@user684311809: (၁)အာကာသာနဉ္စာယတန၊ အာကာသာနဉ္စာယတနဘုံ ဆိုသည် အာကာသာနဥစ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အကနိဋ္ဌဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကာသာနဉ္စာ ယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ (၂)ဝိညာဏဉ္စာယတန၊ ဝိညာဏဉ္စာယတနဘုံ ဆိုသည် ဝိညာဏဉ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အာကာသာနဉ္စာ ယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ ဝိညာဏဥစ္စာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိ (၃)အာကိဉ္စညာယတန၊ အာကိဉ္စ ညာယတနဘုံ ဆိုသည် အာကိဉ္စ ညာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ ဝိညာဏဉ္စာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကိဉ္စ ညာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ အာကိဉ္စ ညာယတနဘုံကို သိလွယ်အောင် ပုံသဏ္ဌာန်ဖြင့် ဖော်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီးရေးသားဖော်ပြသင့်သည် (၄)နေဝသညာနာသညာယတန နေဝသညာနာသညာယတနဘုံ ဆိုသည် နေဝသညာနာသညာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အာကိဉ္စ ညာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ နေဝသညာနာသညာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။နေဝသညာနာသညာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရအောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်ပေ။နေဝသညာနာသညာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်ယောက်နှင့် သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)ယောက်ရသည် ထိုဘုံသို့ ရောက်လာသော ပုဂ္ဂိုလ်များသည် တခြားဘုံသို့ မပြောင်းတော့ဘဲ ထိုဘုံမှာပင် ပရိနိဗ္ဗာန်စံသည် နေဝသညာနာသညာယတနဘုံကို ရောက်လာသော ပုဂ္ဂိုလ်များသည် နေဝသညာနာသညာယတနဈာန်ကို ရကြသည် ထိုဈာန်ကို ရရန်အတွက် အာကိဉ္စညာယတန ခေါ်သော ဈာန်စိတ်ကို သန္တမေတံ၊ ပဏီတမေတံ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။နေဝသညာနာသညာယတနဘုံသည် ၃၁-ဘုံ၏ နောက်ဆုံးဘုံဖြစ်သည်။ အမြင့်ဆုံး ဘုံဖြစ်သည်။ လူပြည်မှ ယူဇနာ ၇ ကုဋေ၊ ၁ သန်း၊ ၈ သိန်း၊ ၅ သောင်း၊ ၆ ထောင် ဝေးကွာသည်။#buddha#တရားတော်များ #တရားတော်များနာယူနိုင်ပါစေ🙏

갈색
갈색
Open In TikTok:
Region: MM
Thursday 30 July 2026 14:04:01 GMT
56139
4658
86
459

