@vensamvaragk: #trendingtoday #trendingtodaymusic💯💯😘😘😘 " မရူးတာဆိုလို့ ငါတစ်ပါးပဲကျန် " =======+++====== တခါက ရွာတရွာမှာ သဒ္ဓါတရား အလွန်ကောင်းတဲ့ ဒကာမကြီးတယောက် ရှိသတဲ့။ သူက နေ့စဉ်ဆွမ်းဝတ်ပြုလှူဒါန်းလေ့ရှိတာ။ တောရပ်ရွာဆိုတော့လဲ ဟင်းအမယ် အကောင်းကြီး မဟုတ်ပေမဲ့ တောဓလေ့ ရတဲ့ အသား ငါး နဲ့ အသီးအရွက် တမျိုးမျိုးနဲ့ ဘုဉ်းပေးချင်စဖွယ် ချက်ပြုတ် လှူဒါန်းလေ့ရှိတယ်။ တနေ့တော့ ဟင်းငုတ်ပွင့်လေး (သခွပ်ပွင့်လို့လဲ ခေါ်ကြသလားပဲ) ရေနွေးဖျောပီး အရန်ဟင်း အဖြစ် လက်သုပ်သုပ်ပြီး ဆွမ်းချိုင့် ပို့ရော။ ဆေးဆရာ ဖြစ်ဟန်တူတဲ့ ယောကျာ်းက တောထဲက ပြန်အလာ၊ အချိန်ကလဲ ဆွမ်းစားချိန်လောက်ဖြစ်မယ်။ သူပြန်လာတော့ ဆေးဖော်စပ်ဖို့ သူစုဆောင်းထားတဲ့ ပဒိုင်းပွင့်တွေ နေလှမ်းထားတာ မမြင်တော့ မိန်းမကို မေးတယ်။ "ငါ ဆေးဖော်ဖို့ နေလှန်းထားတဲ့ ပဒိုင်းပွင့်တွေ ဘယ်ရောက်ကုန်တုန်းဟ " "အယ်တော့် 😆 ပဒိုင်းပွင့်တွေလား၊ ကျုပ်က ဟင်းငုတ်ပွင့် ထင်လို့ အသုပ်သုပ်ပြီး ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့လိုက်သတော့ " "တယ် 😂 ဒီမိန်းမ ခက်တော့တာဘဲ, အဲဒီ ပဒိုင်းပွင့်သုပ်တွေ စားမိရင်တော့ အကုန် ဒုက္ခရောက်ကုန်တော့မယ်၊ သွား မြန်မြန် ၊ မစားဖို့ သွားတားချေ " ပဒိုင်းပွင့်ကို ဟင်းငုတ် အမှတ်နဲ့ သုပ် ကပ်မိတဲ့ ဒကာမလဲ ကျောင်းကို ခြေသုတ်တင် ပြေးရရော။ ကျောင်းရောက်တော့ ဆရာတော်ကို လှေခါးထိတ်မှာ အရိပ်ယောင်လှမ်းတွေ့ရတာနဲ့ အပေါ်ထိ မတက်အားတော့ပဲ လှေခါးရင်းကနေပဲ အမောတကောနဲ့ လှမ်းလျှောက်တယ် "တပည့်တော်မပို့တဲ့ ဆွမ်းအုပ်ထဲက ပဒိုင်း ......." စကားဆုံးအောင် မပြောရသေး ဆရာတော်က ပြန်မိန့်တယ်။ "ဒကာမ ပို့တာ ပဒိုင်းပွင့်တွေမှန်း စားပြီးမှ သိကြသဗျား၊ အခု တစ်ကျောင်းလုံးတော့ ရူးကုန်ပြီ၊ မရူးတာ ဆိုလို့ ဘုန်းကြီး တစ်ပါးပဲ ကျန်တာ" ဒကာမက မျက်လုံးပြူး မျက်ဆံပြူးဖြစ်၊ ဆရာတော်က လှေခါးကနေ ဆင်းလာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ဆင်းတုတော်ကြီး ကျောပိုး၊ ခါးတောင်းကျိုက်နဲ့ ပါးစပ် ကလဲ ဆင်းတုတော်ကို နောက်ပြန်ပုတ်ပြီး .. (ကလေးအဖေက ကလေးချော့သလို) "အေး အေ့ အို ဖေ့သားကြီးရဲ့ အိပ်ပါဆို " နဲ့ ပြောနေရရှာသတဲ့။ အထူးဆန်းတွေ ကပ်တိုင်း သိပ်စားလို့ မဖြစ်၊ တော်ကြာ မရူးတာ ကျုပ်တစ်ပါးကျန်တယ်၊ "အေး အေ့ အို" ဖြစ်နေမယ်။ 😂😂😂 #CRD=🙏🙏🙏

သုခစံရိပ်ငြိမ်ဆရာတော် စလင်း
သုခစံရိပ်ငြိမ်ဆရာတော် စလင်း
Open In TikTok:
Region: MM
Friday 31 July 2026 06:05:03 GMT
13346
924
39
154

Music

Download

Comments

a.thu1759
Ko Thu :
😂😂😁😁😁😂
2026-08-01 01:43:51
1
hnin.si9541
Hnin Si :
စေသနာအမှားပဘရား💕
2026-08-02 03:30:37
1
zawthi59
zawthi :
ok
2026-08-01 14:43:40
1
user2913046590816
ဆန်းဇော်တာ :
2026-08-01 14:56:32
1
ba.thet16
Ba Thet :
တင်ပါ့ဘုရား ရှစ်ခိုးဦးခိုက်ပါ၏ ဘုရား
2026-08-02 03:07:49
1
smi.que
Daw Win Mar Khing :
🙏🙏🙏
2026-08-01 03:38:04
1
han.htoo09
Han Htoo :
မသိလို့မှားတာပါ ဝဋ်ကျွေးလို့ထင်ပါတယ် မှားသွားရင်ခွင့်လွှတ်ပေးပါ
2026-08-01 14:59:02
1
chit.wai.aung26
𝐂𝐇𝐈𝐓 𝐖𝐀𝐈 𝐀𝐔𝐍𝐆 :
🙏🙏🙏
2026-08-02 05:26:11
0
user8838586360606
သမီးကြီး :
မှန်လှပါဘုရား မှတ်သားပါ့မယ်🙏🙏🙏🙏🙏
2026-08-02 03:09:15
0
user6693179226553
ဦးတာ :
2026-07-31 10:57:52
1
myo.gyi9838
Myo Gyi :
မှတ်သားထားလိုက်ပါ့မယ်။ဘုရား
2026-08-01 09:17:33
1
shwe.poe.thar04
shwe poe thar :
2026-08-01 12:46:00
1
myint.yin5
ရွှေ :
🙏🙏🙏
2026-08-01 00:02:27
1
hnincherrylwin...3
Hnin Cherry lwin :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-08-02 10:22:36
1
khin.hlaing.oo29
စလင်းသူလေး :
😁😁😁
2026-07-31 13:21:13
1
than4762
THAN :
🙏🙏🙏
2026-08-01 17:10:18
1
user5706734230606zawko
ဦးတင်လင်း :
🙏🙏🙏🙏🙏
2026-08-02 02:58:19
0
user41117034623024
ဦးကျော်မွှေး :
🙏🙏🙏
2026-08-02 06:41:58
1
To see more videos from user @vensamvaragk, please go to the Tikwm homepage.

Other Videos


About