@jarmasx: ရွေးချယ်ခွင့်ရတဲ့အချိန်မှာ သေချာစဉ်းစားပြီး ကောင်းကောင်းရွေးချယ်ပါ ၊ အကြောင်းကတော့ မင်းရဲ့ရွေးချယ်မှုတိုင်းဟာ မင်းရဲ့အနာဂတ်အပေါ် သက်ရောက်မှုရှိလို့ပါ။ တချို့ရွေးချယ်မှုတွေက အဲဒီအချိန်မှာ အသေးအဖွဲလို့ ထင်ရပေမယ့် နောက်ပိုင်းမှာတော့ ဘဝတစ်ခုလုံးရဲ့ ဦးတည်ရာကို ပြောင်းလဲသွားစေနိုင်ပါတယ် မှားယွင်းတဲ့ ရွေးချယ်မှုတစ်ခုဟာ အချိန်တွေကို အလဟဿကုန်ဆုံး စေသလို၊ အခွင့်အရေးကောင်းတွေကိုလည်း လက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။ တချို့လမ်းတွေက စဝင်တုန်းက လွယ်ကူသလို ထင်ရပေမယ့် ပြန်နောက်ဆုတ်ဖို့ကျတော့ အလွန်ခက်ခဲ တတ်ပါတယ် ၊ ရှေ့ဆက်ရင်လည်း ပင်ပန်း၊ နောက်ပြန်လှည့်ရင်လည်း နာကျင်ရတဲ့ အခြေအနေမျိုး တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အချိန်ဆိုတာ ပြန်ဝယ်လို့မရတဲ့ အရာတစ်ခုပါ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကုန်ဆုံးသွားတဲ့အချိန်၊ ပင်ပန်းသွားတဲ့စိတ်ဓာတ်၊ ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ ကို ပြန်ရဖို့ဆိုတာ မလွယ်ကူပါဘူး ၊ ဒါကြောင့် ရွေးချယ်ခွင့်ရှိနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါမလုပ်ဘဲ အကျိုးအပြစ်ကို သေချာချိန်ဆပြီး ဆုံးဖြတ်ပါ။ ဒီနေ့ မင်းရဲ့ရွေးချယ်မှုဟာ မနက်ဖြန် မင်းရဲ့ဘဝကို တည်ဆောက်ပေးနိုင်သလို၊ ဖျက်ဆီးပစ်နိုင်တဲ့ အင်အားလည်း ရှိပါတယ် ၊ ဒါကြောင့် အလျင်စလို မရွေးချယ်ပါနဲ့ ၊ ကိုယ့်တန်ဖိုး၊ ကိုယ့်အနာဂတ်နဲ့ ကိုယ့်စိတ်အေးချမ်းမှုကို ကာကွယ်ပေးနိုင်တဲ့ ရွေးချယ်မှုကိုသာ လုပ်ပါ ၊ ဘာကြောင့်လဲဆိုတော့ ဘဝမှာ နောင်တရတာထက်၊ အစကတည်းက သေချာစဉ်းစားပြီး ရွေးချယ်ခဲ့တာက ပိုတန်ဖိုးရှိလို့ပါ။ Michael Mario #fyp #foryou #tiktok #စာတို #life
MichaelMario
Region: TH
Saturday 01 August 2026 14:13:56 GMT
Music
Download
Comments
👑Nant Swe Zin Mon👑🌻 :
crdပေးပါတယ်နော် ပြန်တင်မယ်နော်
2026-08-03 06:25:51
1
Rose :
ပြန်တင်ချင်လို့ပါ
2026-08-03 11:12:02
1
💓ah bu💓 :
ပြန်တင်မယ်နော်🥰
2026-08-03 07:39:19
1
💕May🐉 :
100%
2026-08-01 14:37:14
1
Oceania 🌊 :
🥰🥰🥰
2026-08-01 16:41:49
1
De bruyne🥰🥰🥰 :
🥰🥰🥰
2026-08-01 20:04:11
1
Moe Arkar Zaw(မုံရွာသားလေး) :
🥰🥰🥰
2026-08-01 14:31:57
1
Ko Nile Si Thu :
🥰🥰🥰
2026-08-02 04:31:23
1
To see more videos from user @jarmasx, please go to the Tikwm
homepage.