@nyinyihtetnaung.official: လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် အိမ်ထောင်စု ၁၃၀၀ ကျော်မှ လူဦးရေ ၆၇၀၀ ကျော် ရေဘေးသင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦး ရေဘေးသင့်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာပေါင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုနှင့် သခွတ်ချောင်းကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်လျက်ရှိပြီး ရေဝင်ရောက်ရာ အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘဲ တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်းနှင့် ရေပေါက်ပိတ်ဆို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တာကျိုးရာနေရာနှင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၃၁ ရက်ြ သွားရောက်ကြည့်ရှုခဲ့ပြီး လေးမျက်နှာမြို့ ဣစ္ဆာသယကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင် ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် အရေးပေါ် ရွှေ့ပြောင်း/သတိပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ရေတွန်းအားကြောင့် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ဒသမ ၅ ပေခန့် စတင်ဝင်ရောက်လျက်ရှိနေကြောင်း၊ တာအတွင်းသို့ ဝင်ရောက်လာသော မြစ်ရေများသည် အရှေ့ဘက် မြစ်ကျိုးအင်း၊ အရှေ့မြောက်ဘက် ချောင်းဇောက် ၊ စာရေးကုန်းချောင်း ၊ ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ယင်းကြောင့် အနိမ့်ပိုင်းလယ်ကွင်းများ၊ လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန်၊ ပစ္စည်းများနှင့် သက်ကြီး/ကလေးများ - တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ရှေ့ဦးစွာ လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြပါရန်၊ လျှပ်စစ်အန္တရာယ် သတိပြုရန် - မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြပါရန်၊ အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံကြပါရန်နှင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြပါရန် အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ #လေးမျက်နှာမြို့နယ် #ငဝန်ရေကာတာ #ဘေးကင်းကြပါစေ🙏🙏🙏 #ayeyarwady #news
𝙈 𝙎𝙢𝙖𝙧𝙩
Region: MM
Saturday 01 August 2026 06:00:23 GMT
Music
Download
Comments
🐀🍭Päîñĝ🍓🍰 :
တွေးကြည့်ရင် အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ ကိုဗစ်ဖစ်လိုက် စစ်ဖစ်လိုက် ငလျင်ဖစ်လိုက် မီးလောင်လိုက် ရေကြီးလိုက်နဲ့ တို့နိုင်ငံလေးပဲ တခုပီးတခုဖစ်နေတာ🥺😭😭
2026-08-01 07:25:54
42
🦋Myu hnin🦋 :
ငါတို့မြို့လေးပဲထိခိုက်နေရတာပါလား...စစ်ဖြစ်လို့မြို့ပေါ်သွားခိုလှုံနေရတယ် ခုကျမြို့မှာရေလဘေးတဲ့😇
2026-08-01 07:04:13
