@sh314789: လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ မကျိုးပေါက်စေရေး အရေးပေါ်ထိန်းသိမ်းမှုများ ဆောင်ရွက်နေ လေးမျက်နှာမြို့နယ် ။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သွခတ်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးဝကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ငဝန်ရေကာတာ မိုင်တိုင်အမှတ် (၂၅/၃) အနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ငဝန်မြစ်ရေတိုက်စားမှုတို့ကြောင့် ရေကာတာမှာ ကျိုးပြတ်မည့် အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ရေကာတာ၏ အလျား (၂၀) ပေခန့်နှင့် အမြင့် (၄) ပေခန့် နိမ့်ကျသွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ရေကာတာမှာ ကျိုးပြတ်နိုင်သည့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ရေကာတာ နိမ့်ကျမှုကြောင့် ငဝန်မြစ်အတွင်းမှ ရေများသည် မြစ်ကျိုးဝကျေးရွာဘက်သို့ စိမ့်ဝင်လျက်ရှိပြီး ရေကာတာ ကျိုးပြတ်မှု မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးပေါ် တာပြန်လည်ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇူလိုင်လ ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ်အထိ SH Media Group ၏ နောက်ဆုံးဆက်သွယ်မေးမြန်းချက်အရ ရေကျိုးပေါက်နေရာအား အရေးပေါ် ထိန်းသိမ်းနိုင်ရေးအတွက် သဲတင်မော်တော်တစ်စီးဖြင့် သဲများဖြည့်တင်းသွားမည်ဖြစ်ပြီး ကျောက်တင်မော်တော်တစ်စီးကိုလည်း ထပ်မံစေလွှတ်ကာ ကျောက်များချ၍ ခိုင်ခံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် တာတမံကျိုးပြတ်မှု မဖြစ်ပေါ်စေရေးကို ထိန်းချုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက SH Media Group သို့ ပြောကြားခဲ့သည်။ #SHMediaGroup #ဧရာဝတီတိုင်း #လေးမျက်နှာမြို့နယ် #ငဝန်ရေကာတာ #မြစ်ရေတိုက်စားမှု သတင်း - SH Media Group သတင်းအဖွဲ့ (ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ) 👤Edited by: SH Media Group –Central Online News Editor ━━━━━━━━━━━━━━━━━━ 🟥 SH Media Group ကို Follow လုပ်ရန် 🔹 Website – https://shmediagroupmm.blogspot.com 🔹 Telegram – https://t.me/shnews07 🔹 Facebook (SH အထူးဟစ်တိုင်းသတင်း) – https://www.facebook.com/SHMedia2026 🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews07 🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 🔹 TikTok – https://www.tiktok.com/@sh314789 🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ 🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။

SH အထူးဟစ်တိုင်းသတင်းဌာန
SH အထူးဟစ်တိုင်းသတင်းဌာန
Open In TikTok:
Region: MM
Thursday 30 July 2026 15:02:06 GMT
44290
1390
29
183

Music

Download

Comments

than.htike16
乄မောင်๛စလုံး🏍️💨 🇲🇲 :
2026-07-30 18:00:33
1
shwe.ka.yin.lay3
Shwe Ka Yin Lay :
ကျုိးသွားပီဗျ
2026-07-30 16:32:22
1
ye.min.paing0999
Ye Min Paing :
ဖြစ်မှာပြင်တာ
2026-07-30 22:05:38
1
may.oo422
မေ :
ကျိုးပြီပြောတယ် ဟုတ်လား
2026-07-31 00:50:55
0
lin720863
Lin :
စိုရိမ်ရလား
2026-07-31 00:11:42
0
pkjjkkkk4
Wai Wai :
:လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်အတွင်းယာယီစစ်မှူထမ်းကင်းလွှတ်ခွင့်ရှိတဲ့ကျောင်းသားတွေကအစအကိုလုံးကိုရာအိမ်မှူးတို့အဖွဲ့လတိုင်းပိုက်ဆံ(၃)သောင်းကောက်နေပါတယ်သက်ဆိုင်ရာအရေးယူပေးပါရန်
2026-07-30 17:37:44
1
t..d..s8
😍💞💘 𝓣 𝓭 𝓢 💔💖 :
ငါတိုနေရာလေးပျက်စီးသွားပြီ😭😭😭😭
2026-07-30 17:05:06
0
maei3378
@maei3378 :
အာလုံးဘေးကင်ကြပါစေ
2026-07-30 17:48:39
0
user232836891
Kyaw Kyaw :
လေးမျက်နှာမြို့ထဲ ရေရောက်ပြီလားဗျ
2026-07-30 17:53:25
0
userps89bq78bb
🐉Ñwàý🐉 :
အိမ်ကလူတွေကို စိတ်ပူလို့ ခုထိမအိပ်နိုင်🥺
2026-07-30 19:21:21
0
thein.seain
kaung kaung :
ဂရုစိုက်ပီးနေကြပါ
2026-07-30 18:39:30
0
kity42601
🎀🤱🌹 𝒦𝒾𝓉𝓎 🎀🤱🌹 :
ကျိုးသွားပီလို့သတင်းထွက်နေတာ တကယ်လား
2026-07-30 15:30:41
0
khin64025
💥👑Queen👑💥 :
30ရက်ညကျိုးသွားခဲ့ပြိမလားငါတို့မြို့လေးနဲနီးတယ်🥺
2026-07-30 17:29:40
0
chit.po.po0379
'Chit Po Po :
ပြုပြင်ပေးနေသူများအားလုံး ကျမ်းမာချမ်းသာကြပါစေ🙏🙏🙏
2026-07-30 16:33:42
0
thinaye790
Thin"Aye :
ကျွန်တော်တို မြို့ ရွာလေးတွေ့ဘေးကင်းကျပါစေဗျာ🙏🙏🙏🙏
2026-07-30 16:44:40
0
user26322226657830
😍Mee Lay😍 :
ကျုိးသွားခဲ့ပြီလေ ဒါတောင်ရေမတက်သေးဘဲ😭😭😭
2026-07-30 17:09:19
0
maei3378
@maei3378 :
ကျိုးသွာပြီလေး
2026-07-30 17:47:44
0
kokov444
M :
ကျမတို့လေးမျက်နှာလေး စိတ်မကောင်းပဝူးရှင်😭😭😭😓
2026-07-31 01:00:56
0
ahkowin0
ᴀʜ ᴋᴏ ᴡɪɴ✔ :
သတင်းကိုအမြဲတမ်းဆက်ဆက်တင်ပေးပါ
2026-07-30 16:19:27
0
u.kyaw.tun22
U Kyaw Tun :
အားလုံးဘေးကင်ပါစေ။
2026-07-31 01:04:48
0
thurain8647
ရွှေပိုးလေး :
ဟစ်တိုင်းကြီးကလဲအားကိုးပါတယ်ဆိုကာမှ သီချင်းတစ်ပုဒ်နဲ့ဒစ်လည်နေတယ်😄😄😄
2026-07-30 15:16:31
1
z.enn0
Z enn♤♧ :
😂😂😂
2026-07-30 15:53:16
0
aung.koko.1111
A.k.k💚🌜ဘဲကြီး🌛 :
🥹🥹🥹
2026-07-31 00:27:53
0
zaw.zaw71757
ကိုလူပျို :
😳😳😳
2026-07-30 16:32:43
0
To see more videos from user @sh314789, please go to the Tikwm homepage.

Other Videos


About