@pk19948: ပထမလူက တကယ်ချစ်ခဲ့ရင် ဒုတိယလူဆိုတာ ပေါ်လာစရာတောင် မလိုဘူး။ ချစ်ခြင်းမေတ္တာဆိုတာ စကားလုံးလှလှတွေနဲ့ မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ သက်သေပြရတာ။ အရင်တုန်းက ဂရုစိုက်မှုကို တောင်းခဲ့ရတယ်၊ နွေးထွေးမှုကို မျှော်ခဲ့ရတယ်၊ အရေးပါတဲ့သူတစ်ယောက်လို ဆက်ဆံခံရဖို့ အမြဲစောင့်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီ။ မတောင်းဘဲ ရလာတဲ့ ဂရုစိုက်မှု၊ မမျှော်ဘဲ ရလာတဲ့ ချစ်ခြင်းမေတ္တာ၊ မရှင်းပြဘဲ နားလည်ပေးတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားရပြီ။ လူမှန်ကို တွေ့တဲ့အခါ မပြည့်စုံခဲ့တဲ့ ကွက်လပ်တွေ အလိုလို ပြည့်လာတယ်။ နောက်ကျတာ မဟုတ်ဘူး… ကိုယ်နဲ့ထိုက်တန်တဲ့ အချစ်ကို အချိန်မှန်မှာတွေ့ခဲတာ။❤️🔥 #ပီကေ #စာတို #မူရင်း #foryou
☛ပီကေ☚ Official🔵
Region: TH
Sunday 02 August 2026 16:37:17 GMT
Music
Download
Comments
m@ m@ ζ¡מ :
It's right
2026-08-04 17:59:54
0
May Thu Htet 🐻 :
ဖောက်ပြန်တတ်တဲ့သူတွေရဲ့လက်သုံးစကား😊 ကိုယ်ဆိုသူ့အတွက်အရာရာ ချီးပါသေးအဆုံးလုပ်ပေး လိုတာဖြည့်ဆည်းပေး။ ကိုယ်ကအငတ်ခံကျွေး အရာရာမျက်နှာမငယ်ရအောင်ဖြည့်ဆည်းပေးခဲ့တာ။ လူကြားမျက်နှာမငယ်ရအောင်အကောင်းစားဆိုတာမှပေးခဲ့တာသူ့ကို။နောက်ဆုံးသူကပြည့်စုံလည်းသွားရောဖောက်ပြန်ပြီး သူ့ဘေးမရှိတူတူနေလာတဲ့သူ့ကိုထားခဲ့တယ်။ ဗီဇကြောင့်ဖောက်ပြန်တာကို လူကြားကောင်းအောင် စကားစလုံးတွေနဲ့ဖွဲ့နွဲ့နေလည်းအပိုပဲ ။ဗီဇက သေတောင်ဖျောက်မရဘူး။
2026-08-03 01:16:24
113
chit phoo :
ဖောက်ပြန်ဖို့အတွက်လမ်းစရှာပေးတဲ့စကားလေးဖြစ်ပါတယ်
2026-08-03 00:42:18
18
Angle Queen :
ဒုတိယလူနောက်ပါသွားမှသစ္စာမရှိဘူးလို့ပြောခံရသေးရှိနေတုန်းတော့ဂရုစိုက်ရကောင်းမှန်းမသိကြဘူး
2026-08-03 00:57:43
18
karen love :
အမှန်ဘယ် ပထမလူက စရိုက်မကောင်းလို့
ဒုတိယလူရှိလာတာ🥰🥰🥰🥰
2026-08-03 02:11:43
14
လရိပ်် ဝန်း :
ဒုတိရလူရဲ့တတိယလူပေါ်လာခဲ့တော့ဘယ်လိုဘယ်ရမလဲ
2026-08-02 21:48:29
4
သူဇာပြုံး :
မှန်ပါတယ် အရင်လူက မပေးနိုင်တဲ့ ဂရုစိုက်မှုတွေ့ကို နောက်လူဆီရနိုင်မယ်ထင်ပါတယ်
2026-08-04 12:20:32
1
$မှတ်မရှိတယ့်ငါ🐃🐃 :
အဲ့စာသားမှန်ပေမယ့် ပထမလူနဲ့မပီးပြတ်သေးပဲ ဒုတိယလူပေါ်လာတာက သစ္စာဖောက်တာပါပဲ
2026-08-04 08:21:50
6
လင်းလတ် :
