@yeik.nyain: အရွယ်ဘယ်လောက်ရောက်ရောက် ကလေးတစ်ယောက်လို စိတ်ကောက်လို့ရတာ အမေ့အိမ်ပဲ ။ အသက်တွေ တဖြည်းဖြည်း ကြီးလာတယ်။ တာဝန်တွေ များလာတယ်။ လူတွေရှေ့မှာ တည်ငြိမ်တတ်လာတယ်။ နာကျင်မှုတွေကိုတောင် မျက်နှာမပျက်ဘဲ ဖုံးကွယ်တတ်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ “လူကြီး” ဆိုတဲ့ အမည်နဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်ပဲ သိမ်းထားရတဲ့နေ့တွေ များလာတယ်။ ဒါပေမယ့် အမေ့အိမ်ကို ပြန်ရောက်တဲ့အခါတော့ အဲ့ဒီအရာတွေ အားလုံး တဖြည်းဖြည်း ပျောက်သွားတတ်တယ်။ အပြင်လောကမှာ ဘယ်လောက်မာကျောခဲ့ပါစေ၊ အမေ့ရှေ့ရောက်ရင်တော့ ကိုယ်ဟာ အရင်ကလို ကလေးတစ်ယောက်ပဲ ဖြစ်နေဆဲပါပဲ ။ စိတ်ကောက်လို့ရတယ်။ စကားမပြောဘဲ နေလို့ရတယ်။ မျက်နှာပုပ်ထားလည်း ရတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့မေတ္တာက အကြောင်းပြချက် မလိုတဲ့ မေတ္တာမျိုး ဖြစ်လို့ပေါ့ ။ အမေ့အိမ်ဟာ အရှုံးတွေကို အနိုင်အဖြစ် ပြောင်းမပေးနိုင်ပေမယ့် ပင်ပန်းနေတဲ့ စိတ်ကိုတော့ အေးချမ်းအောင် ပွေ့ဖက်ပေးနိုင်တယ်။ ကမ္ဘာကြီးတစ်ခုလုံး ကိုယ့်ကို နားမလည်တော့တဲ့အချိန်မှာတောင် အမေ့အိမ်ကတော့ အမြဲနားလည်မှုတံခါးကို ဖွင့်ထားဆဲပဲ ။ လူတိုင်းမှာ အားနည်းခွင့်ရှိတယ်။ ဒါပေမယ့် အဲဒီအားနည်းခွင့်ကို အကြောက်အရွံ့မရှိပဲ ပြနိုင်တဲ့နေရာကတော့ များများစားစား မရှိပါဘူး။ အရာရာတိုင်းကို ဆန္ဒရှိသမျှ ထုတ်ဟခွင့်ရတဲ့ နေရာတစ်ခုကတော့ အမေ့အိမ်ပါပဲ ။ #ရိပ်ငြိမ်
Yeik Nyain -ရိပ်ငြိမ် -
Region: MM
Saturday 01 August 2026 09:02:55 GMT
Music
Download
Comments
Phone :
မသိတက်သေးတဲ့ ၇နှစ်သားလောက်ထိဘဲ ကလေးလေးဖြစ်ခွင့်ရခဲ့ပါတယ် ၈နှစ်ကနေ ၁၀ နှစ်သား မှာ သိတက်နားလည်လာခဲ့ပါပြီ မပြည့်စုံသောမိသာစုမှာ သားအကြီး တစ်ယောက် အနေနဲ့ အိမ်မှာ နိုင်သောဝန်နဲ့ မနိုင်သော စိတ်အပူပင်သောကများစွားနဲ့ အပူပင်မကင်းသော ကလေးဘဝ ကို စတင်ခဲ့ပါတယ် ယနေ့အချိန် အထိ အသက် ၂၇ နှစ်ထဲ ရောက်ခဲ့ပီ သားအကြီး တာဝန်တေထမ်းထားစဲပါ အမေဆိုပီရင်ခွင်ထဲ မဝင်ဖြစ်တာ အတော်ကြာပါပီ 10 နှစ်ကျော်ပီလား မမှတ်မိတော့ ဘယ်အချိန် ထဲက မငိုတက်တော့တာလဲ အမြဲ လူကြီး တစ်ယောက်အနေနဲ့ မောင်နှမတေ မိဘတေ အရှေ့မှာဘဲ သန်မာပြခဲ့ ရတာဟာ ကျနော် ဘဝပါဘဲ အားကျပါတယ် သူများတေလို ရင်ခွင်ထဲ ပြေးဝင်ပီး ကလေးလို အော်ငို လိုက်ချင်တာပေါ့ ဟဲဟဲ ရယ်စရာ လေးပါဘဲ အမှန်တကယ်တော့ ကျနော့် အိပ်ယာနဲ့ ခေါင်းအုံးလေးကသာ .... ပျော်ပါတယ် ဒါဟာ ဘယ်သူကမှ မခိုင်းစေဘဲ သိတက်ချင်ခဲ့တဲ့ သားအကြီး တစ်ယောက် ရဲ့ ခံယူချက် ပေးဆပ်မှု ပျော်ရွှင်မှုလေးပါ လွမ်းပါတယ် ကျနော် ဟာ အပြောကြမ်းပေမဲ့ သိပ်ချစ်ပါတယ် အရမ်းလွမ်းပါတယ် ချစ်သောမပြည့်စုံမိသာစုလေးကို☺☺☺
2026-08-13 16:48:00
66
𝑴 💕 :
