@lwin.aung538: မိဘမေတ္တာ ********** ဖတ်ကြည့်နော်… တစ်ခါတုန်းက… ဆင်းရဲနွမ်းပါးတဲ့ မိသားစုလေးတစ်စု ရှိပါတယ်။ သားသမီးကလည်း သုံးယောက်တောင် ရှိသတဲ့။ မိဘနှစ်ပါးက အလုပ်ထွက်လုပ်ရပါတယ်။ သမီးအကြီးဆုံးကတော့ ထမင်းချက် ဟင်းချက်ပေါ့။ အငယ်မောင်လေး နှစ်ယောက်က ငယ်သေးတော့ ကစားနေကြတာနဲ့ပဲ အချိန်ကုန်ပါတယ်။ မိဘတွေဟာ ပြန်ရောက်ချိန် မမှန်ရှာပါဘူး။ တစ်ခါတလေ အလုပ်စောစောပြီးတဲ့အခါ အိမ်ပြန်ချိန် စောတယ်။ တစ်ခါတလေ အလုပ်နောက်ကျတဲ့အခါ အိမ်ပြန် နောက်ကျတယ်တဲ့။ အဲဒီတော့ ထမင်းစားဖို့အတွက် မိဘတွေဖို့ သီးသန့်ချန်ပြီး အငယ်ကလေးလေး နှစ်ယောက်ကို အရင်ကျွေးလေ့ ရှိပါတယ်။ တစ်နေ့မှာပေါ့… မိဘနှစ်ယောက် အလုပ်သိမ်းချိန် နောက်ကျတော့ သမီးကြီးက မိဘတွေဖို့ သပ်သပ်ခွဲထားပြီး မောင်လေးနှစ်ယောက်ကို အလျှင် ထမင်းကျွေးထားလိုက်ပါတယ်။ ကိုယ်တိုင်ကတော့… မွေးထားတဲ့ အိမ်မွေးသတ္တဝါလေးတွေကို အစာကျွေးဖို့အတွက် ခြံထဲကို ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အငယ်လေးနှစ်ယောက်ဟာ မိဘတွေအတွက် ချန်ထားတဲ့ ဟင်းတွေကိုပါ ယူစားလိုက်သတဲ့။ သူတို့က ကလေးလေးတွေဆိုတော့ နားမလည်ကြသေးဘူးလေ။ ကလေးသဘာဝအတိုင်း သူတို့လေးတွေက ကစားမယ်။ ပြီးလျှင် စားမယ်။ ဒါပဲ သိရှာတယ်။ ပူပန်ရမှန်းလည်း မသိရှာပါဘူး။ မိဘတွေဟာ အလုပ်ပြီးတော့ ပြန်လာကြပါတယ်။ သမီးကြီးကလည်း မိဘတွေ ပြန်လာတဲ့အသံ ကြားတော့ အိမ်မွေးတိရစ္ဆာန်လေးတွေ အစာကျွေးရင်းကနေ လက်ရေဆေးပြီး ထမင်းခူးပေးဖို့ ပြန်လာတာပေါ့။ အဲဒီအချိန်မှာ ဟင်းတွေက မရှိတော့ဘူးတဲ့။ ကလေးတွေကလဲ ကစားဖို့ အပြင်ထွက်သွားကြပြီ။ သူတို့ခမျာ ဆင်းရဲတော့ ဟင်းသိမ်းဖို့ ကြောင်အိမ်တို့ ဘာတို့လဲ ရှိကြဟန် မတူပါဘူး။ သမီးကြီးက မီးဖိုချောင်ထဲမှာ ဟင်းတွေကုန်တာ တွေ့သွားတော့ အမေကို ပြောပါတယ်။ အမေရေ… မောင်လေးနှစ်ယောက်လေ ဟင်းတွေကို သမီးမသိခင် အကုန်ယူစားလိုက်ကြပြီ။ ဘာမှမကျန်တော့ဘူး။ ဒါကိုမိခင်ကြီးက ကြားတော့… သမီးရယ်… တိုးတိုး ပြောပါကွယ်။ နင့်အဖေ သိသွားလိမ့်မယ်။ အမေက မစားရလည်း ရပါတယ်။ ရှိတာလေးနဲ့ နင့်အဖေကို အလျှင်ကျွေးလိုက်ပါ။ အမေ အပြင်ခဏ သွားမယ်နော်တဲ့။ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ လေးစားစရာ စိတ်ဓာတ်လေးတွေပါ။ အိမ်ထောင်ရှင်မ အားလုံးနီးပါး ခုလိုစိတ်ဓာတ်လေးတွေ ရှိတတ်ကြပါတယ်။ သား သမီးတွေကို မောမောနဲ့ပြန်လာရှာတဲ့ ဖခင်ကြီး ဆူမှာ စိုးရိမ်တဲ့ မိခင်မေတ္တာနဲ့ မိမိအိမ်သားကို ဦးစားပေးတတ်တဲ့ အိမ်ရှင်မတစ်ဦးရဲ့ စေတနာ ပေါင်းစပ်ထားတာပါ။ ဒီအချိန်မှာ ထမင်းမစားခင် ရေသွားချိုးတဲ့ ဖခင်ကြီးက ပြန်လာတော့ ကြားသွားတာပေါ့။ ဖခင်ကြီးက ဘာပြောလိုက်သလဲ ဆိုတော့… သမီးကြီးရယ်… သူတို့လေးတွေ ထမင်းမစားတတ်ခင်ကဆို စားအောင်လို့ ဝါးတောင် ခွံ့ကျွေးခဲ့ရတာ။ ခုလိုစားနိုင်လို့ကတော့ ကြိုက်သလောက် စားစမ်းပါစေ။ အဖေတို့အတွက် ဆားရှိလျှင် ဖြူးစားလို့ ရပါတယ်တဲ့။ ဖခင်တစ်ယောက်ရဲ့ မေတ္တာပါ။ ကိုယ်ပင်ပန်းပြီး ဆာလောင်နေတဲ့ ဆာလောင်မှုကို သားသမီးတွေ အပေါ်မှာ ထားတဲ့ မေတ္တာက အနိုင်ယူပြလိုက်တာပါ။ မိဘတွေဟာ ကိုယ်အငတ်ခံပြီး သားသမီးတွေကို ကျွေးလေ့ရှိကြပါတယ်။ မိဘတိုင်းက အခြေနေအရ မတူကြပေမယ့် ထားရှိတဲ့ စေတနာ မေတ္တာတော့ အများစု တူညီကြပါတယ်။ သူတို့ဘယ်လောက်ပဲ ဆင်းရဲပါစေ။ သား သမီးတွေကို ချမ်းချမ်းသာသာ ဖြစ်စေချင်ကြပါတယ်။ အကယ်၍ မိဘတစ်ဦးက အမြင်ကျဉ်းလို့ သား သမီးအပေါ် လမ်းကြောင်းရွေးပေးတာ မှားခဲ့မယ်ဆိုလျှင်လဲ စေတနာ အမှားပါ။ မိဘတိုင်းနီးပါး သား သမီးတွေ ကောင်းစားဖို့ အတွက်ပဲ ဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါကြောင့် မိဘတွေကို ဘယ်သောအခါမှ ဘာအကြောင်းကြောင့်ဖြစ်စေ မပြစ်မှားမိကြပါစေနဲ့။ မိမိတတ်နိုင်သလောက် ပြုစုလုပ်ကျွေး ထောက်ပံ့ပေးကြပါ။ မိဘဆိုတာ အနန္တောအနန္တငါးပါးထဲမှာ ပါဝင်ပါတယ်။ မိဘကို ဦးစားပေးကြပါ။ မသေခင် တတ်နိုင်သလောက် မိဘတွေကို စိတ်မဆင်းရဲရအောင် ထားကြပါနော်… မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) မဟာအောင်မြေကျောင်းတိုက် နေပြည်တော် တပ်ကုန်းမြို့
အရှင်ပုည( ဝကုန်း )မဟာအောင်မြေ
Region: MM
Friday 31 July 2026 14:20:01 GMT
Music
Download
Comments
အေးအေးမှူ :
မှန်လိုက်တာဘုရား
2026-08-02 08:53:56
1
နှင်းစု :
🙏🙏🙏တင်ပါ့ဘုရား
2026-07-31 15:16:02
1
Aung Myo Win :
မှန်ပါဘုရား 🙏🙏🙏
2026-07-31 14:39:22
1
ဒေါ်သိန်းထွေး :
သာသမိတေကမိဘအပေါ်သိတပ်တ်သာတေသမိတေဖြစ်ကျပါစေလေါကကြိရေမိဘတိုင်ရ်မြစ်တာပေါ့
2026-08-01 00:31:09
1
♥️pae.sein Lay♥️ :
🙏🙏🙏
2026-07-31 14:33:15
1
💦B.T.K💥 :
🥰🥰🥰
2026-07-31 14:37:30
1
🤗win🤗 :
❤️❤️❤️
2026-07-31 14:38:30
1
Min Htet :
🥰🥰🥰
2026-07-31 14:36:11
1
moelay :
🥰🥰🥰
2026-07-31 14:35:17
1
shwe :
👍👍👍👍👍
2026-07-31 14:31:50
1
user12159699356 :
🥰🥰🥰
2026-07-31 20:17:35
1
La Min Kha😋 :
🥰🥰🥰
2026-08-02 09:07:57
1
မေဂျူးမွန် :
🙏🙏🙏
2026-07-31 16:16:11
1
ရွှေရင်ကျော် ဆရာဦးမင်းကိုနိုင် :
🥰🥰🥰
2026-08-02 02:13:24
1
Daw Si Htay :
🥰🥰🥰
2026-07-31 16:33:10
1
May May :
💓💞💕❣💗💖💓
2026-08-01 00:03:52
1
Daw Si Htay :
🙏🙏🙏🙏🙏🙏🙏🙏
2026-07-31 16:33:27
1
Ma Gyi Soe; :
🙏🙏🙏
2026-07-31 15:20:43
1
KING :
🙏🙏🙏
2026-08-02 05:15:45
1
CHit Naing :
🥰🥰🥰
2026-07-31 15:19:05
1
Bo Sein myint :
🥰🥰🥰
2026-07-31 14:57:36
1
💞ႁၵ််ႉတူဝ်ၵဝ်💞🍁🍂🍃 :
🙏🙏🙏
2026-07-31 14:57:59
1
နွေတေသီ :
🙏🙏🙏
2026-08-01 05:49:04
1
To see more videos from user @lwin.aung538, please go to the Tikwm
homepage.