@hlaingshwewar7: ဆေးဖက်ဝင် #သပြုသီး ချက်စားကြရအောင် ပိုးသတ်အာနိသင်နှင့်ဓာတ်တိုးဆန့်ကျင်အာနိသင်တို့ကြောင့် နှာခေါင်း၊ လည်ချောင်း၊ အဆုတ်လမ်းကြောင်းတို့တွင်ပိတ်မိနေသောချွဲ များကို ဖယ်ရှားပေးနိုင်သည် ပူနွေးသောရေတွင်သကြားအနည်းငယ်နှင့် ဖျော်ရည်တစ်ခွက်သောက်ပေးပါက အာသီး​ရောင်ခြင်းနှင့်လည်ချောင်းနာခြင်း ပျောက်ကင်း စေသည်။ ခံတွင်းပျက်ပါက သပြုသီးဖျော်ရည်ကို သောက်ပေးရုံဖြင့်ခံတွင်းမြိန်စေရုံသာမက ခွန်အားဖြစ်စေပါသည် သပြုသီးတွင် ပိုတက်ဆီယမ်ကြွယ်ဝစွာပါ ၀င်သည့်အပြင်ကိုလက်စထရောပါဝင်မှုနည်းပါးခြင်း​ကြောင့်သွေးတိုးခြင်းကိုလျော့ကျစေပြီးနှလုံးခုန်နှုန်းကိုထိန်းညှိပေးသည် သပြုသီးသည် သွေးတွင်းအချိုဓာတ်ထိန်းပေးပြီး ဆီးချို သွေးချို နှင့် ဆီးချိုကြောင့်ဖြစ်​လေ့ရှိတဲဲနောက် ဆက်တွဲ ​လက္ခဏာများဖြစ်တဲ့ အာရုံအားနည်းခြင်း ကျောက်ကပ် အားနည်းခြင်းတွေကိုပါကာကွယ်ပေးနိုင်သည် ဗီတာမင်စီ၊ ဗီတာမင်အီး၊ flavonoids၊ ပါဝင်တာကြောင့်အသားအရေကိုပိုမိုအားဖြည့်ပေးကာအရေးအကြောင်းများလျော့နည်းစေခြင်း၍အိုမင်းရင့်ရော်ခြင်းလက္ခဏာများကိုလျော့ကျစေပါသည်။ ကယ်လိုရီများ၊ B-complex ဗီတာမင်များ၊ ပရိုတိန်းများကြောင့် ဇီ၀ ဖြစ်စဉ်ကိုကောင်းမွန်စေပြီး ဦးနှောက်အားကောင်းစေသည့်အပြင်ကိုယ်ခံအားကိုမြှင့်တင်ပေးသည်။ အသီးဖျော်ရည်သည် antioxidant ပါ ၀င်တာကြောင့်free radicals များကိုဖယ်ရှားပေးပြီးကျောက်ကပ်ဆိုင်ရာရောဂါများကာကွယ်ပေးပါသည် sterols, saponins နှင့် tanninsကဲ့သို့ phytonutrients များစွာပါ ၀င်သောကြောစိတ်ခွန်အားဖြစ်စေပြီးစိုးရိမ်သောကနှင့်စိတ်ဓာတ်ကျခြင်းကိုထိရောက်စွာသက်သာစေသည်။ lutein နှင့် zeaxanthin တို့ပါ ၀င်တာကြောင်အမြင်အာရုံကိုအားဖြည့်ပေးရုံသာမကမျက်စိအတွင်းတိမ်၊ ရေတိမ်၊ အသက်အရွယ်နှင့်ဆိုင်သော အမြင်အာရုံချို့ယွင်းမှုများကိုကာကွယ်ပေးပြီးမျက်လုံးကျန်းမာရေးကောင်းမွန်စေပါသည်။ သပြုသီးအခေါက်မှပါဝင်သော Tannic acidသည်ဝမ်းလျှောခြင်းကိုသက်သာ​ေစသည်။ မြန်မာ ဆေးကျမ်းများ အလိုအရ သပြုသီး အစိမ်း သည် ဖန်၏၊ ချဉ်၏ ၊ အသီးမှည့် သည် ဖန်ချို ချဉ်သော အရသာ ရှိ၏။ လေ ၊ သလိပ် ရောဂါ၊ ရင်၌ ထိုးကျင် သော အနာ၊ မောပန်း ခြင်းနှင့် အပူပြင်း ထန်သော အဖျား များကို နိုင်သည် ၁ ။ အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။ ၂ ။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။ ၃ ။ အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။ အိန္ဒိယဆေးကျမ်းများအလိုအရ ဖျားနာသူ၊ ချောင်းဆိုးသူများကို သပြုသီးမှည့်အခွံ၏အရည်ကို