အမေ့အိမ်မှာ ဟိုဟာမစားခြင် ဒီဟာမစားခြင်ဂျီကျခဲ့သမျှ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးကိုယ့်လုပ်စာကိုယ်စားရတဲ့အခါကြမှ နားလည်လာတယ်🥺🥰
2026-08-13 13:05:01
13
🍓 Nge 🥑(official acc) :
စာသားလေးချပေးပါရှင့်🥰
2026-08-12 03:45:39
5
Remember me :
စာသားလေးပြန်သုံးခွင့်ပြုပါcrdပေးပါတယ်🥰
2026-08-12 04:49:44
2
KTDN :
စာသားလေးသဘောကျလို့copyယူပြီးပြန်တင်ပါရစေ
2026-08-12 13:46:24
3
NweOoPadauk :
စာသားလေးcopyယူခွင့်ပြုပါနော်
2026-08-12 11:47:53
2
May July :
အမြဲစိတ်ကောက်တတ်တဲ့သူမို့အမေ့အိမ်ဟာကျွန်မဘဝနဲ့အသင့်တော်ဆုံးပါ🙂
2026-08-14 15:51:42
1
Min khant :
သိမ့်မှန်ပါတယ်
2026-08-12 11:29:15
2
🍓Htoo Myat Yadanar🍓 :
ပြန်စရာအမေ့အိမ်လဲမရှိဘူး ရှိနေတဲ့အိမ်မှာမပျော်ဘူး တနေ့နေ့တချိန်ချိန်တော့ ဆုံးဖြတ်ချက်တွေ အခိုင်အမာချမိမှာပါ အခုလောလောဆယ်တော့ ခလေးလေးလူ့လောကထဲ ရောက်လာဖို့ပဲ ကြိတ်မှိတ်သည်းခံပီးနေရအုန်းမယ်
2026-08-13 15:46:14
6
သားသားမေမေ :
ယုံနိုင်မလားတော့မသိပေမယ့် အမေ့အိမ်မှာဆုိ ရှိသမျှအလုပ်က ကိုယ့်အလုပ်ပဲ နေချင်သလိုနေ ပီး စိတ်ကောက်ချင်သလုိ ေကာက်လို့ရတာ ယောက္ခမအိမ်ရောက်မှ😁😁😁
2026-08-14 13:56:32
1
မရဲ့ချစ်မဝလေး...😍 :
စာသားလေးယူပါရစေ..ပြန်တင်ပါရစေ..
အိုမန်ရောက်မြန်မာ...🥰🥰🥰
2026-08-12 16:36:20
2
🦋kit🤎 :
စာလေးချပေးပါ့💜
2026-08-12 01:18:05
2
zin mar :
ဟုပ်ပါတယ်
2026-08-13 07:34:26
2
⭐LH⭐ :
ဒီစာသားကအမှန်ပဲ အမေအိပ်ရောက်တာနဲ့ နေ့လဲစိတ်ကောက်ညလဲစိတ်ကောက် အမေကိုချွဲပြီအမေနဲ့အိပ်နေတုန်😁
2026-08-13 21:49:32
2
Poe Poe :
လွမ်းတယ် အမိုးရယ်😞😞😞
2026-08-13 03:22:20
2
🇲🇲 ᥫ᭡ ᎮᎩᏗᏋ ᥫ᭡ 🇯🇵 :
စာသားလေးယူခွင့်ပြုပါ
2026-08-13 05:58:00
2
𝐊𝐎 𝐀𝐔𝐍𝐆 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 :
လေစားလျှက်ပါအကိုရေ
2026-08-12 07:51:23
2
တောကကိုရင် :
ကျန်းမာကျပါစေ
2026-08-13 00:37:12
2
ရစ်လုံးလေး(1993)🇲🇲🇲🇲🇲🇲 :
ပြန်တင်မယ်နော်🥰🥰
2026-08-12 06:45:15
2
Zuu Thingyan :
စာသားလေးပြန်တင်ခွင့်ပြုပါ🥰
2026-08-13 01:15:05
2
ဝခိုင်မ🦦 :
စာလေးယူသုံးခွင့်ပြုပါနော် crd ပေးပါ့မယ်ရှင့်
2026-08-13 02:06:34
2
𝙺𝚢𝚊𝚠𝚉𝚒𝚗𝙼𝚘𝚎𝙷𝚝𝚎𝚝💫 :
ဒီသီချင်းကြီးနဲ့ ဒီစာသားကိုကျော်ပေးပါဗျာ
ရင်ဘတ်ကြီးထဲ ထိလွန်းလို့ပါ ကိုရိပ် ရာ☹️☹️
2026-08-01 16:49:06
3
Thandar Tin Win🤍 :
အမေရှိနေတော့ အလုပ်ကပင်ပန်းလာရင်တောင် အမေ့မျက်နှာလေးမြင်လိုက်တော့ နောင်ရက်တွေအလုပ်သွားဖို့အားရှိနေသေးတယ်😘
2026-08-13 13:21:56
0
khinthetpan05 :
ပြန်စရာအိမ်တောင် ရှိမနေတော့ပါဘူး🥺🥺
2026-08-13 07:45:39
2
C.P.O💘Y.N.D.A😍ကိုယ်ပွားလေး🤱 :
crdပေးပါတယ်နော်🥰 ပြန်တင့်ခွင့်ပါနော်🙏
2026-08-13 06:36:10
2
To see more videos from user @yeik.nyain, please go to the Tikwm
homepage.