@nge.nge3766: #အီစီကလီလုပ်တာ ကြာလာရင် သံယောဇဉ် တွယ်လာတယ်။ စွဲလမ်းလာတယ်။ သစ္စာဖောက်ခြင်းရဲ့အစက အီစီကလီ လုပ်တာက စတယ်။ စကားပြောတာကနေ စတင်တယ်။ ဒါကြောင့် အကြောင်းမရှိဘဲ တခြားသူတွေနဲ့ စကားပြောတာ၊ အီစီကလီလုပ်တာ အတတ်နိုင်ဆုံး ရှောင်ပါ။ ရှောင်ကို ရှောင်လိုက်ပါ။ ဒါဘေးကင်းတဲ့နည်းလမ်းပဲ။ အချစ်ပေါ် သစ္စာရှိတဲ့နည်းလမ်းပဲ အီစီကလီလုပ်တာ ကြာလာရင် သံယောဇဉ်တွယ်လာတယ်။ စွဲလမ်းလာတယ်။ သံယောဇဉ်ရှိပြီးနောက် အပြင်မှာ တွေ့ချင်လာတယ်။ ဒါကနေအဆင့်တစ်ခုပြီးတစ်ခုထပ်တက်ချင်လာမယ်။ လူဆိုတဲ့အမျိုးက မကောင်းဘူးဆိုတာ သိရင် ပိုလုပ်ချင်လာပြီး ဒီမကောင်းမှုမှာ ပျော်မွေ့လာတယ်။ သိစိတ်ကနေတော့ ဒီအရာက မကောင်းမှန်း သိလည်း မသိစိတ်မှာတော့ အရသာတွေ့ပြီး ဒီနွံထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။ လူအများစုက မကောင်းမှုမှာ စာမေးပွဲကျကြတာပဲ။ သစ္စာဖောက်တယ်ဆိုတာ” ဒီတစ်ယောက်အတွက်နဲ့ မလုံလောက်လို့။ ဒီတစ်ယောက်ကိုပဲ ရှေးရှုမထားလို့။ ဒီတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲ ချစ်မယ် မတွေးထားလို့။ ကောင်းကောင်းဆိုးဆိုး ဒီလူကိုပဲ ချစ်မယ် မတွေးလို့ ပါ။ သေချာ စိတ်ပိုင်းဖြတ်ထားရင် မျက်စိရှေ့ကလူက အကောင်းဆုံးပဲ။ သေချာ စိတ်ပိုင်းဖြတ် မလုပ်ထားရင် ရှေ့ကလူထက်… တခြားသူက ပိုကောင်းတယ် တွေးတယ်။ အချစ်စစ်တွေ ရှားလာတယ်။ အိမ်ထောင်ရေး တည်မြဲတာ နည်းလာတယ်။ စောင့်ထိန်းရမယ့် စည်းတွေ ဘောင်တွေ မရှိကြတော့လို့ဘဲ။ လူဆိုတာ ကျေနပ်ရောင့်ရဲရတယ်။ ရင်ခုန်သံ အသစ်မရှာရဘူး။ မိမိပန်းကန်ထဲက ထမင်းစားနေရင်း သူများပန်းကန်ထဲက ထမင်းကို အငမ်းမရ ကြည့်နေတာမျိုး မဖြစ်သင့်ပါ။ လောဘကြီးလွန်းသူ။ သစ္စာတရား မစောင့်ထိန်းသူ။ နောက်ဆုံးမှာ ဒီလူတွေဟာ ဘာမှ မရတတ်ကြဘူး။ ယောက်ျားမိန်းမဆိုတာ မလိုဘဲ ဘာစကားမှ အပိုသိပ်ပြောစရာ မလိုတာ။ ပြောတာ များလာရင် မဟုတ်တဲ့ဘက် ရောက်လာ တယ်။ ကိုယ်ကျင့်သိက္ခာကို အသက်နဲ့ရင်းပြီး တန်ဖိုးထားပါ။ အထီးကျန်တယ် ဆိုရင်တောင် သိက္ခာရှိရှိ အထီးကျန်ရပါမယ်။ ကိုယ်ကျင့်တရားကောင်းတဲ့သူကသာ အဆုံးမှာ ကောင်းတဲ့အရာများ ပိုင်ဆိုင်ခွင့်ရတတ်လို့ပါဘဲ။ #crd#foryourpages #knowledgesharing #fypシ
Nge Nge
Region: MM
Sunday 02 August 2026 11:12:00 GMT
Music
Download
Comments
Shin Min Thant :
စာသားလေးပို့ပေးပါလား
2026-08-02 23:25:16
2
လမင်းရဲ့ကြယ်စင်💜💜 :
မှန်တယ်နော်👍👍👍
2026-08-04 01:56:52
1
Si Thu Kyaw :
မှန်ပါတယ်ဗျာ
2026-08-03 16:06:28
1
ရာသက်ပန် မိသားစုလေးပါ :
👍
2026-08-03 03:59:14
1
W :
အမှန်ပါပဲ
2026-08-03 14:31:57
1
Ko Htwe :
မှန်လိုက်တာ
2026-08-03 14:01:13
2
မောင်သာထူး(ဧရာဝတီ) :
ယခုကာလမှာ အမှန်တရားတွေပဲ
ကိုယ်တွေ့👍👍👍👍👍
2026-08-03 14:54:17
1
pwint oo :
မှန်ပါ့
2026-08-03 13:58:49
1
oo khin mg kyaw :
သံယောဇဉ် အစ အီစီကလီက များလား?
2026-08-03 15:19:44
1
Myo Aung :
ကိုယ်တွေ့ကြုံနေတယ်။ခုတော့ရှောင်လိုက်ပါပြီ။ မကောင်မှန်းသိလို့။
2026-08-03 13:00:34
1
Naing Oo ♈ :
မိုက်
2026-08-03 00:15:54
1
Finding true love :
အမှန်ဆုံးပါပဲ
2026-08-04 04:47:37
0
Yu Nandar :
အမှန်ပဲ ကိုယ်လည်းဘယ်သူနဲ့မှ အီစီကလီမလုပ်ဘူး သူများဘဲလည်း အီစီကလီသွားမလုပ်ဘူး ကိုယ့်လာပြောလည်း အရေးမလုပ်ဘူး ကိုယ်အီစီကလီလုပ်ချင်ရင် ကိုယ့်လူကိုယ်ပဲအီစီကလီသွားလုပ်လိုက်တယ်😁😁
2026-08-03 14:17:22
1
Ei ei Phyo :
💞💞🌷🌷💐💐🌹
2026-08-02 15:23:25
1
user73214023779 :
🥰🥰🥰
2026-08-02 14:58:32
2
ချစ်သူ :
💯
2026-08-04 01:17:03
1
pigg :
👍👍👍👍👍👍
2026-08-03 14:36:30
1
Nay :
🥰🥰🥰
2026-08-03 18:53:32
1
ကန္တာရထဲကသူ :
😳😳😳
2026-08-04 04:52:56
0
To see more videos from user @nge.nge3766, please go to the Tikwm
homepage.