@kemahmet.ahmet:

kemAhmet Ahmet
kemAhmet Ahmet
Open In TikTok:
Region: TR
Saturday 01 August 2026 18:41:59 GMT
82
10
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @kemahmet.ahmet, please go to the Tikwm homepage.

Other Videos

သူများ ပြုပြင်ထားတဲ့
သူများ ပြုပြင်ထားတဲ့ "သင်္ခါရ" မို့ ဒီရုပ် ဒီနာမ် ဒီခန္ဓာကို "ငါ" မစွဲကြနဲ့ ရုပ်ကို ပြုပြင်တဲ့, အကြောင်းတရား လေးပါးက "ကံ, စိတ်, ဥတု, အာဟာရ" ကံတရားက ရုပ်ကို ပြင်တယ်။ ကံက သေဆိုလျှင် သေတာဘဲ။ စိတ်ကလည်း ပြုပြင်တယ်။ စိတ်ညိုးတော့ ရုပ်လည်း ညှိုးတယ်။ ဥတုကလည်း ပြုပြင်တယ်။ ဥတု အေးလျှင် ရုပ်က အအေးရုပ်၊ ဥတုက ပူတော့ ရုပ်က အပူရုပ်။ အာဟာရကလည်း ရုပ်ကို ပြုပြင်တယ်။ ဆာလောင်မွတ်သိပ်တော့ တစ်မျိုး၊ ၀မ်းပြည့်တော့ တစ်မျိုးနဲ့၊ အမျိုးမျိုး ပြုပြင်ပေးနေတာဘဲ။ ဒီလေးခုက ပြုပြင်လိုက်လို့ ပေါ်လာရတဲ့ ရုပ်တရားတွေဟာ "သင်္ခါရ" ဘဲ။ သူတို့ ပြုပြင်လို့ ပေါ်လာရတာ ဖြစ်လို့ ဘယ်ရုပ် မဆို "သင်္ခါရ" ဘဲ။ နာမ် ဆိုတာလည်း အာရုံ နဲ့ ဒွါရ တိုက်ဆိုင်မှ ပေါ်လာရတယ်။ ဥပမာ - မျက်လုံးအကြည်, နားအကြည် စတဲ့ အကြည်ရုပ်တွေက အခံဓာတ်။ အဆင်းအာရုံ, အသံအာရုံ စတဲ့ အာရုံ တရားတွေက အတိုက်ဓာတ်။ အဲဒီ အာရုံတွေနဲ့ အကြည်ဒွါရနဲ့ တိုက်ဆိုင်တဲ့ အခါမှာ နာမ်တရားတွေ ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် နာမ်တရားဟာလည်း အာရုံနဲ့ ဒွါရက ပြုပြင်လို့ ပေါ်လာရတဲ့ တရားဖြစ်လို့ နာမ်ဟာလည်း "သင်္ခါရ" ဘဲ။ ဒကာ, ဒကာမတို့ ခန္ဓာမှာ, ရုပ်နဲ့ နာမ်ဘဲ ရှိတယ်။ အကြောင်းလေးပါး ပြုပြင်တာက ရုပ်။ အကြောင်းနှစ်ပါး ပြုပြင်ထားတာက နာမ်။ ဒီနှစ်မျိုးဘဲ ခန္ဓာမှာ ရှိတယ်။ ဒီလို ပြုပြင်ထားတဲ့ ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး)ဟာ "သင်္ခါရ"ဘဲ, သင်္ခါရ အစုဘဲ ဆိုတာ မှတ်ထားကြ။ ဒီတော့ ဒီခန္ဓာထဲမှာ ... ကိုယ်လုပ်ထားတာ မပါဘူး။ ကိုယ်လုပ်လို့ ဖြစ်တဲ့ ပစ္စည်း တစ်ခုမှ မပါဘူး။ နာမ်ထဲမှာလည်း မပါဘူး။ ရုပ်ထဲမှာလည်း မပါဘူး။ ဒီရုပ်, ဒီနာမ်ဟာ အကြောင်းတရားက လုပ်ပေးထားလို့ ဖြစ်ပေါ်ရတဲ့ တရားဘဲ။ ဒီခန္ဓာဟာ သူများ ပြုပြင်ထားတဲ့ "သင်္ခါရအစု"ဘဲ။ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က ဒီရုပ် ဒီနာမ် ဒီခန္ဓာတွေကို "ငါ" မစွဲနဲ့ တဲ့။ သူများ ပြုပြင်ထားတဲ့ "သင်္ခါရ" မို့ "သင်္ခါရ" လို့ဘဲ သဘောထား လိုက်ကြတဲ့။ ဒီဟာတွေ အပေါ်မှာ "ငါ" ဝင်မရှုပ်နဲ့ တဲ့။ "ငါ" ၀င်ရွုပ်ရင် သက္ကာယဒိဋ္ဌိ ဘဲလို့ ဟောတော်မူ ထားခဲ့တယ်။ ဒီအထဲမှာ ငါပိုင်တာ ငါဆိုင်တာ မပါဘူး။ ဒါကြောင့် ငါပိုင် ငါဆိုင် ဆိုတာလည်း ၀ငိပြီး မရှုပ်ကြစေနဲ့လို့ သတိပေးလိုက် ပါတယ်။ ရုပ်ရော, နာမ်ရော, သူ့ အကြောင်းတရားက ပြုပြင်ပေးလို့ ဖြစ်ကြရတာ။ ကိုယ်ပိုင် ကိုယ်ဆိုင်တာ မဟုတ်လို့ "အနတ္တ" တရားတွေ ဘဲလို့ သဘောပေါက်ကြ..။ မိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏🙏 Crd🙏 သစ္စာတရားများ နာကြားကျင့်ကြံ ပွါးများအားထုတ်နိုင်ကြပါစေ🙏🙏🙏 #မိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏🙏 #တရားတော်များ #foryourpage #fpy #tiktop2026

About