@papathaw926: မြန်မာတနိုင်ငံလုံးက တချို့အထင်လွဲနေတဲ့ ပြည်သူများသို့ လေးမျက်နှာနဲ့ အနီးဆုံးမြို့ကက ရှင်းအနှစ်ချုပ်လေး ရှင်းပြချင်ပါတယ်...ကိုယ့် ထင်မြင်ချက်တွေကြောင့် ရေနစ်သူတော့ ဝါးကူထိုးသလို မဖြစ်ကြစေချင်ပါ... တချို့က ဧရာဝတီက ရေကြီးနေကြနေရာပါ...သူတို့ ဘယ်လိုနေရမယ်ဆိုတာ သိပါတယ်တို့...ကူဖို့ ကယ်ဖို့ စောင့်ကြည့်ပါအုံးတို့ ဆိုသူများအတွက်ပါ...တချို့ ထင်မြင်ချက်တွေက ဒုက္ခရောက်နေသူအတွက် ဝါးကူထိုးသလို ဖြစ်နေပါတယ်..... ဧရာဝတီဟာ နှစ်စဉ် ရေကြီးတာလဲ မှန်ပါတယ်... ဧရာဝတီဟာ ရေကြီးတောင် နေတတ်တာလဲ မှန်ပါတယ်... ဒါပေမဲ့ အခု တာကျိုးသွားပြီး ရေဘေးဒုက္ခရောက်နေတဲ့ လူတွေအတွက်တော့ လုံးဝ ကို မှားပါတယ်.... - မြစ်ကို ကာထားတဲ့ တာအတွင်းက မြို့တွေ၊ ရွာတွေဟာ ရေကြီးလေ့ ကြီးထ မရှိပါ... - တာကျိုးတယ်ဆိုတာ ဘဝ တလျှောက် 37 နှစ်တာ ကာလမှာ ဒါနဲ့မှ 3 ခါပဲ ကြားဖူးတာပါ... - ရေ ရိုးရိုးကြီးတာနဲ့ တာကျိုးတာ လုံးဝမှ မတူပါ... - ရေရိုးရိုး ကြီးတာက တာဘောင်ကို ရေကျော်ပီးမှ အတွင်းကို လျှံတဲ့ရေ ဝင်ရုံတင်ပါ...တာကျိုးတယ်ဆိုတာ မြို့ထဲရေမဝင်အောင် မြစ်ကြီးဘေးမှာ ကာထားတဲ့ တာဘောင်ကြီး ကျိုးကျသွားတာမို့ မြစ်ထဲက ရေတွေ အလုံးအရင်းဝင်တာပါ.... - အားလုံးထင်သလို နှစ်စဉ်ရေကြီးနေကြနေရာတွေဟာ နဂိုထဲက မြစ်လယ် အိမ်ဆောက်ပြီး၊ နွေရာသီ မြေနုကျွန်းပေါ်ချိန် ကိုင်းစိုက်စားကြတဲ့ လူတွေမို့ သိပ်ဒုက္ခမရောက်ပါ... - ခု တာအတွင်းပိုင်း နေတဲ့လူတွေက လယ်စိုက်ကြတဲ့ လယ်သမား တနေ့လုပ် တနေ့စားတွေပါ...လယ်တွေ အကုန်စိုက်ပြီးချိန် အိမ်တွေရော၊ လယ်တွေရော အကုန် ရေမြုပ်ပြီး...ရေကျရင်တောင် ဆုံးရှုံးသွားတာတွေအတွက် နလန်ထူဖို့ မလွယ်တော့ပါ... - ရေကြီးလေ့ ကြီးထ မရှိတဲ့ဒေသမို့ အလုံုးအရင်းနဲ့ ရေဝင်လို့ အိမ်တွေကို ထားခဲ့ပြီး ရေဘေးစခန်းတွေမှာ နေရပါတယ်...လှေလဲ ပေါပေါများများ မရှိသလို၊ အောက်ခြေလူတန်းစားများတဲ့အတွက် ကြိုတင်ပြင်ဆင်ရကောင်းမှန်းတောင် မသိကြလို့ ကယ်ဆယ်ရေးတွေ ကယ်ထုတ်နေရပါတယ်... - ရေဘေးစခန်းတွေ ရောက်ရင် စားဖို့ ဆန်လိုပါတယ်၊ ဆီလိုပါတယ်၊ ရေလိုပါတယ်... - မြွေတွေ တက်လို့ မြွေဆိပ်ဖြေဆေးလိုပါလိမ့်မယ်... - ပြန်လည်တည်ထောင်ဖို့ မျိုးစပါးတွေပါ လိုလာပါလိမ့်မယ်... - ဒါကြောင့် ယခု ရေဘေးဟာ သာမန်ဖြစ်နေကျ ရေဘေးမဟုတ်တဲ့အတွက် အကူအညီတွေ လိုပါတယ်... - ကယ်ဆယ်ရေးတွေတော့ လာကြပါပြီ...မှားယွင်းတဲ့ တယောက်စကား တယောက်တွေနဲ့ မှားယွင်းတဲ့ ကောက်ချက်တွေကြောင့် အလှူရှင်တော့ ပေါပေါများများ မရှိသေးပါ.... #လေးမျက်နှာမြို့နယ် #creatorsearchinsights #crd_to_owner_with_respect Crd@

