@anon.anonlay: များသောအားဖြင် ကိုယ်တို့ကို ပင်ပန်းစေတာက ကိုယ်ကိုယ်တိုင် မဟုတ်ဘူး။ စိတ်ထဲ မလွှတ်ချနိုင် ဘဲ ဆုပ်ကိုင်ထားတဲ့ အတွေးတွေသာဖြစ်တယ်။ ဘဝဆိုတာ လုံးဝ အပြစ်ကင်း ပြည်စုံတဲ့ အရာ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အခက်အခဲတွေ ရှိကြသလို အရာရာ အဆင်မပြေတဲ့ အချိန်တွေလည်း ရှိတတ် ပါတယ်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” လို့ အမြဲတွေးပြီး စိတ်ညစ်နေမယ့်အစား ရှုထောင့်တစ်ခု ပြောင်းပြီး ကြည့်တတ်ဖို့ သင်ယူကြည့်တဲ့အခါ အရာ တော်တော်များများမှာလည်း သူ့ဖြစ်တည်လာရတဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုး ရှိနေတယ်ဆိုတာကို တွေ့မြင် လာနိုင်ပါတယ်။ ချစ်မြတ်နိုးရတဲ့ လူတွေ၊ အရာဝတ္ထုတွေရှိရင် စိတ်နှလုံးအပြည့်နဲ့ တန်ဖိုးထားမယ်။ ကြိုးစားခဲ့တဲ့ ရလဒ် အကောင်းအဆိုးအတွက် အေးအေးသာသာ လက်ခံနိုင်ဖို့ သင်ယူမယ်။ ရရှိခြင်းက ကံကောင်းခြင်းဖြစ်သလို၊ ဆုံးရှုံးခြင်းကလည်း ကြီးပြင်းရင့်ကျက်စေတဲ့ သင်ခန်းစာဖြစ်တယ်။ တချို့လူတွေက ကိုယ့်ဘဝလမ်းမှာ ခဏတာ အတူ လျှောက်ပေးရုံနဲ့တင် တန်ဖိုးရှိတဲ့ ရေစက်တစ်ခု ဖြစ် သွားတယ်။ တချို့လမ်းတွေကိုတော့ ကိုယ်တိုင် လျှောက်လှမ်းမှ သာ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိနိုင်မှာဖြစ် တယ်။ ဘဝမှာ တကယ့်တန်ဖိုးအရှိဆုံးအရာက ပိုင်ဆိုင်တာ ဘယ်လောက်များလဲဆိုတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ဘယ်လိုနေတတ် လဲဆိုတာဖြစ်တယ်။ စိတ်ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် မချုပ်နှောင် ပါနဲ့။ အတိတ်ကို လက်ရှိဘဝအပေါ် အရိပ်မိုးခွင့် မပေးပါ နဲ့။ ကိုယ့်စိတ်ကို ဂရုစိုက်ပြီး ဘဝကို ကောင်းကောင်း ဖြတ်သန်းနိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ် ပေးနိုင် တဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ။ ရင်ဘတ်ကျဉ်းရင် စိတ်ပူစရာတွေ များလာမယ်။ ရင်ဘတ်ကျယ်ကျယ်ထားရင် ဘဝလည်း သဘာဝ အတိုင်း ပိုချောမွေ့လာမယ်။ အချိန်ရဲ့ စီးဆင်းမှုကို မတားဆီးနိုင်သလို ခွဲမသွား ဖို့၊ မဖြစ်ပွားဖို့လည်း မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ နေ့ရက်တိုင်းရဲ့ နေထွက် ချိန် နေဝင်ချိန်ကို ဘယ်လိုစိတ်ထားနဲ့ ကြိုဆို ဖြတ်သန်းမလဲဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ် နိုင်ပါတယ်။ ရင်ဘတ် ကျယ်ကျယ်ထားပြီး အလျင်မလိုတဲ့ ခြေလှမ်းနဲ့ သာမန်ရိုးရှင်းတဲ့ နေ့ရက်တွေမှာလည်း ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာတွေ့နိုင်ကြပါစေ။ #နိုင်းနိုင်းစနေ #fypシ #🌿
Another Day
Region: MM
Sunday 02 August 2026 15:16:12 GMT
Music
Download
Comments
Arkhee :
စာသားလေး copy ချင်လို့လေ
2026-08-03 04:59:24
1
🍒☘️Auraro🎑🌥️ :
ပြန်တင်ခွင့်ပြုပါနေည့်
2026-08-04 13:21:56
1
Fue🌻♒️ :
စာသားလေးပေးပါ
2026-08-03 16:26:21
0
Su🦋♓ :
စာသားလေးယူမယ်နော်ရှင့်
2026-08-05 19:41:17
0
ရာဇဝင်ထဲက နမကြီး🐄 :
ဒါနဲ့သီချင်းနာမည်လေးပြောပြပါလား
2026-08-02 15:23:50
0
Pogyi, 🥺 @:Lp :
copyပေးလို့ရဘူးလားဗျာ
2026-08-05 13:56:57
1
ရာဇဝင်ထဲက နမကြီး🐄 :
ဒီတီးလုံးဟာနောက်ဆုံထွက်သက်ရောက်ရင်နားထောင်ဖစ်မဲ့သီချင်းဖစ်လောက်မယ်🥺
2026-08-02 15:22:35
0
To see more videos from user @anon.anonlay, please go to the Tikwm
homepage.