@user91081425007867: #တရားကိန်း၍အေးငြိမ်းကြပါစေ🙏🙏🙏 ၁။ ဒဒတော ပုညံ ပဝဍ္ဎတိ ၊ ၂။ သံယမတော ဝေရံ န စီယတိ ။ ၃။ ကုသလော စ ဇဟာတိ ပါပကံ ၊ ၄။ ရာဂဒေါသမောဟက္ခယာ သနိဗ္ဗုတော ' - -ပေးလှူရင် ကုသိုလ်တိုးတယ် ။ - ကိုယ်နှုတ်ကို စောင့်စည်းရင် ရန်မများဘူး ၊ ရန်နည်းတယ် ။ - ကုသိုလ်တရားက အကုသိုလ်ကို ပယ်ရှားတယ် ။ - ရာဂဒေါသမောဟ မရှိရင် ချမ်းသာတယ် ။ ဒီစကားလေးခွန်း မိန့်ကြားတယ် ။ #မဟာဝဂ္ဂပါဠိ ( သုတ် ) ၊ နှာ - ၁၁၃ ။ #သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယ ဆွမ်းအနုမောဒနာ တရားမှ - #မှတ်ဖွယ်လင်္ကာ __________ ပေးကမ်းလှူလျှင် ၊ ကုသိုလ်ပင် ၊ အစဉ် တိုးနေသည် ။ ကိုယ်နှင့်နှုတ်ပင် ၊ စောင့်စည်းလျှင် ၊ ရန်တွင် နည်းပါးသည် ။ ကုသိုလ်ဖြစ်လျှင် ၊ အကုပင် ၊ စွန့်ကြဉ် ပယ်သတ်သည် ။ ရာ ဒေါ မောပင် ၊ မရှိလျှင် ၊ အစဉ် ချမ်းသာသည် ။ တရားလေးပါး ၊ မြတ်ဘုရား ၊ မိန့်ကြား ဟောခဲ့သည် ။ စုန္ဒပုဏ္ဏါး ၊ မြတ်ဘုရား ၊ မိန့်ကြား ဟောခဲ့သည် ။ #ပြန်လည်မျှဝေခြင်း
အညတရ ဘိက္ခု
Region: MM
Sunday 02 August 2026 07:34:37 GMT
Music
Download
Comments
အရှင်ဝိစိတ္တ(အလ င်းရောင်) :
မှန်ပါဘုရား
2026-08-03 01:01:30
1
" Oo " :
အသိတရားတွေ ရလိုက်ပါတယ်ဘုရား🙏🙏🙏
2026-08-03 13:52:54
0
U Kyaw Moe Tint :
🙏🙏🙏
2026-08-02 23:19:29
0
Thank Zaw ThanZaw :
🥰🥰🥰
2026-08-02 14:25:58
1
A Shinရေစက်ရှိသူများဆုံစည်းရာ :
🥰🥰🥰
2026-08-02 14:59:04
2
To see more videos from user @user91081425007867, please go to the Tikwm
homepage.