@zayartbz7news: မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က နာရေးအိမ်ကို ဝင်ရောက်စီးနင်း ရိုက်နှက်မှုကြောင့် ပြည်သူ ၁ ဦး ခြေကျိုးပြီး အများအပြား ဒဏ်ရာရ ရန်ကုန်၊ ဩဂုတ် ၂ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က နာရေးအိမ်ကို ဝင်ရောက်စီးနင်း ရိုက်နှက်ခဲ့သဖြင့် ပြည်သူ ၁ ဦး ခြေကျိုးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ညောင်ကုန်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ရွာသူရွာသားများ၏ သဘောထားကို ရယူခြင်းမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့က ကျောင်းထိုင်ဆရာတော်အသစ် တင်မြှောက်ခဲ့ရာမှ ကျေးရွာအတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာတွင် ဓမ္မာစရိယအောင်မြင်ပြီး သာသနာရေးပညာ ဖြန့်ဝေနိုင်သည့် ဆရာတော်တစ်ပါးကို ကျောင်းထိုင်အဖြစ် ပင့်ဆောင်လိုသူများနှင့် ရပ်ရွာဘုန်းကြီးကိုသာ ကျောင်းထိုင်တင်မြှောက်လိုသူများဟူ၍ အုပ်စုနှစ်ဖွဲ့ ကွဲပြားသွားခဲ့သည်။ ဓမ္မာစရိယအောင်မြင်သည့် ဆရာတော်ကို ကိုးကွယ်လိုသည့် အိမ်ထောင်စု ၃၅ စုခန့် ရှိပြီး ယင်းအိမ်ထောင်စုများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သာရေး၊ နာရေးနှင့် ရပ်ရေးရွာရေး ကိစ္စများတွင် ဖယ်ကျဉ်ထားခဲ့သဖြင့် အဆိုပါ အိမ်ထောင်စုများက သီးခြား ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ကာ ဘာသာရေးလုပ်ငန်းများကို ခွဲခြားဆောင်ရွက်ခဲ့ကြသည်။ ဇူလိုင်လ ၂၈ ရက်နေ့တွင် အဆိုပါ အိမ်ထောင်စု ၃၅ စုအနက် မိသားစုတစ်စု၌ နာရေးကိစ္စ ဖြစ်ပွား၍ ကျောင်းဆောင်သစ်မှ ဆရာတော်က နာရေးတရား လာရောက်ဟောကြားစဉ် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က ကျောက်ခဲများဖြင့် ထုရိုက်ခြင်း၊ နာရေးအိမ်မှ မိသားစုဝင်များကို ဝင်ရောက်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်မှုကြောင့် အမျိုးသမီးတစ်ဦး ခြေကျိုးသွားခဲ့ပြီး ကျန်မိသားစုဝင်များနှင့် တရားလာရောက်နာယူသူများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ကျောင်းဆောင်သစ်တွင် တရားဟောကြားသည့် ဆရာတော်ကြောင့် ကျေးရွာ၏ သုံးပုံနှစ်ပုံခန့်သည် ကျောင်းဆောင်သစ်သို့ ပြောင်းလဲကိုးကွယ်လာကြရာ ကျန်တစ်ပုံမှာ အုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။ နာရေးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်သံဃာ့နာယကအဖွဲ့မှ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သော်လည်း မြို့နယ်သံဃာ့နာယကသို့ တင်ပြလျှောက်ထားရာတွင် မြို့နယ်သံဃာ့နာယကမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အကြိမ်ကြိမ် ညှိနှိုင်းလျှောက်ထားသော်လည်း ဆက်လက်ကန့်ကွက်ခဲ့ကြသည်။ "အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ အဖွဲ့က နာရေးအိမ်ထဲထိ ဝင်ရိုက်လို့ ခြေထောက်ကျိုးသွားတာ။ မိုးညှင်းပြည်သူ့ဆေးရုံကြီးကနေ မနေ့ကမှ ဆေးရုံဆင်းလာရတယ်။ နာရေးအိမ်က ကျန်တဲ့ မိသားစုဝင်တွေရော တရားလာနာတဲ့ ပြည်သူတွေပါ ထိခိုက်မှုတွေ ပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့သည် သီးခြားအသစ်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ - ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရိုက်နှက်ခံရ၍ ခြေထောက်ကျိုးသွားသော ပြည်သူ ၁ ဦး။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်း #ဒေသသတင်းရင်းမြစ် #zayartbz
ZayarTBZ 7 News
Region: TH
Monday 03 August 2026 02:37:11 GMT
Music
Download
Comments
Natogyi :
good like
2026-08-03 06:09:03
0
Tun Tun Win 🍃 :
ရွာဘုန်းကြီးပဲကျောင်ထိုင်ဖြစ်သင့်တယ််
2026-08-03 03:06:32
2
ကို ဒ သ :
တရားစွဲးပါ ပြစ်မူအနေနဲ့ စစ်မူထမ်းခိုင်ပါ
2026-08-03 04:39:04
2
Hein Htet :
တစ်နေ့တစ်မျိုးမရိုးရဘူး
2026-08-03 05:10:23
1
NNA :
အုပ်ချူပ်ရေးမူး ဦးကျော်စိုး လားရှင့်
2026-08-03 09:01:11
0
ko Ngwal :
ခုချိန်ထိအရေးယူဆောင်ရွက်ခြင်းမရှိသေးပါ
2026-08-03 05:45:27
0
𝑪𝒉𝒊𝒕 Oo Ko :
ယုတ်မာလိုက်ကြတာ
2026-08-03 05:27:27
0
Daw Win :
သံဃာမှာစီးကမ်းရှိပြီးသားပါ။လူတွေမဆိုင်ပါဘူး
သံဃာအဖွဲ့အစီးနှင့်ဆိုင်တာပါ။ရပ်ကွကဘာမှ
လုပ်ပိုင်ခွင့်မရှိကြပါဘူး
2026-08-03 05:53:56
0
တက်လမ်း :
တရားနာချိန်တောင်လုပ်ရဲကြတယ်နော်
2026-08-03 04:56:55
0
Khin Khin Chit :
ကိုယ်ပြုတဲ့ကာယကံတနေ့ကိုယ်ခံရမည်ကျောင်းမီးရှို့တဲပုံမြင်လိုက်ရဒါအရမ်းကြောက်မိတယ်စိတ်ပါလက်ပါလုပ်မိရင်တော့ကာယကံသုံးပါကျူးလွန်ရာရောက်သွားပီသာသနအစိတ်စိတ်မကောင်းဖြစ်မိတယ်
2026-08-03 06:25:58
0
Aung Lin288 :
အုပ်ချုပ်ရေးမှူးကရိုက်ပိုင်မရှိပါမီးရှို့ခွင့်မရှပါတရားမစွဲဘူးလား
2026-08-03 06:18:31
0
Tt Tt :
ပိတ်တာလုပ်ရပ်
2026-08-03 04:26:04
0
susuhnin :
စိတ်စင်ရဲတယ်
2026-08-03 03:15:24
0
Nay Min :
အဲ့တာက ဒို့နိုင်ငံရဲ့ ဘာသာရေးပုံစံဖြစ်နေပြီ
ဘာသာရေးဆိုတာ အေးချမ်းမှု့ ၊ငြိမ်းချမ်းခြင်းဆိုတာ လူတွေကိုသိစေချင်တယ်
2026-08-03 04:22:48
0
Daw Win :
ကိုရွာကကျောင်းထဲမှာဆယ်ဝါပြည့်တဲသံဃာ
ရှ်ိရင်ဒီကျောင်းမှာဘဲပြန်ကျောင်းထိူင်ရပါတယ်
မကျေနပ်ပါကဂိုင်းအုပ်ကချပေးတာလက်ခံ
ရပါတယ်။ရပ်ရွာကဆုံးဖြတ်ခွင့်မရှိပါဘူး
2026-08-03 05:51:55
0
ချစ်ပြုံး :
ကြောက်စရာနော်သံဃာ့ဘေဒကကံတွေ ထိုက်ကုန်ကြပီနော်
2026-08-03 06:25:26
0
ကျော်ကြီး :
2026-08-03 06:08:13
0
Han Thu Ya Zaw :
🙏🙏🙏
2026-08-03 14:00:30
0
Daw Kyi Myint :
😁😁😁
2026-08-03 07:34:23
0
Rosy :
👍👍👍
2026-08-03 07:29:04
0
Aye Aye Than :
😳😳😳
2026-08-03 10:58:15
0
dawseinyin2 :
🥰🥰🥰
2026-08-03 07:11:14
0
jadoi :
🥰🥰🥰
2026-08-03 02:41:22
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.