@sitisuhaibah287: #Khit Thit သတင်းဌာန၏ ဩဂုတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံက လူငယ် ၇၁ ရာခိုင်နှုန်းကျော်ဟာ ပြည်ပကို ထွက်ခွာနေတဲ့အတွက် ပြည်တွင်း လုပ်သားရှား ပါးပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု အဟန့်အတားဖြစ်လာတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရုရှားရင်းနှီးမြှုပ်နှံမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက အကြမ်းဖက် စစ်တပ်ရဲ့ အကောက် ခွန် ဒုဦးစီးမှူး ဖြိုးစံ ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင် ဖမ်းဆီးရမိထားတယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မန္တလေးတိုင်း ၊ တောင်သာမြို့အဝင်က အကြမ်းဖက် စစ်တပ်ရဲ့ မန်ကျည်းရိုး စစ်ဆေးရေးဂိတ်နဲ့ ဗိဿနိုးအထိုင်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း လက်နက် ၂ လက်ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး မန်ကျည်းရိုး ဂိတ်စခန်းကိုပါ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် PDF အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ဥရောပ မဟာနိုင်ငံတွေ အပါအဝင် နိုင်ငံ ၉ ခုက မြောက်ကိုရီးယား IT နည်းညာရှင်နဲ့ ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ သက်ဆိုင်ရာ အလုပ်ရှင်တွေဆီ သတိပေးလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬

💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Open In TikTok:
Region: MY
Saturday 01 August 2026 11:47:43 GMT
2459
137
3
4

Music

Download

Comments

rich_is5
KoKoColeee. :
မဂ်လာကါ
2026-08-01 12:07:42
1
vbhyu.dsa
[ဆံတော်ရှင်]မြေငူကျွန်းက ရဟန်း :
💚💚💚
2026-08-01 11:56:58
0
rich_is5
KoKoColeee. :
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-01 12:07:47
1
To see more videos from user @sitisuhaibah287, please go to the Tikwm homepage.

Other Videos


About