@humanbeing558: ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ ~~~~~~~~~~~~~~~~~~~~ အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ပါဘူး။ ကိုယ့်တွက်တော့ နေ့ရက် တိုင်းက တူတူပါပဲ။ "ဧည့်သည်" လောကကြီးကို ရောက်လာတဲ့ ကိုယ် ကိုယ်တိုင်လည်း ဧည့်သည် ဖြစ်သလို... ကိုယ့် အတွေးထဲကို ရောက်လာတဲ့ မျှော်လင့်ချက်တွေ ကိုယ့်ဘဝထဲ ကို ရောက်လာတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကလည်းဧည့်သည် တွေ ပါပဲ။ ကိုယ် ပိုင်ဆိုင်ထားတဲ့နုပျိုခြင်း ဆိုတဲ့ ခြုံထည် ဆိုတာလည်း အချိန်တန်ရင် သူ့အလိုလို ဟောင်းနွမ်းသွားပါလိမ့်မယ်။ ကိုယ်နဲ့ ထိုက်တန်သလောက်လည်း ပိုင်ဆိုင်ခဲ့ရဘူးပြီး ကိုယ်မရ ထိုက်တာတွေ ကိုလည်း လက်လွှတ်ခဲ့ရ ပြီးပြီ။ ကိုယ် လိုချင်တာတွေရတိုင်းလည်း အများကြီး မပျော်ပါနဲ့ ကိုယ်မ ဖြစ်ချင်တာတွေ ရောက်လာတိုင်းလည်း အများကြီး ဝမ်းနည်း မနေပါနဲ့။ ကျော်ဖတ်ခွင့် မရှိတဲ့ ဘဝစာမျက်နာ တွေကို တစ်ရွက်ပြီး တစ်ရွက် ဖတ်ပြီး သွားတဲ့အခါ... ပျော်စရာတွေပဲ ဖြစ်ဖြစ် စိတ်ညစ်စရာတွေ ပဲ ဖြစ်ဖြစ် အချိန်တန်ရင် အရာရာအားလုံးက သူ့အလိုလိုပြီးဆုံး သွားမှာပါ။ "ဘဝဆိုတာ" မကြုံချင်လဲ ဆုံခဲ့ရတဲ့ လူတချို့ ရှိတယ်။ ကြုံချင်ပေမယ့် မဆုံလိုက်ရတဲ့ လူတချို့လဲရှိတယ်။ကံတရားကို တော့ လက်ခံရမှာပဲ။ မယုံချင်လဲ ပုံပြင်မဟုတ်တဲ့ ခံစားချက်တွေရှိတယ်။ယုံချင်ပေမယ့် ယုံလိုမရတဲ့ ခံစားချက်တွေလဲရှိတယ်။ အမှန်တရားကိုတော့ လက်ခံရမှာပဲ။ ပြောချင်ပေမယ့် မပြောဖြစ်လိုက်တဲ့ စကားတချို့ရှိတယ်။မပြော ချင်ပဲနဲ့ ပြောနေရတဲ့ စကားတွေလဲရှိတယ်။ သတိထားပြောမှ အမှားနဲမှာပဲ။ ကိုယ့်အမှားမဟုတ်ပဲ ရင်ဆိုင်ဖြေရှင်းရတဲ့ ကိစ္စတွေ ရှိတယ်။ ဝတ္တရားကိုတော့ အလေးထားရမှာပဲ။ စိတ်မပါလဲ လုပ်လိုက်ရတဲ့ အလုပ်တွေရှိတယ်။တာဝန်ကိုတော့ ကျေပွန်ရမှာပဲ။ လိုချင်ပေမယ့် မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်တွေ ရှိတယ်။ စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမှာပဲ။ ဖြစ်ချင်ပေမယ့် မဖြစ်သင့်တဲ့ဆန္ဒတွေရှိတယ်။ မဖြစ်ချင်ပေမယ့် လက်ခံလိုက်ရတဲ့ အခြေအနေတွေလဲ ရှိတယ်။ ကိုယ့်စိတ်ကို ကိုယ် ဆုံးမရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့... အချိုပေါ့ပေါ့ အခါးကျကျ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကိုတောင် ကြိုက်တတ်သေးတာပဲ အပျော်ကျဲကျဲ ဝေဒနာကဲကဲ ဘဝဆိုတာကိုလဲ ချစ်တတ်ရဦးမယ်လေ။ #မတ္တာဖြင့်ပြန်လည်မျှ​ဝေပါသည် #စာပေဗဟုသုတများ #စိတ်ခွန်အား #foryoupageシforyou

💀
💀
Open In TikTok:
Region: DE
Friday 31 July 2026 05:49:24 GMT
3429
119
5
12

Music

Download

Comments

user3075495615449
သာသမီးများရဲ့ဖေဖေ :
ကြိုက်တယ်ကွာ
2026-07-31 14:02:43
0
htethtetkhant7
htethtetkhant7 :
2026-07-31 12:02:30
0
sai.tharhtoo
Sai Tharhtoo :
👍👍👍
2026-07-31 10:38:03
0
user46504625435810
အလှပန်း :
🥰🥰🥰
2026-07-31 07:54:57
0
user7880402607523
လဝန်းလေး🍓🍓🍓 :
😍😍😍
2026-07-31 12:36:23
0
To see more videos from user @humanbeing558, please go to the Tikwm homepage.

Other Videos


About