@thandarminswe: 🌅 မင်္ဂလာရှိသော နံနက်ခင်းပါ 🙏 နေ့သစ်တစ်နေ့ကို မစတင်မီ စိတ်ကို ခဏလေး ငြိမ်သက်အောင်ထားပြီး ရတနာသုံးပါးကို သတိရလိုက်ကြရအောင်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် သရဏဂုံတည်ခြင်း သည် နေ့စဉ်ဘဝ၏ အခြေခံအကျဆုံး ကုသိုလ်အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၍ အသက်ရှင်နေထိုင်ခြင်းသည် စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းသောအကြံ၊ ကောင်းသောအပြော၊ ကောင်းသောအပြုတို့ဖြင့် နေ့သစ်ကို စတင်နိုင်စေပါသည်။ 🙏 သရဏဂုံ (သုံးကြိမ် ရွတ်ဆိုရန်) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ (ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏) ဓမ္မံ သရဏံ ဂစ္ဆာမိ။ (တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏) သံဃံ သရဏံ ဂစ္ဆာမိ။ (သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏) ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ သရဏဂုံသုံးပါးကို နေ့စဉ် ရွတ်ဆိုတည်ထားခြင်းသည် ရတနာသုံးပါးအပေါ် ယုံကြည်သဒ္ဓါကို ခိုင်မြဲစေပြီး ဘုရားရှင်၏ အဆုံးအမများကို မမေ့မလျော့ လိုက်နာကျင့်သုံးနိုင်ရန် အားဖြစ်စေပါသည်။ ထို့အပြင် စိတ်ကို အေးချမ်းတည်ငြိမ်စေ၍ မေတ္တာ၊ သတိနှင့် ပညာတရားများကို တဖြည်းဖြည်း တိုးပွားလာစေပါသည်။ မနက်ခင်းတိုင်း အချိန်တစ်မိနစ်မျှပေး၍ သရဏဂုံတည်ပါ။ နေ့သစ်ကို ကုသိုလ်စိတ်ဖြင့် စတင်နိုင်ပြီး တစ်နေ့တာလုံးအေးချမ်းကြည်လင်သော စိတ်ထားဖြင့် ဖြတ်သန်းနိုင်ပါလိမ့်မည်။ 🙏 ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ ကုသိုလ်တရားများ တိုးပွားကာ လောကီအကျိုး၊ လောကုတ္တရာအကျိုး နှစ်ဖြာကို ပြည့်စုံစွာ ရရှိနိုင်ကြပါစေ။ မေတ္တာဖြင့် 🙏✍️© မယ်ရစ် #မယ်ရစ် #သရဏဂုံ #နေ့စဉ်ဓမ္မစာစု #နံနက်ခင်းကုသိုလ် #နာယူမှတ်သားတရားတော်များ

Thandar
Thandar
Open In TikTok:
Region: MM
Saturday 01 August 2026 04:22:41 GMT
1156
256
2
1

Music

Download

Comments

than.zaw6044
Than zaw :
🙏🙏🙏
2026-08-04 10:00:31
0
u.kyaw.lin290
U Kyaw Lin :
🥰🥰🥰
2026-08-01 06:17:01
1
To see more videos from user @thandarminswe, please go to the Tikwm homepage.

Other Videos


About