရည်ဆိုတာကလေ... ပြောပြလို့မရတဲ့စကားလုံးတွေကို ဘာသာပြန်ပေးမယ် မွန်းကျပ်လွန်းနေတဲ့စိတ်ကို အနည်းအကျဥ်းတော့ ဖြေလျော့ပေးတယ်လေ ။ အရမ်းပင်ပန်းလာတဲ့အခါ အော်ပြီး ငိုလို့မရရင် ကြိတ်ပြီး ငိုရတယ် ။ ပြီးရင်... ငိုပြီးရင်တော့ တိတ်တော့နော်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လဲ အမြဲ သတိပေးနေရတယ် ။ နာကျင်နေတာလား ..ညီမလေးရဲ့ လူတွေဟာ သူတို့ခံစားရတဲ့အရာကိုပဲ ဒဏ်ရာလို့ထင်တတ်ကြတာ... ကိုယ်နာကျင်နေတာကို ဘယ်သူကမှ နားလည်ပေးမှာမဟုတ်ဘူး ။ သူတို့ဖြစ်နေတာလောက်ကိုသာ စာဖွဲ့ကြတာလေ ကိုယ်ဘာကြောင့် နာကျင်နေရလဲ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး အရမ်းမွန်းကျပ်နေပြီလား …ငိုချလိုက် ဝမ်းနည်းနေလို့လား …ငိုချလိုက် အကျယ်ကြီး ဟစ်ပြီး ငိုလို့မရတဲ့ဘဝမှာ တိတ်တိတ်လေး ကြိတ်ငိုကြတာပေါ့ ငိုလို့ဝရင်တော့ တိတ်တော့နော်... ဘဝမှာ ဆက်လျှောက်ရဦးမယ် ဒီလောက်နဲ့ ပြိုလဲကျသွားလို့မှ မရပဲလေ... #crd #fypageシ #ဒီတစ်ပုဒ်တော့fypပေါ်ရောက်ချင်တယ်
🎀Aʟɪɴɴ
Region: MM
Thursday 30 July 2026 08:52:02 GMT
Music
Download
Comments
သင်းသင်းဝေ :
ပြန်လည်တင်ခွင့်ပြုပါ🥰
2026-08-01 03:02:10
1
M🌼🌻 :
စာသားလေပြန်တင်မယ်နော့😘
2026-07-31 09:25:13
3
Nainglinn Aung :
ယူတင်ခွင့်ပြုပါ
2026-08-01 03:23:20
1
Cho Mar Myint :
ယူသုံးခွင့်ပြုပါရှင့်
2026-07-31 10:48:10
1
Hnin Su :
စာသားလေပြန်ယူပ့ရစေ
2026-08-01 02:41:40
1
Thi Thi Thein :
စာသားလေးပြန်တင်ပါရစေ
2026-07-31 22:38:37
1
May Phoo Wai :
စာသားလေကြိုက်လိုပြန်ယူလိုရမလား
2026-07-30 10:01:43
1
Pan Lainချင်းမလေး :
ပြန်ယူတင်မယ်နော်
2026-08-01 00:42:29
1
OhmarHnin :
ကိုယ့်ဘဝ😭😭
2026-08-01 01:32:18
1
PhoZaw :
Likes
2026-07-31 17:53:47
1
💞🖤💕ဘဝ💞🧡💞❤️💞💚💞🤍 :
စာသာလေးယူခွင့်ပြုပါနော်🥰
2026-07-31 18:13:24
1
🍀Thin Zar 🍀🍀🌸🌸 :
ယူသုံးခွင့်ပြုပါရှင့်
2026-07-31 17:59:44
1
🐼zin mar htwe 🐼🌴🌺🍀🍁 :
စာသားလေ ချပေးပါလား
ယူချင်လို့ပါ
2026-07-31 06:59:32
1
Tun Lin Aung :
ပြန်တင်မယ်နော်
2026-07-31 13:00:25
1
Brang Nuu :
ငိုပြီးရင်ကလှဆုံးပြုံးပြလိုက်ပါမင်းဟာအလှဆုံးဖြစ်နေမှာပါ
2026-07-31 03:51:44
1
Thin Zar :
ငိုနေရတဲ့ရက်တွေအများကြီဘဲကွယ်😭😭😭
2026-07-31 01:48:46
1
May Phoo Wai :
ယူမရလို့ပါ
2026-07-30 11:14:03
1
🐼zin mar htwe 🐼🌴🌺🍀🍁 :
စာသားလေ ယူပါရစေရှင့်
2026-07-31 07:02:41
0
ဖူးဖူး :
ပြန်လည် တင်ခွင့် ပြုပါနော်
2026-08-01 06:14:14
0
ᴋᴀɪʀᴀ :
စာသားလေးတင်ချင်လို့ပါရှင့်
2026-08-01 06:24:22
0
🧡❤️Zin Mar🦁🥰🤎 :
ယူတင်ခွင့်ပြုပါရှင့်🥰🥰🥰
2026-08-01 03:32:54
1
💓:—͞𝐏𝐮𝐭ᥫ𝐮𝐥..ᡣ𐭩 :
crd🥺
2026-08-01 03:33:14
1
yuဦးထွန်းစိုးသမီး၄ယောက်မြောက် :
copyတင်ခွင့်ပြုပါ
2026-08-01 06:07:04
0
👑 Ĉĥãw👑 :
copyရှင့်
2026-08-01 03:50:12
1
sai kyaw hla :
ငါကျလဲယွကျားကြီးဖြစ်ပြီးခနနငိုနေရတယ်😁
2026-07-31 10:57:05
0
To see more videos from user @alinn61024, please go to the Tikwm
homepage.