⚡🍒🍃ᘻâᒪ ᕵâ🍃🍒⚡
⚡🍒🍃ᘻâᒪ ᕵâ🍃🍒⚡
Open In TikTok:
Region: MM
Saturday 01 August 2026 15:13:53 GMT
26619
996
23
138

Music

Download

Comments

thurain8647
ရွှေပိုးလေး :
37နှစ်ဆိုထိန်ငူကျိုးတုန်း2နှစ်ပဲရှိသေးတာပေါ့ထိန်ငူနဲ့လေးမျက်နှာပဲသိတယ်3ခါဆိုတော့ဒီကြားထဲဘယ်တာကျိုးသေးလဲဗျ
2026-08-01 22:09:31
3
san.tin24
SAN TIN :
တာကျိုးတယ်ဆိုတာ............ကုန်းပေါ်ကလူရေဘေးသင့်တာဖြစ်ပါတယ်။လှေမရှိ...တက်မရှိဖြစ်ပါတယ်။စိုက်ပျိုးပြီးသားဆုံးပြီ။ဘာနဲ့ပြန်စိုက်ရမလဲ။အိမ်ပြိုမယ်။ကျွဲ...နွား...စက်....အိမ်....အဆောက်အဦ...နေစရာ....ဆုံးရှုံးပြီ။ရစရာစီးပွားရေးကုန်ပြီဆုံးပြီ.... ရှေ့ရက်...လ.....ဘာနဲ့စားမလဲ.........မျိုး.....ပဲ.....စပါး...ဘယ်သူပေးမလဲ.....စက်ဘာနဲ့မောင်းမလဲ.......မြေသြဇာ....ဆီ........ဘယ်ကရမလဲ........မဖြစ်ဖူးကြတော့လွယ်လွယ်ပြောကြတော့........တကယ်ကြုံနေရတာ.....................အခက်အခဲရာနှန်းပြည့်...........သက်ဆိုင်ရာများ....စေတနာရှင်များ.. အမှန်အတိုင်းသိတော်မူကြပါစေ။။
2026-08-01 17:59:34
15
htet.naing.thu55
htet naing thu :
ဟုတ်ပါတယ်ကျွန်မတို့ကလေးမျက်နှာအနောက်ဘက်ကပါအရှေ့ဘက်ကလူတွေကိုကူညီချင်ပေမဲ့ကိုယ်တောင်စစ်ဘေးကြောင့်လယ်တွေအကုန်လုပ်မစားရလို့ရန်ကုန်တက်ပြီးမငတ်ရုံတမယ်ရှာစားနေရတာပါခုလိုတွေမြင်တော့နေ့တိုင်းမျက်ရည်ကျနေရတယ်ရွာမှာကစပါးတွေပဲတွေမျိုးထားကြတယ်လေအာ့တွေအကုန်လုံးဆုံးရှုံးတော့ဘယ်လိုတောင်ပြန်နလန်ထူရမလဲကျွန်မတို့ငယ်ငယ်ကမြစ်ရေသုံးခါကြီးလို့လယ်တွေပြန်စိုက်ဖို့မျိုးစေ့မဝယ်နိုင်တော့လို့အဖေရယ်တယောက်ထဲကြိတ်ငိုနေတယ်ဆန်ကွဲကိုထမင်းချက်စားခဲ့ရတယ်ငပိတောင်မရှိလို့ဆားကိုငပိချက်အဖြစ်ချက်စားခဲ့ရတယ်မခံစားဖူးသူတွေဿိုယ်ချင်းမစာမဝေဖန်ကြပါနဲ့
2026-08-01 23:20:44
7
kyaw.moe.aung732
Kyaw Moe Aung(official) :
အားလုံးနဲ့ထပ်တူ ရင်ထဲခံစားရပါတယ် ကျန်းမာရေးလည်း အထူးဂရုစိုက်ကြပါ။
2026-08-01 23:45:41
0
thartharttv
tharthar :
အမှန်ဘဲ
2026-08-01 17:10:04
1
user1257114616067
ဇော်မျိုးသက်ရဲ့မိန်းမ😜🥰 :
ဟုပါတယ်ရှင် အရမ်းဆင်းရဲ့တဲ့ရွာသေသေးလေပါပါ
2026-08-02 01:11:22
0
user97536563773758
ပီတိ :
အမှန်ပါပဲကိုယ့်နယ်ဘက်မှာဖြစ်တာစိတ်မကောင်းပါဘူး
2026-08-02 00:49:15
0
khinelay1862
🌻 ၁၄/😊ငယ်လေး😊😊 :
ဘေးရန်ကင်းကြပါစေရှင့်🙏🙏🙏
2026-08-01 20:59:28
0
user6615188678466
user6615188678466 :
အမှန်ပါဘဲ။
2026-08-02 00:01:19
0
shwepaukpin1
ShwePauk Pin Agricultural :
