@del.roy93: မင်းက ခုမှ အသက် ၂၀ ပဲရှိသေးတာ... ဘာတွေ ဒီလောက် စိုးရိမ်မှုများနေရတာလဲ။ ပိုက်ဆံရှာဖို့ လောတယ်။ အောင်မြင်ဖို့ လောတယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရဖို့ လောတယ်။ ဆွေမျိုးတွေ အထင်သေးမှာကို ကြောက်တယ်။ ချစ်တဲ့သူက ကိုယ့်ကို မစောင့်နိုင်တော့မှာကို ကြောက်တယ်။ ကိုယ့်ရဲ့ အောင်မြင်မှုက ကြာသွားရင် မိဘတွေကို ကောင်းကောင်းမထားနိုင်တော့မှာကို ကြောက်တယ်။ မင်းရဲ့ အစိုးရိမ်တွေ၊ ပူပန်မှုတွေ အားလုံးကို နားလည်ပါတယ်။ လူအများက ပြောကြတယ် ၂၀ ကျော်အရွယ်ဆိုတာ ဘဝရဲ့ အလှပဆုံးနဲ့ အပေါ့ပါးဆုံး အချိန်တွေပဲတဲ့။ ဒါပေမဲ့ တကယ်တမ်း အဲဒီအရွယ်ကို ရောက်လာတဲ့အခါ ထင်သလောက် မပေါ့ပါးမှန်း သိလာရတယ်။ တခြားသူတွေရဲ့ အောင်မြင်မှုတွေ၊ ပျော်ရွှင်စရာ ဘဝနေထိုင်မှုပုံစံတွေကို ကြည့်ပြီး "ငါကော နောက်ကျကျန်နေခဲ့ပြီလား" ဆိုပြီး တွေးမိလာတယ်။ တခြားသူရဲ့ ဘဝ Timeline နဲ့ ကိုယ့်ဘဝကို ခဏခဏ နှိုင်းယှဉ်မိလာတယ်။ ဒါပေမဲ့ တစ်ခုတော့ မေ့နေတယ်မလား...။မင်းဟာ သာမန်လူသားတစ်ယောက်ပဲလေ။ ပြီးတော့ မင်းက ဘာဖြစ်လို့ တခြားသူတွေရဲ့ ဘဝ Timeline နဲ့ လိုက်ပြီး နှိုင်းယှဉ်နေရတာလဲ။ လူတိုင်းက ဘဝပေးအခြေအနေချင်းမှ မတူတာ။အသက် ၂၀ ကျော်တာနဲ့ မဖြစ်မနေ အောင်မြင်ရမယ်လို့ ဘယ်သူမှ စည်းကမ်းချက် ထုတ်မထားပါဘူး။အောင်မြင်သွားရင်တော့ ကောင်းတာပေါ့။ ခုလက်ရှိမှာ မင်းဘာတွေ လုပ်ကိုင်နေလဲ... လမ်းတွေ ပျောက်နေတုန်းလား... ဘာဖြစ်ချင်မှန်း မသိဘဲ ဝေဝေဝါးဝါး ဖြစ်နေသလား...။ အဲဒီလို ဖြစ်နေလည်း ကိစ္စမရှိပါဘူး။ တစ်သက်လုံး ဒီလိုပဲ ဖြစ်နေမှာမှ မဟုတ်တာ။ ခုချိန်မှာ မင်းသာကောင်းကောင်းအိပ်ပျော်ပြီး စားဝင်တယ်၊ ကျန်းမာရေးကောင်းတယ်ဆိုရင် ဘာကိုမှ အထူးတလည် စိတ်မပူပါနဲ့တော့။ ဘဝက အချိန်တန်ရင် အဆင်ပြေလာမှာပါ။ တကယ်ပြောတာပါ... ဘဝဆိုတာ လူတိုင်းနဲ့ လိုက်ပြိုင်နေရတာ မဟုတ်ဘူး။လူတိုင်းက ကိုယ့်ဘဝရဲ့ ပန်းချီဆရာတွေပဲ။ ကိုယ့်ဘဝကို အကောင်းဆုံး ရေးဆွဲခြယ်သလို့ ရပါတယ်။ အချိန်တစ်ခု ရောက်လာတဲ့အခါ ဘဝမှာ မင်းဖြစ်ချင်နေတဲ့ အရာတွေ ဖြစ်တည်လာမှာပါ။မယုံရင် လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ့်ကိုယ်ကိုယ်နဲ့ ခုလက်ရှိပုံစံကို ပြန်နှိုင်းယှဉ်ကြည့်လေ... မင်းဘဝ ပြောင်းလဲသွားတယ် မဟုတ်လား။ မဆိုစလောက်လေး ပြောင်းလဲသွားတာဆိုရင်တောင် ဒါဟာ သေးငယ်တဲ့ အောင်မြင်မှု အစပျိုးခြင်းပါပဲ။ #နူးနူးအောင် @sanji 🧸 @🪐 Le vi ❤️🔥 @†ต๊อบ👤
Rayy🎱
Region: TH
Sunday 02 August 2026 12:18:36 GMT
Music
Download
Comments
K♏️ :
လောမှရမယ်ဗျို့ ကျုပ်ချမ်းသာချင်နေပီ
2026-08-04 03:27:35
139
Lynn Htet :
it been 2/3 of ur life bro!
