@zayartbz7.new: စစ်တပ်က တရုတ်သွင်းကုန်များကို ပိတ်ပင်ထားသော်လည်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး စစ်အရာရှိဟောင်း စန်းမင်း ကိုယ်တိုင် တရုတ်ကုန်ပစ္စည်းများ တင်သွင်းနေသည့်အပြင် တရားမဝင်ကုန်ကားများထံမှ သိန်းရာချီ လာဘ်ငွေကောက်ခံနေ ရန်ကုန်၊ ဩဂုတ် ၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက တရုတ်နိုင်ငံမှ သွင်းကုန်များကို တင်းကျပ်စွာ ပိတ်ပင်ကန့်သတ်ထားသော်လည်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး စစ်အရာရှိဟောင်း စန်းမင်းကိုယ်တိုင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများကို တရားမဝင် တင်သွင်းခွင့်ပြုနေသည့်အပြင် ကုန်တင်ကားများနှင့် လက်ဆွဲသယ်ဆောင်သူများထံမှ လစဉ် သိန်းရာချီ လာဘ်ငွေကောက်ခံနေကြောင်း မူဆယ်မြို့ အခြေစိုက် ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး စန်းမင်းက ယခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ မူဆယ်မြို့ ဆင်ဖြူဂိတ် (ဆင်ဖြူပေါက်) မှတစ်ဆင့် တရုတ်နိုင်ငံဘက်မှ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို လက်ဆွဲသယ်ဆောင်ခွင့်နှင့် ကုန်တင်ကားများ ဖြတ်သန်းခွင့်ပေးထားပြီး ယင်းလုပ်ငန်းများအတွက် ပုံမှန်ကြေးများ ကောက်ခံနေကြောင်း သိရသည်။ "ဆင်ဖြူပေါက်ကနေ လက်ဆွဲသမားတွေကို တစ်လ သိန်း ၁၅၀ နှုန်း၊ ကုန်ကားတွေကိုလည်း တစ်စီး သိန်း ၁၅၀ ကနေ ၃၀၀ အထိ ကောက်ခံနေပါတယ်။ အဲဒီငွေတွေကို ကိုမိုးဝင်းဆိုသူက နေ့တိုင်းလိုက်ကောက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းဆီ သွားပေးပါတယ်" ဟု မူဆယ်ကုန်သွယ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မူဆယ်နယ်စ်ဂိတ်မှ ကောက်ခံရရှိသော လာဘ်ငွေများကို ကိုမိုးဝင်းဆိုသူက နေ့စဉ် လိုက် လံကောက်ခံပြီး ၁၅ ရက်တစ်ကြိမ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းထံသို့ ပေးအပ်နေကြောင်း သိရသည်။ ထို့ပြင် စန်းမင်းသည် စစ်တပ်ဘက်မှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များကိုလည်း မူဆယ်ဘက်သို့ တင်သွင်းကာ ပြန်လည်ရောင်းချနေကြောင်း သိရှိရသည်။ "အုပ်ချုပ်ရေးမှူးက စစ်တပ်ဘက်ကနေ ပြောင်းလာတဲ့သူပါ။ လာဘ်ငွေကောက်တာတင်မဟုတ်ဘဲ တရုတ်ဘက်က ကားတွေကိုလည်း သူကိုယ်တိုင်တင်သွင်းထုတ်ယူပြီး ပြန်ရောင်းစားနေတာ" ဟု မူဆယ်ကုန်သွယ်ရေးသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကို AA ၊ MNDAA နှင့် TNLA တို့က ထိန်းချုပ်ထားသောကြောင့် စစ်တပ်နှင့်ပတ်သက်ဆက်နွယ် အလုပ်လုပ်နေသူများမှာ ဆင်ဖြူဂိတ်ကိုသာ အဓိကထား အသုံးပြုနေကြကြောင်း သိရှိရသည်။ "ခရိုင်အုပ်ချုပ်ရေးမှူးကလည်း တပ်နယ်မှူးရော၊ ရဲရော၊ ပြည်သူ့စစ်ရော အကုန်သူက ပြန်ကြည့်ပေးတာပေါ့။ ဌာနဆိုင်ရာ အကုန်လုံးကို သူကပြန်ကြည့်ပြီးသူလည်း အလုပ်ဖြစ်အောင် တရားမဝင် ကုန်သွယ်ရေး ပြန်လုပ်နေတာ။ ကုန်သည်တွေကတော့ ဘာလုပ်လုပ် ငွေပေးနေရတာ" ဟု နယ်စပ်ကုန်သွယ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ စစ်ကောင်စီက တရုတ်သွင်းကုန်များကို တင်းကျပ်စွာ ပိတ်ပင်ထားသည်ဟု ကြေညာထားသော်လည်း မူဆယ်နယ်စပ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေနှင့် ဆက်ကြေးယူ ခွင့်ပြုနေခြင်းဖြစ်သည်ဟု သိရှိရသည်။@ZayarTBZ 11 News @ZayarTBZ 7 News #ပြည်သူများဘေးကင်းကြပါစေ #zayartbz #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်းများ
ZayarTBZ 7.1News🍉
Region: TH
Sunday 02 August 2026 01:25:16 GMT
Music
Download
Comments
Daw Htay Htay :
ဟုပ်ပါတယ်
2026-08-02 03:02:30
0
Lway Lwat :
ဟုတ်တာပေါ့
2026-08-02 03:24:01
0
DD💞 :
💯
2026-08-02 02:34:24
0
DD💞 :
💯
2026-08-02 02:34:33
0
Khin Maung Aye :
😳😳😳
2026-08-02 03:31:21
0
farwintg :
👍👍👍
2026-08-02 02:58:10
0
DD💞 :
❤️❤️❤️❤️❤️💯💯💯
2026-08-02 02:34:17
0
အကိုမောင် :
😳😳😳
2026-08-02 01:43:12
0
U Thant1/{MaKaTa}😎😎😎😎😎 :
🥰🥰🥰
2026-08-02 03:42:45
0
To see more videos from user @zayartbz7.new, please go to the Tikwm
homepage.