ပျားရည် သို့သကြားနှင့် ဖျော်ပြီးလျှင် ဖျော်ယမကာ တစ်မျိုးအဖြစ် တိုက်ပေးနိုင်သည်ဟုဆိုသည်။ သို့သော်များလွန်းလျှင် ဝမ်းသက်တတ်သည်ဟုဆိုသည်။ မှက္ခရုနာ နှင့်ခံတွင်းနံ့ဆိုးခြင်းတွင် သပြုခေါက်ပြုတ်ရည်ကို ခံတွင်းသန့်ဆေးအဖြစ်အသုံးပြုသည်။ သပြုသီး၏နူးညံ့သောအသားပိုင်းကို ရေနှင့်ဖျော်၍ ခေါင်းလျှော်ပေးပါက ဆံသားနူးညံ့စေရုံသာမက ဗောက်များကင်းရှင်းစေကာ ဦးရေပြားသန့် ရှင်းစေပါသည်။ထို့ပြင် ဆံပင်သန်စေကာ ဆံပင်ကျွတ်ခြင်းသက်သာစေပြီး ဆံပင်ပြန်ပေါက်စေပါသည်။ လေးဘက်နာကြောင့် ခြေဆစ်လက်ဆစ််တွေကိိုက်နေရင်် သပြုသီးနဲ့ ဆား ဆတူ/အချိုးတူ ပြုတ်ပြီး ပေါင်းခံ ချွေးအောင်းပေးလိိုက်ပါ။ တစ်ကိိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးပုပ်တွေ ထွက်လာပြီးရင် ရေချိုးပေးပါ။ အစားရှောင်စရာ မလိုလောက်အောင် သက်သာပါတယ်။ သပြုသီးကို ငါးခူနှင့်ချက်စားလျှင်် ကျောက်ကပ်၊ နှလုံးကောင်းလာပါမည်။ ငါးရံ့ကင်ပြီး သပြုသီးနှင့်် ဟင်းချိုချက်စားလျှင် ဆီးချိုရောဂါ သက်သာပါမည်။ သပြုသီးပြုတ်ပြီး တိို့စားမြုပ်စားလျှင် နှလုံးအားကောင်းပြီး ဆီးရွင်ပါသည်။ ဆီးကျောက်တည်လျှင်် သပြုသီးအရွက်ကို သုံးခွက်တစ်ခွက်တင်် ကျိုသောက်ပါက ကျောက်တဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းပါသည်။ ဝမ်းကိုက်လျှင်သပြုသီးပင် အခေါက်ကို ဆားနှှင့်သွေး၍ သောက်ပေးပါ။ (ဟင်းစားတစ်ဇွန်းစာ) ဟင်းချက်မည်ဆိုပါက သပြုသီး၏ အသီးအညှာဘက်မှ ဓားထက်ထက်ဖြင့် (၂) ခြမ်းခြမ်းကာ (၄) စိတ် စိတ်ရပါမည်။ သို့မှ အခွံအဖတ်များကို အလွယ်တကူခွာနိုင်မည်ဖြစ်သည်။ အပေါ်ယံအခွံမာကိုဖယ်ပြီး နုသောအခွံဖတ်များကို ရေအနည်းငယ်ဖြင့် ပြုတ်ပါ။ အခွံဖတ်များမှာ နူးလွယ်၍သင့်ရုံပြုတ်ပြီးပါက အနေတော်အစိတ်လေးများ စိတ်၍ ချက်ပြုတ်ကြပါသည်။ #သပြုသီး

တိုင်းရင်းဆေး
တိုင်းရင်းဆေး
Open In TikTok:
Region: MM
Saturday 01 August 2026 17:24:56 GMT
31081
792
6
89

Music

Download

Comments

kokochit42506
kokochit :
အိမ်မှာအပင်အကြီးကြီးပဲအသီးလဲအများကြီးပဲ
2026-09-05 01:39:24
0
daw.nyein.nyein31
🫰❤️ Nyein✨ Nyein👌 :
OK
2026-08-31 03:00:04
0
koko8800g
koko :
OK
2026-08-10 11:07:00
0
nadihtoo16
Nadihtoo :
ကျေးဇူးအများကြီးတင်ပါတယ်
2026-08-26 10:07:32
0
dawtoetoethein
Toe :
😂😂😂
2026-08-09 06:48:29
0
daw.than.kyin3
Daw Than Kyin :
🥰🥰🥰
2026-08-27 06:04:07
0
To see more videos from user @hlaingshwewar7, please go to the Tikwm homepage.

Other Videos


About