Music

Download

Comments

luu.ka.lay5
𝕷𝖚𝖚 𝖐𝖆 𝖑𝖆𝖞 :
ဘာမှမရှိမှတော့ သွားနေလဲ ဘယ်လောက်ပျင်းလိမ့်မလဲ ဘာအရာဝတ္ထုမှ မရှိ ထိတွေ့မှုမရှိ... အာကာသထဲ လေလွင့်နေတော့ရော..ဘာထူးမလဲ လူ့ဘုံကမှ ကောင်းပါသေးတယ်
2026-07-31 04:38:32
0
user072771736
စကြာဝဠာပညာသင်ယူသူ :
ရောက်ချင်တယ်ဗြဟ္မာဘုံအမြင့်ဆုံး
2026-07-31 02:53:23
2
bann69258
Di Pa :
အဲ့ဒါကြောင့် မသွားအပ် မရောက်အပ်တဲ့ ဘုံဌာန လို့ ဘုရားကဟောခဲ့တာပေါ့ ဗျာ
2026-07-31 02:50:00
2
chanmya90
Sky :
ဘယ်လိုကြင့်ကြံရင်ရောက်နိုင်သလဲ
2026-07-31 02:39:21
1
user177354476
Thi ha :
စိတ်ကူးရင်တာသက်ရောဟုတ်ဘူးလားဗျ
2026-07-31 02:42:14
2
khaye8385
pp :
အလင်းအမှောင်မရှိသောနေရာရှိပါသလား အလင်းရှိရင်ရုပ်ရှိမယ် အမှောင်ရှိရင်လည်းရုပ်ရှိမယ် အလင်းအမှောင်မရှိတဲ့နေရာ အာကာသ ထဲမှာ သို့မဟုတ်စကြဝဠာထဲမှာ ပေါ့
2026-07-31 02:35:24
1
moekyi397
Moe Kyi397 :
နာမ်သပ်သပ်ကြီးဘဲသူ့ဖာသာသူအချိန်အကြာကြီးတည်ရှိနေတာမျိုးလုံးဝ, လုံးဝမဟုတ်ပါ၊ ထို့အတူ,ရုပ်သပ်သပ်ကြီးဘဲဖြစ်တည်နေခြင်းမျိုးသည်လည်း,မရှိပါ
2026-07-31 04:15:21
0
menmajxbmve
☀️ သံသရာခရီးသည် 🌝 Official 🥰 :
အရူပဗြဟ္မာဘုံဆိုတာ အနာဂမ်မိမဂ်အဆင့်လောက်ရောက်မှ ရနိုင်တာ တော်ရုံအနာဂမ်တွေကလည်း အဲလိုဘုံမျိုးကို မနှစ်သတ်မပျော်မွေ့တတ်ကြဘူး ရဟန်းဃာအဖြစ်ရောက်အောင်ဆက်လက်ကျင့်ကြံကြပါတယ် အကြောင်းစုံသိချင်ရင် မူလသဲအင်းဂူဆရာတော်ကြီးရဲ့ ကိုယ်တွေ့ကျင့်စဉ်ဟောထားတာကို နာယူကြည့်ကြပါမိတ်ဆွေတို့🥰
2026-07-31 04:34:45
0
wpuk83
aung lay :
hi
2026-07-31 05:14:29
0
thugyieain562
thugyieain562 :
ရှင်းပြပေးတဲ့တွက်ကျေးဇူးတင်ပါတယ်အဲလိုအကြောင်းအရာတွေကိုစိတ်ဝင်စားပါတယ်
2026-07-31 05:13:30
0
myokhaing597
❤MÝØ K❤ :
နမ်က ဘယ်မှာဖြစ်တည်တာလဲ
2026-07-31 01:17:42
0
ko.thein.zaw.oo44
ko Thein zaw Oo :
🙏🙏🙏 သာဓုသာဓုသာဓုပါ
2026-07-31 05:00:18
0
machit1993
မဏိစန္ဒာ 1993 :
saveဖွင့်ပေးပါလား
2026-07-31 04:51:57
0
u.tin.thein236
U Tin Thein :
ကျေးဇူပါ
2026-07-31 04:48:19
0
sai.htun.aung.hk
Sai Htun Aung HK :
ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ညာဏ်တော်ကိုပဲ ကြည်ညိုလို့မဆုံးပါဘူးဘုရား ဒီတရားကိုနာကြားရတော့
2026-07-31 04:14:49
0
lin.htet6790
Lin Htet :
ကျေးဇူပါ ဗျာ
2026-07-31 04:08:42
0
yatil57
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ :
ဒါဆို ဖန်ဆင်းရှင်လို့ပြောပြောနေတဲ့အရာက ဒီဘုံကများလား
2026-07-31 03:52:18
0
kyaw.sein.win50
Kyaw sein win :
အင်း ဘာသာ ချာ ဒါမဟုတ် ပေါ့ပေါ့သိတဲ့သူတွေအတွက် က စိတ်ကူ ယဥ် လို့ ထင်ကျ လိပ်မယ် အထက် အလေး ဘုံး အောက် လေး ဘုံး က အရမ်း သက်တန် ရှည်းတယ် တရား အားထုပ် လို့ အစွန်းရောက် ကျင့်် ကျံ နေမိရင် အမြင့် ဆုံ အဒီး ဘုံးတွေရောက်တတ်ပြိး မတရား လုပ် ပြိး အရသာ တွေနေတဲ့ သူအတွက်တော့ ငရဲ ဘုံးတွေထဲ့က အောက် အဝီ စီရောက်ရင်လည် အရမ်းသက်တန်ရှည်တယ်
2026-07-31 04:19:30
0
nay.min.kha832
Nay Min Kha :
မြတ်စွာဘုရားဘုရားမဖြစ်ခင်လောကီဆရာနှစ်ပါးဖြစ်တဲ့..အာဠာရ နဲ့ ဥဒက ရသေ့နှစ်ပါးနဲ့မြတ်စွာဘုရားရဲ့ဖခမည််းတော်သုတောဒနမင်းကြီ၏ဆရာ ဒေဝီလ ရသေ့တို့ကသမထကျင့်စဥ်တွေကြောင့်ထိုဘုံများသို့ရောက်သွားကြပါတယ်...အလွန်သက်တမ်းရှည်ကြာလို့သူတို့ကျွတ်လွတ်မဲ့အချိန်ကအလွန်ကြာမယ်လို့...နာကြားဖူးပါတယ်...🙏🙏🙏
2026-07-31 03:33:56
0
thanthunaung7
than thun aung :
သာဓုသာဓုသာဓုပါ
2026-07-31 02:45:19
0
kyaw.mg.win
ဒေါန 😊 :
လူပြည်မာပဲပျော်တယ် ဘယ်လမ်းရှောက်ချင်လည်း အောင်တော့ မဆင်းစေနဲ့ပေါ့🥰
2026-07-31 03:42:56
0
hninmohmohlwin84
ဝေလင်းဖြိုး :
အဲလိုသိခြင်တယ်
2026-07-31 05:05:01
0
user4223138725241
user4223138725241Naing Iin zaw :
သာဓု သာဓု
2026-07-31 03:47:03
0
shweyokehlwar.clo6
Shweyokehlwar Clothing Shop :
2026-07-31 02:51:47
0
min.nyi529
Nyo Min Swe :
ကျေးဇူးပါ
2026-07-31 01:28:40
0
To see more videos from user @user684311809, please go to the Tikwm homepage.

Other Videos


About