ကိုယ်ရောက်ခဲ့ဖူးတဲ့ဧရာဝတီတိုင်းက ေကျေးရွာတော်တော်များများဟာ ဝါးတွေနဲ့ ဆောက်ထားတဲ့အိမ် တောတော်လေးများပါတယ် ရေအလုံးရင်းနဲ့ဝင်လာတဲ့အခါ ခိုင်ခန့်မှု အားနည်းမှာ အသေအခြာပါပဲ အဲဲ့ဒါအတွက်လည်း ပြန်လည်တည်တောက်ရေး လုပ်ငန်းးများ ဆောင် ရွက်တဲ့အခါ ကြိုတင်ပြင်ဆင်ကူညီပေးကြဖ်ု့ အားလုံး ကိုယ်စား မေတ္တာ ရပ်ခံပါရစေ
2026-08-01 23:25:36
0
sawwinhtutoo1
saw win htut oo :
ကျုံတောပါသေးလားဗျ
2026-08-01 18:14:48
0
april.may0400
သစ္စာမရှိသောသစ္စာ :
မှန်ပါတယ်
2026-08-01 17:56:44
0
san.meme.thaw
San MeMe Thaw :
အမှန်ပါပဲ မြစ်ထဲကရေ ကုန်မှရေခမ်းမဲ့အနေအထားဆိုတာ တွေးကြည့်ကြပါ တာကျိုးပေါက်ရေပြင်ကျယ်ကြီးကို ဘယ်ပစ္စည်းနဲ့ ချက်ခြင်းပြန်ကာမှာလည်း စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်မဲ့ကာလတောင် ဆုတောင်းရမှာပါ
2026-08-01 18:58:22
0
ema79966p7k
Sweety :
ဘေးရန်ကင်းကြပါစေ အားလုံးအမြန်အဆင်ပြေကြပါစေ
2026-08-01 16:41:35
0
ei.ei.aung6799
ဖြူစင်သူ :
အားတင်းထားပါအနယ်နယ်အရပ်ရပ်ကလူမှူ့ကယ်ဆယ်ရေးတွေလာနေကြပါပြီနော် အားလုံးပဲဘေးရန်ကင်းကွာကျမ်းမာချမ်းသာကြပါစေ🙏🙏🙏
2026-08-01 21:44:29
0
ko.zin2313
ko zin :
ရေကာတာ အတွင်းဘက်မှာရှိတဲ့ရွာတွေကလူတွေ တာဘောင်တက်နေရပြီး သောက်ဖို့ရေတောင် အခက်အခဲတွေဖြစ်နေကျတယ်တဲ့ ဖုန်းတွေလည်း အားကုန်တာတွေရှိပါတယ် အချို့ဖုန်းလိုင်းတွေပျက်တောက်သွားပါတယ် တာလပတ် ဆောင် ခြင်ထောင် ခေါက်ဆွဲခြောက် ရေသန့် အများကြီးလိုအပ်ပါတယ် 1991 က ကြုံဖူးသူတွေပြောတာက လေးမျက်နှာကစလို့ငဝန်ရေကာတာအတွင်းထဲက အနိမ့်ပိုင်းရွာ မြို့မှန်သမျှ ရေဘေးဒဏ်ခံရမယ်တဲ့ ရေမရောက်သေးတဲ့ တာအတွင်းရှိ အနိမ့်ပိုင်း မြို့၊ ရွာများ စိတ်ပူအောင်ရေးသားခြင်းမဟုတ်ပါ ကြိုတင်ပြင်ဆင်လို့ရအောင်လို့ပါ ခင်ဗျ
2026-08-01 16:37:25
0
u.wai.ye.lin2
U Wai Ye Lin :
အမှန်လေးကိုမြင်ပေးကြပါ တောင်းဆိုပါတယ်
2026-08-01 16:34:57
0
user123553769
Oceania :
ထိခိုက်လွယ်တဲ့နှစ်လုံးသားပိုင်ရှင်ပါပရိဟိတအဖွဲ့တွေရဲ့အားတက်သရောကူညီမှုကြောင့်ဝမ်းသာလို့ကြတဲ့မျက်ရည်တွေ အခက်အခဲတအားကြုံပြီးစိတ်ရောကိုယ်ပါပင်ပန်းဆင်းရဲနေတဲ့လူတွေကိုကိုယ်ချင်းစာပပြီးကြတဲ့မျက်ရည်တွေများနေပါပြီ အားလုံးအမြန်အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဉီးသန်းဝင်း သစ်ပုတ်ကုန်း(ဘိုကြီးကုန်း)
2026-08-02 01:40:40
0
tnzz440
Thant zin soe :
အမှန်ပါပဲ
2026-08-01 16:16:54
0
nyeinnyeinthu077
Nyein🌛 :
ဟုပါတယ်တာတွင်းကလူတေကဆင်းရဲပီးတနေ့လုက်တနေ့စားတေလဲအများကြီးပါ😳
2026-08-02 01:12:11
0
user5305658366159
eilay :
😢😢😢
2026-08-02 00:43:26
0
To see more videos from user @papathaw926, please go to the Tikwm homepage.

Other Videos


About