ပထမလူကအစစအရာရာကောင်းနေပါရဲ့နဲ့ဒုတိယလူကဘာလို့ပေါ်လာတာလဲ
2026-08-03 08:37:46
1
😻ဖြူစင်👀🧠 :
ပထမလူကအဲ့လိုချစ်ခြင်းမေတ္တာတွေပေးရဲ့သားနဲ့ဘာကြောင့်ဒုတိယလူကဘာလို့ရှိရတာလဲ🥺🥺
2026-08-03 01:41:07
9
🇮🇩🇮🇩 khin cho lay 🌹🌹🌹 :
ဒါပေါ့ချစ်တတ်မှုခြင်းကွာရင်နောက် လူဆိုတာပေါ်လာမှာပဲ
2026-08-03 08:21:07
1
🌻zin🌻♥️ :
မထမလူသားကိုအပေါ်တကယ်ချစ်ရင်ဂရုစိုက်ရင်နောက်လူဆိုတာမပေါ်လာဘူးနာ်🥰🥰နောက်လူကကိုအပေါ်မှာဂရုစိုက်တယ်အသေးဖွဲ့ကစကိုကိုယ်လုပ်ပေးတယ်ချစ်ပးတယ်🥰🥰🥰🥰🥰🥰🥰
2026-08-03 10:17:52
1
🤴🤴U Aye min ko ko 🤴🤴 :
ပထမလူတကယ်ချစ်ပေးရဲ့သားနဲ့ဒုတိယလူပေါ်လာတာကြတော့ရော🥺
2026-08-03 05:43:39
2
VIP :
ဒုတိယလူ ရှိနေရင် ပထမလူကို လမ်းခွဲဖို့လိုပါတယ် ဖောက်ပြန်ချင်းဆိုတဲ့ သိက္ခာမဲ့တဲ့လူဖြစ်သွားလိမ့်မယ်
2026-08-03 03:23:30
7
ဧရာဝတီသူလေး😘😜 :
ပထမလူအရာရာတိုင်းပေးစပ်ခဲရဲသားနဲဖောက်ပြန်သွားတာကရောဘယ်လိုခေါ်ပါသလည်း
2026-08-03 10:37:36
4
🍓🍓ဆုငယ်🍓🍓 :
ဟုက်တယ်အဲ့လိုတကယ်ချစ်ပိးယူသွားကျတာတွေ့ဖူးတယ် တချို့ကျတော့မရခဲ့တဲ့မေတ္တာဂရုစိုက်မှု ြကင်နာမှုအလိုက်သိမှုတွေ ေြကာင့်ပဲ
2026-08-03 15:08:28
2
Chal Chit 808 :
ဖောက်တာက တစ်ယောက်မကဖောက်ပြန်နေတဲ့သူကိုကောဘယ်လိူပြောမလဲ
ဗီဇနပဲဆိုင်တယ် ဖောက်ပြန်ချင်တဲ့သူက
နောက်တစ်ယောက်ဆိုတာကိုအမြဲရှာနေတာ
2026-08-03 11:14:12
2
ငယ်ငယ် :
ပထမ လူလဲးမလိုချင်ဘူး
ဒုတိယ လူလဲးမလိုချင်တော့ဘူး
တယောက်ထဲးလွတ်လပ်စွာပဲးနေချင်တယ်
ဖြစ်လေရာဘဝတတိုင်းမှာလွတ်လပ်တဲ့
လူသားတယောက်ပဲဖြသ်ချင်တယ်
2026-08-03 14:58:11
2
Than Than Maw :
ကျေဇူးပါပိုစ့်လေကိုအရမ်းကြိုက်သွားပြီရင်ထဲထိတယ်လေ
2026-08-03 07:29:55
1
Pe Tar :
ဖောက်ပြန်တာကိုအကာကွယ်ယူဖို့သုံးတဲ့စကားတွေပါ
2026-08-03 05:49:50
3
Thin :
မှန်ပါတယ်🥰🥰🥰🥰🥰🥰🥰🥰
2026-08-03 05:21:06
3
Dehtoo :
မချစ်ခဲ့လို့ပါ second ပေါ်လာတာပါ
2026-08-03 02:01:27
1
ohn mar myint ☘️☘️☘️AC family :
အမှန်ပဲနော်၃နှစ်လောက်ထိသူဆီကဂရုစ်ုက်ပေးဖို့တောင်းဆိုခဲ့နေရတော့ကြာလာတော့စိတ်ထဲမပျော်တော့ဘူး
2026-08-02 23:53:01
4
🍁 May Chue Lwin 🍁 :
ဟား ဟားဟားဟား
2026-08-03 03:17:07
1
Ah Moon :
တတိယလူပေါ်လာရင်ကော
2026-08-03 00:45:50
2
To see more videos from user @pk19948, please go to the Tikwm
homepage.