@lance.438: တစ်နေ့ကသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ "သူအလုပ်အရမ်းများလို့ စာတောင် မပြန်နိုင်ဘူးတဲ့..." ကျွန်တော် ပြုံးလိုက်တယ်။ ပြီးတော့"လူတွေက မအားတာတော့ မရှိပါဘူး" "သူတို့ ဦးစားပေးတဲ့အရာထဲမှာ ကိုယ်မပါသေးတာပဲ ရှိတယ်။" လို့ ပြန်ပြောလိုက်တယ်။ စဉ်းစားကြည့်ပါ တစ်နေ့မှာ ၂၄ နာရီပဲ ရှိတယ်။ အဲဒီ ၂၄ နာရီထဲမှာ လူတိုင်းက ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို အချိန်ပေးနေကြတယ်။ အလုပ်/မိသားစု/သူငယ်ချင်း/ဝါသနာ/ဒါမှမဟုတ်... ချစ်တဲ့သူ။ တကယ်တန်ဖိုးထားတဲ့သူဆိုရင်"မအားဘူး" ဆိုတာထက်... "နည်းနည်းစောင့်ဦးနော်."ဆိုတဲ့ စကားလေးတော့ ရှိတယ်။ စာအရှည်ကြီး မပို့နိုင်ရင်တောင် "အလုပ်ပြီးရင် ပြန်ပြောမယ်။" ဆိုတဲ့ Message လေးတစ်ကြောင်းတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ အချိန်ဆိုတာ ရှာတာ မဟုတ်ဘူး... ဖယ်ထားပေးတာပါ။ ဒါပေမယ့် တစ်ယောက်ယောက် အလုပ်များနေလို့ ကိုယ့်ကို မချစ်တော့ဘူးလို့ အလွယ်တကူ မဆုံးဖြတ်ပါနဲ့။ တစ်ခါတလေ သူ့ဘဝမှာ တကယ်ရင်ဆိုင်နေရတဲ့ အရာတွေ ရှိနိုင်တယ်။ အရေးကြီးတာက သူ့ဘဝ ဘယ်လောက်ပဲ အလုပ်များနေပါစေ... ကိုယ့်အတွက် နေရာလေးတစ်ခုတော့ အမြဲချန်ထားပေးသလား ဆိုတာပါ။ "People make time for what they truly value." ❤️ အချစ်ဆိုတာ တစ်နေ့လုံး အတူရှိနေတာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အလုပ်များများ. "မင်းကို မမေ့ဘူး" ဆိုတာကို လုပ်ရပ်နဲ့ ပြသပေးနိုင်တာပါ။ #creatorsearchinsight #1millionviews #မူရင်းကိုcrdပေးပါတယ်
🅻🅰🅽🅲🅴
Region: MM
Monday 03 August 2026 02:55:07 GMT
Music
Download
Comments
Aye Myat Mon7488 :
စာသားလေးcopyချပေးပါလားရှင့်
2026-09-01 21:42:41
0
လင်းလွန်း :
🥺🥺🥺
2026-08-29 09:40:10
1
Hla Moe :
🥰🥰🥰
2026-08-29 11:42:26
1
To see more videos from user @lance.438, please go to the Tikwm
homepage.