@.kwet.kwee: မျက်စိမှုန်ခြင်း၊ အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့အတွက် ================== မျက်စိမှုန်ခြင်း၊ အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့အတွက် လေမဖြတ်အောင် ကာကွယ်တဲ့ ဆေးနည်းလဲဖြစ်ပါတယ်။ ဆေးနည်းကတော့ အောက်ဖေါ်ပြချက်အတိုင်း အချိုးကျ ဖော်စပ်ယုံပါဘဲ။ ၁။ ဆင်တုံးမနွယ်အစို လကတဆစ် ဖြတ် ငါးကျပ်သား ၂။ ရေချက်အေး ငပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေးဘီယာပုလင်း ပုံစံမျိုးကို ငပျောဖူး ပုလင်းဟုခေါ်သည် ) ၃။ ထန်းလျက် ငါးကျပ်သား ၄။ ဆားတစ်ဇွန်း ၅။ ရှောက်နုသီးနှစ်လုံး ရှောက်ဘီလူးသီး ဟုလည်းခေါ်ကြသည်။ (ရှမ်းပြည်နယ်မှာ ပေါပါတယ်) ထိုင်းနိုင်ငံမှာ ထို ရှောက်ဘီးလူသီးများပြီး အိမ်တိုင်းနီးပါး ရှိကြသည် ။ ဟင်းလျာထဲမှာ ထည်၍ ချက်ကြပါသည်။ ထိုသုံးမျိုးကို ဆတူ ရော၍ တပါတ်တိတိ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တစ်နေ့ကို ညမအိပ်ခင် စတီးဇွန်း ၂ ဇွန်းစာထည့်လာက် နေစဉ် သောက့်သုံးခြင်းဖြင့် မျက်စိမှုန်ခြင်း၊ အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက်တွေ့ပျောက်ကင်းပါတယ်။ သွေး၊ လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း သိရပါတယ်။ မူရင်းစာရေးသူ၏ ကိုယ်တွေ့မှတ်တမ်း လွန်ခဲ့တဲ့ ၉နှစ်လောက်က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ် ။ အဲ့ဒီထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ် ။ မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ။ ကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။ အရသာကတော့ တော်တော် ခါးပါတယ်။ လိပ်စာ အတိကျတော့မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်လေးပါ။ ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တစ်ချမ်း သေပြီး လေဖြတ်တယ်ဆိုပါတော့။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုပေါ့ သို့သော်လည်း အကောင်းတိုင်ပြန်မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ တစ်ယောက်စကား တယောက်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိတဲ့ တောကျောင်းကို မျှော်လင့်ချက်များစွာနဲ့ ရောက်သွားချိန်မှာတော့ ဆရာတော်ကြီး ပေးတဲ့ ဆေးနည်ကို မယုံတဝက် ယုံတဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုင်ပြီး ရောဂါ ပျောက်သွားပါသတဲ့။ သွေး၊ လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထို ဆရာတော်ကြီးက မိန့်ပါသတဲ့။ ဝေဒနာရှင်ဟာ ၆လလောက်စွဲပြီး သောက်လိုက်ရာ အရင်တိုင်းပဲ ကားမောင်းတဲ့ အလုပ်ကို အကောင်းပကဓိ အတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေမပျက် ရှာနိုင်ပါသတဲ့ ။ ကျွန်တော်ကတော့ လေဖြတ်တဲ့ ရောဂါ အကြောက်ဆုံးပဲ နေချင်၊ညချင်း ဒုက္ခိတ ဖြစ်တာလေ။ လေးစားစွာဖြင့် တည်းဖြတ် – နိုင်မြန်မာ မှတ်ချက် – သေတဲ့အထိ လေမဖြတ်ဘူးလို့ မူရင်း စာရေးသူမှ ညွှန်းဆိုထားပါတယ်။ Respectfully, full credit to – moe ar ker =========== Morning News

💙💙💙 KWET KWEE 💙💙💙
💙💙💙 KWET KWEE 💙💙💙
Open In TikTok:
Region: MM
Friday 31 July 2026 02:37:31 GMT
18528
578
8
52

Music

Download

Comments

aung.htike994
Aung Htike :
မဂ်လာပါ
2026-08-01 02:05:48
1
user5752754193078
user5752754193078 :
ဘယ်လိုလုပ်ရမလဲပြုလုပ်နည်းပြောပြပေးပါ
2026-07-31 12:36:22
0
998kok
kokochit :
ဘလိုလုပ်ရ
2026-07-31 11:13:00
0
ayemying30
ayemying30 :
🙏🙏🙏
2026-08-01 04:42:02
0
linzaw021
linzaw021 :
🥰🥰🥰
2026-07-31 07:46:22
1
minn.ye.thu
Chit. Oo. Ko :
🥰🥰🥰
2026-07-31 06:12:54
1
sannaingaung75
SanNaingaung :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-31 04:35:11
2
To see more videos from user @.kwet.kwee, please go to the Tikwm homepage.

Other Videos


About