@minko5131: **************************** လောကကြီးက အရမ်းတရားမျှတလွန်းတယ်လို့ ခါခါးသီးသီး ငြင်းခဲ့ဖူးတယ်။ ငါတို့ တောင်းတဖူးတဲ့ သစ်ပင်ရိပ်တွေ၊ ငါတို့ မက်ဖူးတဲ့ အိပ်မက်မြင့်မြင့်တွေနဲ့ ငါတို့ရဲ့ လက်ရှိလက်ဝယ်မှာ ရှိနေတဲ့ အရာတွေကြားထဲမှာ ဟာကွက်ကြီးတွေ အမြဲရှိနေခဲ့လို့ပဲ။ ဒါပေမဲ့ အချိန်တွေ ရွေ့လျား၊ ဘဝရဲ့ ဓမ္မတာတွေကို ခပ်ပါးပါးလေး နားလည်လာတဲ့အခါမှပဲ အမှန်တရားတစ်ခုက ကြောက်စရာကောင်းလောက်အောင် ထင်ရှားလာခဲ့တယ်။ လောကမှာ ငါတို့ ပိုင်ဆိုင်ခွင့်ရသမျှ၊ ဆုံးရှုံးခဲ့သမျှနဲ့ တွေ့ဆုံကြုံကွဲခဲ့ရသမျှ အရာရာတိုင်းဟာ "ကိုယ်နဲ့ တန်ရာတန်ရာ" တွေချည်းပါပဲ။ ပန်းတစ်ပွင့်ရဲ့ သင်းရနံ့ကို ခံစားချင်ရင် မနက်ခင်းရဲ့ ဆီးနှင်းအေးကို အောင့်အီးနိုင်တဲ့ ဇွဲရှိရတယ်။ ပန်းပင်ကို ရေမှန်မှန်လောင်း၊ ပေါင်းမြက်တွေကို ပုံမှန်ရှင်းပေးတဲ့ သူဆီမှာပဲ လှပတဲ့ ပန်းပွင့်ရဲ့ တန်ဖိုး ရောက်ရှိသွားတာပါ။ ဘာမှ ပေးဆပ်မထားဘဲ၊ ဘာမှ ကြိုးစားမထားဘဲ အလှတဆာကိုပဲ လိုချင်ခဲ့ရင်တော့ အတုအယောင် သစ်သီးတွေနဲ့ပဲ တန်လိမ့်မည်။ မေတ္တာတောင်းရင် မေတ္တာပြန်ရမလားလို့ မေးကြတယ်။ စေတနာဆိုတာ ကိုယ်ပေးလိုက်တဲ့ အတိမ်အနက်နဲ့ တန်ကြေးပေါ်မူတည်ပြီး ခေါင်းလောင်းသံလို ပြန်ကြားရတာမျိုးပါ။ ကိုယ်တိုင်က အတ္တနဲ့ ပတ်ထားတဲ့ မေတ္တာကို ပေးခဲ့ရင်တော့ ပြန်ရမှာလည်း ပါးလွှာတဲ့ သံယောဇဉ်တစ်ခုပါပဲ။ စစ်မှန်တဲ့ တန်ဖိုးကို ပေးနိုင်သူမှသာ စစ်မှန်တဲ့ တန်ဖိုးနဲ့ တန်ကြေးရှိတဲ့ အရာတွေကို ပိုင်ဆိုင်ခွင့်ရတာ လောကရဲ့ နိယာမ။ တောင်ကုန်းမြင့်မြင့်ပေါ်ကို မတက်ဘဲနဲ့ လေပြေအေးကို ရှုရှိုက်ခွင့်မရသလို၊ ကိုယ့်ဗဟုသုတကို မမြှင့်တင်ဘဲနဲ့လည်း မြင့်မြတ်တဲ့ တွေးခေါ်မှုတွေကို မပိုင်ဆိုင်နိုင်ပါဘူး။ ဒါကြောင့် ငါတို့ ရောက်နေတဲ့ နေရာ၊ ငါတို့ လက်ထဲမှာရှိတဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု၊ ငါတို့ ရရှိထားတဲ့ အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတရားတွေဟာ ကိုယ့်ရဲ့ ကြိုးစားမှု၊ ကိုယ့်ရဲ့ စိတ်ထားနဲ့ ကိုယ့်ရဲ့ စေတနာတွေကို လောကကြီးက ပြန်လည် ပေးအပ်လိုက်တဲ့ "တန်ရာ တန်ကြေး" စာရင်းဇယားတွေပဲ ဖြစ်ပါတယ်။ ရလဒ်တွေကို မြင့်မားစေချင်ရင်၊ ပိုမိုလှပတဲ့ တန်ကြေးတွေကို ပိုင်ဆိုင်ချင်ရင် စာမျက်နှာဟောင်းကို ပဲ့ပြင်ရမှာ မဟုတ်ဘူး... ကိုယ့်ကိုတိုင်ရဲ့ တန်ဖိုးကိုမှ စတင်မြှင့်တင်ရမှာ။ ကိုယ်တိုင်က တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်လာတဲ့အခါ... လောကကြီးကလည်း ကိုယ်နဲ့ "တန်ရာ တန်ရာ" တွေကိုပဲ လက်ဆောင်အဖြစ် ယူဆောင်လာပေးပါလိမ့်မယ်။ မင်းကို(ပန်းတနော်)

