@yaminnsharing26: "VLOOKUP Formula ကို တစ်ခါပဲရေးပြီး Drag ဆွဲရုံနဲ့ ကျန်တဲ့အချက်အလက်တွေ အလိုအလျောက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ? "အရင်ဆုံး VLOOKUP Formula ကို ပထမဆုံး Cell မှာ ရေးလိုက်ပါမယ်။" "ဒီ Formula မှာ Lookup Value ကို Cell Lock လုပ်ထားပြီး၊ Table Array ကိုလည်း Cell Lock လုပ်ထားပါတယ်။" "ပြီးတော့ Column Number ကို တစ်ခုချင်းစီ လက်နဲ့ပြောင်းနေစရာမလိုဘဲ ROW Function ကို အသုံးပြုထားပါတယ်။" "အခု Formula ကို အောက်ကို Drag ဆွဲလိုက်တဲ့အခါ တွေ့ရတဲ့အတိုင်း Lookup Value နဲ့ Table Array က မပြောင်းတော့ဘဲ၊ ROW Function ကပဲ အလိုအလျောက် ပြောင်းသွားတဲ့အတွက် ကျောင်းသားရဲ့ အချက်အလက်တွေ အကုန်လုံး တစ်ခါတည်း ပေါ်လာပါတယ်။" ✅$C$2 → Lookup Value ကို Lock လုပ်ထားတယ် (ကျောင်းဝင်နံပါတ် မပြောင်းစေချင်လို့) ✅$C$3:$K$13 → Table Array ကို Lock လုပ်ထားတယ် ✅ROW(A2) → Formula ကို အောက်ဆွဲလိုက်တာနဲ့ 2, 3, 4, 5... လို့ အလိုအလျောက်ပြောင်းပြီး Column Index Number အဖြစ် သုံးပေးတယ်။ ✅FALSE → Exact Match "ဒီနည်းလမ်းကို သိထားရင် VLOOKUP Formula ကို တစ်ခါပဲရေးပြီး Drag ဆွဲရုံနဲ့ အလုပ်ပြီးပါတယ်ရှင့်။ Save လုပ်ထားပြီး နောက်ထပ် Excel Tips တွေအတွက် Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။" #creatorsearchinsights #Excel #VLOOKUPFORMULA #YaminnComouterSharing #CellLock
YAMINN Computer Sharing
Region: MM
Friday 31 July 2026 16:30:42 GMT
Music
Download
Comments
🍀 Mommy Yaminn 🍀 :
🥰🥰🥰
2026-07-31 16:34:11
1
thirihann232200 :
🥰🥰🥰
2026-07-31 16:40:57
1
To see more videos from user @yaminnsharing26, please go to the Tikwm
homepage.