2026-08-04 12:31:35
0
မောင်ကရင် :
အခုမှ ကျွန်တော်အသက်19ပဲရှိသေးတယ်ဗျာ ဒါပေမဲ့ ပိုက်ဆံဆိုတယ် အရာက အရမ်း ကြောက်ဖို့ကောင်းတယ် အမေကို ဆုံးရှုံးပီးပီး ပိုက်ဆံကြောင့် အဖေကို မဆုံးရှုံးစေချင်သေးဘူး ကျွန်တော်လောရမယ် ဗျာ အဲ့ဒါမှ ရောဂါကို ပိုက်ဆံ💸နဲ့ ကူနိုင်မှာ😊
2026-08-04 13:30:39
7
S🦥 :
2006မွေးတဲ့လူငယ်တစ်ယောက်ပါ
စိုးရိမ်မူ့တွေနဲ့နောက်ကျကျန်ခဲ့မလားဆိုပီး ပူပန်နေရတယ် ရွယ်တူတွေနိုင်ငံခြားထွက်နေချိန် ကိုယ်တွေကဘာမှဖစ်မလာသေးဘူး တစ်ခါတစ်လေအရမ်းအားငယ်ချိန်တွေအပြည့်ပါပဲ🥺😔
2026-08-03 21:59:55
18
I C H I :
အခုမှ၁၈နှစ်ပဲရှိသေးတယ်ဆိုပေးမဲ့လောမှရမယ်မိဘတွေကအသက်ကြီးလာပြီးဗျ
2026-08-04 13:26:29
7
♡︎ 𝑬𝒎𝒑𝒓𝒆𝒔𝒔 ♡︎ :
2006 born တို့ရဲ့ အကြီးမားဆုံး ပြသနာ..😩
2026-08-04 08:49:15
6
Mg Bake :
မလောပါဘူး ကျန်ခဲ့မှာတော့စိုးရိပ်တယ်ဗျာ
2026-08-03 11:40:26
65
♪𝐾𝚈𝚊𝚠 𝚉ɪ𝙽 ♪ :
2005 အသက်22ထဲဝင်တေ့ာမယ့်တကယ်ကြမ်းတယ်ဘဝတွေနိုင်ငံခြားမှရုန်းကန်ရတာ
2026-08-03 14:41:55
12
K ♒ :
စာသားလေးပေးပါလား
2026-08-04 13:00:47
1
한구배우🔥 :
သားဆို 16ပဲရှိသေးတယ် ထိုင်းရောက်နေတာ တစ်နစ်ပြည့်ပီ
2026-08-04 09:59:00
1
♡𝓗𝓪𝔂 𝓜𝓲♡ :
ဘာမလောပါဘူး အေးဆေးပဲဂို😏
2026-08-04 02:58:40
1
မုန်းလိုက်ပြီးmal :
လောရတယ်ဗျမိဘတွေအသက်ရှိနေတုန်းလေချမ်း"သာ"ထားချင်သေးတယ်
2026-08-04 07:32:28
6
༄☆ကိုဂျေမီ//.✓ :
0ကစတဲ့ကောင်မို့လောတဟ်ဗျာ
ခွေးလိုနေခဲ့ရတဲ့အချိန်တွေလဲရှိခဲ့တယ်
ထမင်း၀အောင်မစားခဲ့ရတဲ့အချိန်တေလဲရှိတယ်
လူငယ်လိုဖြတ်သန်းရမဲ့အစား ကိုယ့်ခြေထောက်ကိုယ်ရပ်ဖို့ကိုရွေးချယ်ခဲ့ပီ
ခုချိန်လောမှ ၃၅နှစ်မာ ငါ့မိသားစု အေးဆေးနေရမယ် ငါ့မျိုးဆက်တွေလဲ ငါ့လို0ကနေပြန်မစရလေအောင် ငါကိုတိုင်အလောတကြီးရုံးကန်မယ် 😊တယောက်နဲ့တယောက်တော့ဘယ်တူပါ့မလဲ
2026-08-03 13:59:27
47
K :
လောတာတော့မဟုတ်ဘူး ဒါပေမယ့် နေ့စဉ်လုပ်သင့်တာတော့လုပ်နေတယ် မဟုတ်ရင် နောက်ကျကျန်ခဲ့မှာ
2026-08-04 07:31:05
1
Naddi :
ဘာတွေလောမိနေမှန်းကို မသိတော့တာပါ
2026-08-04 07:48:30
1
$⚡ Mg SAI 97🫨🌪️ :
အဖေနဲ့အမေအသက်ကြီးနေပြီ ခုကတည်းက မကြိုးစားရင် ဘယ်ချိန်ကြိုးစားမလဲ😔
2026-08-03 15:52:43
1
May🌷 :
ဒီစာလေးဖတ်လိုက်ရတော့ ငါ့စိတ် အရမ်းတေလောနေပါလားဆိုပြီး တွေးလိုက်မိတယ်😔😔
2026-08-03 17:12:04
1
𝐙𝐀𝐘𝐀𝐑 :
အသက်20က 20ထက်မက ခံစားနေရတာ
2026-08-04 04:34:44
1
ye htet kyaw :
လောရမယ်
2026-08-04 10:19:31
1
𝕊 :
မလောလို့မရဘူးလေ ပညာသင်လောကပြီးရင် ဘဝဆိုတာဘာလဲနားလည်လာလိမ့်မယ်
2026-08-04 10:26:20
1
မျက်နှာရူး🤪 :
လောရမယ်ဘရိုရ ငါ့တိုတွေနောက်ကျနေပီး😥
2026-08-04 08:49:22
1
Crank .X" :
အသက်25ရှိပီဆော်လဲမရှိဘူး ပိုက်ဆံလဲမရှိဘူးဆိုးရိန်ရလားဗျ
2026-08-04 09:24:40
1
Kyi♊️ :
18နှစ်ပါ ကိုယ့်ကိုနောက်ကျတယ်ထင်မိ
2026-08-03 16:18:41
1
To see more videos from user @del.roy93, please go to the Tikwm
homepage.