25
Khine☪♥lay🖤 :
အမြဲဆုံးဘေးကင်းကြပါစေ🙏🙏🙏
2026-08-01 13:50:03
2
HAN HTET :
တို့တိုင်းမှူးကိုယ်တိုင်ဆင်းတာဟ🧡🫡
2026-08-01 08:11:52
5
🌹👑မပြုံးရဲ့ ဘုရင်မယေး🤭👑🌹 :
ဒီရာသီရောက်ရင် ဒီဒဏ်တွေကိုခံစားနေရတယ် မြင်မိတိုင်း ငိုနေရတယ် သဘာဝတရားကြီးရာယ် လုံခြုံခွင့်ပြုပါ🥺
2026-08-01 06:38:34
9
KyawWinThan :
အုပ်ချုပ်တဲ့ ဘုရင်မကောင်းတော့
ကပ်ဆိုပ်နေပြီလားမသိပါဘူးဗျာ
2026-08-01 15:49:14
0
Ai fun :
ကယ်ဆယ်ရေးသများများကျွန်တော်ပြန်လာကူညီချင်ပါတယ်
2026-08-01 14:47:13
1
±*Sa±* Lin ±*Zaw±*Paing±* :
ဧရာဝတီတိုင်တင်မကဘူး ကမ္ဘာသူကမ္ဘာသားအားလုံးအန္တာရယ်ကင်ကျပါစေ ကျန်မာချမ်းသာကြပါစေဆုတောင်ူပေးပါတယိ
2026-08-01 11:44:35
6
Ma Sann. :
ဘေးကင်းကြပါစေ🙏🙏🙏
ကူညီပေးသူအားလုံးကိုလည်းလေးစားပါတယ်
2026-08-01 06:45:46
4
Julia💗💗💗သားလေးမေမေ💗 :
လေးမျက်နှာမြို့သူမြို့သားများအာလုံးဘေးကင်းကြပါစေရှင့်ပရဟိတအကိုကြီးများလည်ဘေးကင်းကြပါစေရှင့်
2026-08-01 07:13:17
3
Zin Mar :
အားလုံးဘေးကင်းကြပါစေ
2026-08-01 07:02:57
3
Naw Mudar✨ :
ဆက်သွယ်မရတော့တဲ့သူငယ် ချင်းကိုစိတ်ပူမိတယ်😥
2026-08-01 09:38:53
3
Chaw🦋💦 :
ဘေးကင်းကြပါစေ🙏
2026-08-01 07:04:33
3
L🎀 :
စစ်ဘေးရှောင်နေရင်း ရေဘေးပါရှောင်နေရတဲ့ဘဝတေပါ💔
2026-08-01 12:50:58
2
Kyaw Gyi :
ကျေးဇူတင်ပါတယ်အကိုတို့ရေ ရန်ကုန်ကနေအကိုတို့တွေကိုဘေးရန်ကင်းပါစေဆုတောင်းနေပါတယ်ဗျာ😊😊😊
2026-08-01 15:44:10
1
ပင်ြမြင့်ပွင်တဲသဇင် :
ဘေကင်ကြပါစေအားလုံး
2026-08-01 06:58:09
1
user38425267566083 :
တို့နိူင်ငံလေး😢😭😢
2026-08-01 06:56:02
1
Zin Lae Myo Thu(🙊ယုန်ငယ်🐰) :
အ့ဒီ့မြို့လေးကိုပဲဘာလို့အထိခိုက်များနေရတာလဲကွယ်"🥺
2026-08-01 13:58:41
1
Pyae Pyae Tun :
မြန်မာပြည်မှာ ရေတွေမိုးတွေအရှေ့အလယ်ပိုင်းဒေသကိုလာပါကွယ်ဒီဘက်မှာတော့ပူလွန်းလိုက်တာ
2026-08-01 13:35:59
1
🍒ဖူးငုံ🍒🇲🇲🏃♀️🇹🇭 :
သတင်းတွေ တက်တိုင်းငိုနေရပြီ ကိုယ့်မြို့ဆိုတော့😳😳
2026-08-01 07:00:45
2
ရွှေလသာ မုန့်ဆိုင် တောင်ငူ :
အမြန်ဆုံးဘေကင်းကြပါစေ🙏🙏🙏
2026-08-01 07:04:18
2
🇲🇲🇦🇪Yee Yee Khaing🇲🇲🇦🇪 :
ကိုယ်ရဲ့ဧရာဝတီတိုင်းလေးနစ်စဥ်ကြုံနေရတာဘယ်ဘဝကဝဠ်ကြွေးတေလည်းကွာ😭😭😭
2026-08-01 06:32:54
2
🍏🍎🍐🍊🥭🍋🍉🥥🥝🍍🍑🍒🍈🍓🍇 :
မိုးတွင်းရောက်တိုင်းမြင်နေရတာစိတ်မကောင်းဘူးကွယ်
2026-08-01 06:54:36
3
♑️🦋I’m not Yu Mon Kyaw🦋♑️ :
“နတ်ဗြဟ္မာ”မှအစ “အပါယ်ဘုံသား”အဆုံး ကမ္ဘာသူ ကမ္ဘာသား “သက်ရှိသတ္တဝါများ “အားလုံး ဘေးရန်ကင်းလို့ ကျန်းမာ ချမ်းသာ ကြပါစေ🙏🙏🙏
2026-08-01 06:44:52
0
may :
ေ ဘးကင်းကြ ပါ ေ စ🙏🙏🙏
2026-08-01 06:04:51
0
To see more videos from user @nyinyihtetnaung.official, please go to the Tikwm
homepage.