မင်းကို(ပန်းတနော်)
မင်းကို(ပန်းတနော်)
Open In TikTok:
Region: MM
Sunday 02 August 2026 14:59:46 GMT
10046
1975
96
112

Music

Download

Comments

toetoe_toetoe1234
toetoe :
မဂ်လာပါ အဲ့သချင်းလေအရမ်းကြိုက်ပါတယ်ရှင်
2026-08-02 18:00:48
3
oo.naing2702
꧁༺🖤 𝔒𝔬 𝔑𝔞𝔦𝔫𝔤 🖤༻꧂ :
စာသားလေး ပြန်လည်ကူးယူတင်ပါရစေ
2026-08-03 02:18:32
3
pan.cherry399
Pan Cherry :
မဂ်လာပါသူငယ်ချင်းမင်္ဂလာပါချမ်းမြေ့ပါစေ
2026-08-04 06:34:14
1
mmy0z1
Mã Mä :
💝💝💝💝💝
2026-08-04 16:17:03
1
kowaiyan970
🐰🐰မယ်သီတာ🐰🐰 :
🥰အမုန်ပါဘဲတန်ရာတန်လေအရမ်းကြိုက်ပါတယ်ရှင်🥰🥰🥰🥰
2026-08-04 01:57:05
1
jejrbnfkfkmgm
ယဥ်သိန်း :
ဟုတ်ပါတယ်
2026-08-07 13:24:36
0
aungdllnw5e
ချယ်ရီဇော်ဂျီ🎻🥊🎸🥊🏆🥉🎗 :
💙💙💙
2026-08-12 22:59:14
0
user65806385627650
ဘုိလွ :
[စတစ်ကာ]
2026-08-04 06:30:17
1
masterthanhtay
ThanHtayAung :
2026-08-09 14:21:03
0
masterthanhtay
ThanHtayAung :
2026-08-09 14:20:20
0
baganakari04
Bagan Akari :
2026-08-05 04:09:56
1
nwenwe3491
🥭မချစ်စု🥭 :
2026-08-03 08:15:04
1
user2817749368173
ကဗျာ :
[Sticker] 🥰🥰
2026-08-06 16:58:14
0
saw.phoe.wai6
Daw Myint Thein :
မဂ်လာပါ💖💖💖💖💖💖💖💖💖
2026-08-02 15:21:39
1
ko..ko..gyi0
Ko. Ko. Gyi :
မဂ်လာပါအားပေးနေပါတယ်🥰🥰🥰🥰🥰
2026-08-06 16:52:21
1
phyoandma8122025
ဖြိုးရဲ့မ😍😍 :
🥰🥰🥰🥰
2026-08-02 23:31:38
1
nwe60404
Nwe🌼 :
မဂ်လာပါ လေးစားနေလျက်ပါ ဆရာ
2026-08-02 16:01:43
1
thu.zar9491
Thu Zar :
Right
2026-08-03 10:54:53
1
To see more videos from user @minko5131, please go to the Tikwm homepage.

Other Videos


About