@esa58022: :တကယ်တော့ကျောင်းသားဘဝဆိုတာအမှတ်တရတွေပြည့်နေတဲ့ ပင်လယ်တစ်ခုလိုပါပဲ။ သတိရစရာတွေထဲမှာ ဆယ်ကျော်သက်အရွယ်အထက်တန်း ကျောင်းသားဘဝက ပိုလွမ်းဖို့ကောင်းပါတယ်။အထက်တန်းမှာလူစုံမျိုးစုံနဲ့လည်း ဘောဒါတွေဖြစ်ခဲ့ကျပါတယ် Grade 10, 11, 12 ဆိုတဲ့ အထက်တန်းကျောင်းသားဘဝရဲ့ နောက်ဆုံးနှစ်သုံးနှစ်က တကယ်တော့ ဘဝရဲ့ အလှပဆုံးနဲ့ အပူပင်မဲ့ဆုံး အချိန်တွေပါပဲ။ အဲဒီအချိန်က အတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ခံစားချက်အပြည့်နဲ့ ရေးပေးလိုက်ပါတယ်။ Grade 10 စတက်တုန်းက အတန်းသစ်၊ သူငယ်ချင်းအသစ်တွေကြားမှာ မင်းတို့နဲ့စဆုံခဲ့တာကို မှတ်မိသေးတယ်။ ဘာမှမသိနားမလည်သေးတဲ့ ကလေးဘဝကနေ အထက်တန်းကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို စယူခဲ့ကြတဲ့နှစ်ပေါ့။ အဲဒီတုန်းကတော့ ငါတို့ဟာ ဘဝကို အပေါ့ပါးဆုံး ဖြတ်သန်းခဲ့ကြပြီး ဆရာမတွေရဲ့ ဆူပူမှုတွေ ပထမဆုံးကျောင်းပတ်ပြေးခဲ့ရတာ တွေကို ရယ်မောရင်း ကျော်ဖြတ်ခဲ့ကြတယ်။ Grade 11 ရောက်တော့ ငါတို့တွေ ပိုရင်းနှီးလာကြတယ်။ စာသင်ခန်းထဲမှာ စာအုပ်တွေကြား ခေါင်းစိုက်နေရပေမဲ့ မင်းတို့နဲ့အတူ ခိုးစားတဲ့ မုန့်တစ်ထုပ်၊ မင်းတို့နဲ့အတူ ပြောဖြစ်တဲ့ အနာဂတ်အကြောင်းတွေက ငါ့အတွက် အားဆေးတွေ ဖြစ်ခဲ့ရတယ်။ တစ်ယောက်စာမရရင် တစ်ယောက်က စာသွားမဆိုပေးတဲ့အချိန်တွေကိုသတိရတယ်။ အထက်တန်းကျောင်းသားဘဝရဲ့ နောက်ဆုံးနှစ် Grade 12 မှာတော့ ငါတို့မျက်နှာတွေမှာ စိုးရိမ်စိတ်တွေနဲ့ ရည်မှန်းချက်တွေ ဒွန်တွဲနေခဲ့တယ်။ "ဘာအလုပ်တွေ လုပ်နေကျမလဲ" ဘယ်မြို့တွေမှာ ရောက်နေကျမလဲ" ဆိုတဲ့ မေးခွန်းတွေကြားမှာ ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် လက်လွှတ်ရတော့မယ်ဆိုတာ သိနေခဲ့ကြတယ်။ အထက်တန်းနောက်ဆုံးနှစ်မှာတော့ "ငါတို့ ကျောင်းပြီးရင် ဘာလုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းတွေနဲ့အတူ နှုတ်ဆက်လက်မှတ်တွေ ရေးထိုးခဲ့ကြတယ်။ အင်္ကျီဖြူဖြူပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ဆုတောင်းစကားတွေ ရေးခဲ့ကြရင်း "ဘယ်တော့မှ မမေ့ကြေး" လို့ ကတိတွေ ပေးခဲ့ကြတာပေါ့။ အခုတော့ အဲဒီသူငယ်ချင်းတွေဟာ ကိုယ်စီလမ်းကြောင်းတွေပေါ်မှာ လျှောက်လှမ်းနေကြပါပြီ။ တချို့က မိသားစုတွေနဲ့၊ တချို့က နိုင်ငံခြားမှာ၊ တချို့ကတော့ အလုပ်ထဲမှာ နစ်မွန်းလို့။ ဒါပေမဲ့ အဖြူအစိမ်းရောင် ဝတ်စုံလေးကို မြင်လိုက်တိုင်း၊ ကျောင်းခေါင်းလောင်းသံ ကြားလိုက်တိုင်းမှာ ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားထဲမှာ အထက်တန်းကျောင်းသားဘဝရဲ့ အငွေ့အသက်တွေက အမြဲတမ်း ပြန်လည်နိုးထလာစမြဲပါ။ အခုတော့ ငါတို့တွေဟာ ကိုယ်စီကိုယ်စီ ရုန်းကန်နေရတဲ့ လောကထဲ ရောက်နေကြပြီပေါ့။ အရင်လို နေ့တိုင်း မတွေ့ဖြစ်တော့ပေမဲ့၊ အရင်လို အသေးအဖွဲကိစ္စလေးတွေနဲ့ ဖုန်းမဆက်ဖြစ်တော့ပေမဲ့ ငါ့ရဲ့ အထက်တန်းကျောင်းသားဘဝ အမှတ်တရတိုင်းမှာ မင်းက အမြဲတမ်း ဇာတ်လိုက်ဖြစ်နေမှာပါ။#crd @Tpw💛🌟@Lil KaZeN @khin🍂 @Saw Sandar @h ✨ sry for other friends🫶🤍

E
E
Open In TikTok:
Region: MM
Sunday 02 August 2026 08:41:11 GMT
3814
315
13
25

Music

Download

Comments

bounpermfangirl
Bounprem 🥦🥦 :
ဘဝမှာ အငယ်တွေကိုကြည့်ပြီးပြန်အားကျနေရတယ်
2026-08-02 11:54:45
2
anyarmix.co
အညာ 𝕍𝕚𝕓𝕖 🍂 🌴 🌾 🏡 🎬 :
Edit ရှယ်မိုက်တယ်🥰
2026-08-02 11:22:42
2
aungzawlatt22
Aung Zaw Latt :
အမှတ်တရတွေနဲ့ ဖိုးကိုးကျောင်းတော်ကြီး လွမ်းရတဲ့ကျောင်းတော်ကြီးပေါ့
2026-08-03 03:45:37
1
hawkmlbb
MLBB and PUBG GOD :
ဒါဘယ်သူလဲ မသိ့ပေမဲ့ ဒီကျောင်းကြီးက င့အတွက်အမှတ်တရတေအများကြီး
2026-08-07 07:03:11
1
aungaunglay6998
💯😘မောင်ဖြိုး🤭💯 :
ဖိုးကိုးကျောင်းပါမိုးကိုကျောင်းမဟုပါဘူး😁
2026-08-05 13:13:38
1
di.hlaine80
Di Hlaine ✍️ ဒီလှိုင်း ✍️ :
woow! အရင်ကအချိန်တွေပြန်လွမ်းမိရော😭
2026-08-06 17:14:27
1
gold.957
Gold :
👍👍👍👍👍👍
2026-08-02 09:38:10
1
user28115930314462
နမ့်စန်ရောက်ဘဝသမား :
🥰
2026-08-04 06:41:37
0
lonely.lay6
Lonely Lay :
🥰🥰🥰
2026-08-05 12:34:03
0
To see more videos from user @esa58022, please go to the Tikwm homepage.

Other Videos


About