@zayartbz7news: ရွေးကောက်ပွဲ မတိုင်မီ ကုန်စျေးနှုန်း ချက်ချင်းကျဆင်းအောင် လုပ်ပေးမည်ဟု ကတိပြုခဲ့သော ကြံ့ဖွတ် ခင်ရီက ကုန်စျေးနှုန်း ကျဆင်းစေရေး မလုပ်ဆောင်နိုင်မှုမှာ အပြစ် မဟုတ်ဟု ကာကွယ်ပြောဆို ရန်ကုန်၊ ဩဂုတ် ၃ အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလများတွင် ကုန်စျေးနှုန်း ချက်ချင်းကျဆင်းအောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သော ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက လက်ရှိ ကုန်စျေးနှုန်းကျဆင်းအောင် မလုပ်နိုင်မှုမှာ အပြစ်မဟုတ် ကြောင်း ကာကွယ်ပြောဆိုသည်။ ဩဂုတ်လ ၁ ရက်နေ့ နေပြည်တော်ကြံ့ဖွတ်လွှတ်တော်တွင် ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ကြံ့ဖွတ်ခင်ရီက အထက်ပါအတိုင်း ပြန်လည်တုံ့ပြန် ပြောဆိုလာခြင်းဖြစ်သည်။ ကုန်စျေးနှုန်းကျဆင်းရေးသည် အလွန်ကြီးလေးသော ကိစ္စဖြစ်ကြောင်း၊ ချက် ချင်း အဖြေရှာမရနိုင်ကြောင်း၊ လမ်းပိတ်၍ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စစ်ဆေးရေးဂိတ်များကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ PDF များရှိနေ၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း စသည့် အခြေအနေများစွာရှိနေကြောင်း၊ ကုန်စျေးနှုန်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ တိုက်ရိုက်ဆက်စပ်နေပြီး အလွယ် တကူ အဖြေရှာမရနိုင်ကြောင်း၊ အဖြေရရှိအောင် မလုပ်ဆောင်နိုင်ခြင်းမှာ အပြစ်မဟုတ်ကြောင်း ကြံ့ဖွတ်ခင်ရီက ကာကွယ်ပြောဆိုသည်။ "လွယ်လွယ်ကူကူ အဖြေရတဲ့အထိတော့ မရနိုင်သေးဘူး။ ဒါက အပြစ်မဟုတ်ဘူး။ နိုင်ငံ တော်မှာလည်း ဒီကိစ္စကြီးကို ကိုင်တွယ်နေရတာ အင်မတန်ကြီးလေးတဲ့ ဟာကြီး။ ဒါပေမယ့် လူထုဘက်က ကြည့်တော့လည်း ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ ချက်ချင်းအဖြေမရနိုင်တဲ့ကိစ္စဖြစ်တယ်။ နောက်ခံ အကြောင်းတွေက အများကြီးရှိတယ်။ ကုန်စျေးနှုန်းတက်ရတယ်ဆိုတာက အများကြီးရှိတယ်လေ။ Trade Policy နဲ့လည်း ဆိုင်တယ်။ ပြည်တွင်းထုတ်ကုန်နဲ့လည်း ဆိုင်တယ်။ Import ပေါ်လစီနဲ့လည်း ဆိုင်တယ်။ Export ပေါ်လစီနဲ့လည်း ဆိုင်တယ်။ Exchange Rate နဲ့လည်း ဆိုင်တယ်။ စသည်ဖြင့် အချက်အလက်တွေ အများကြီးပေါ့။ မသမာ လောဘသမားတွေနဲ့လည်း ဆိုင်တယ်။ စျေးကစားတာနဲ့လည်း ဆိုင်တယ်" ဟု ကြံ့ဖွတ်ခင်ရီက ဆက်လက်ပြောဆိုသည်။ ကုန်စျေးနှုန်းကျဆင်းရေးမှာ အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်က ပူးပေါင်းလုပ် ဆောင် ရမည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်လုပ်ဆောင်ရမည်ဖြစ်ပြီး မေးခွန်းမေးရုံဖြင့် အဖြေမရနိုင်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။ " ဒါသည်ရေရှည် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ခုနက မေးတဲ့ အစိုးရနဲ့ လွှတ်တော် ဘယ်လိုပေါင်းလုပ်ရမလဲဆိုတာ ဒီမှာ မေးတဲ့ မေးခွန်းတွေထက် ပေါင်းလုပ်ရမယ့် ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာ ဒါသေချာတယ်။ အစိုးရနဲ့ လွှတ်တော်က ပေါင်းပြီးတော့ကို လုပ်ရမယ်။ ပေါင်းပြီးလုပ်ရမှာဖြစ်ပါတယ်။ မေးခွန်းမေးရုံနဲ့ အဖြေမရနိုင်ပါဘူး" ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သွင်းကုန်များပိတ်ပင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေး စီးပွားရေး မူဝါဒကို လာမည့်အနာဂတ်တွင် ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့ ရက် ၁၀၀ ပြည့် စကားတွင် ထည့်သွင်းပြောဆိုထားသည်။@ZayarTBZ 7.1News🍉 @ZayarTBZ 11 News #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်း #zayartbz #ဒေသသတင်းရင်းမြစ်

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Monday 03 August 2026 06:09:25 GMT
18476
1122
7
9

Music

Download

Comments

user8200404534344
🥑 :
2026-08-03 14:06:44
0
hun.moe.aung
အောင် အတိတ်အောင်နမိတ် :
😂😂😂
2026-08-03 07:12:40
0
user856093133402
user856093133402 :
🤣🤣🤣🤣🤣😏
2026-08-03 06:24:10
0
real.fake58
Real & Fake :
😂😂😂
2026-08-03 06:23:21
0
ya.gyi36
Ya Gyi :
🥰🥰🥰
2026-08-03 06:20:33
0
w.h.m12451016057
🌹W.H.M.🌹 :
😁😁😁
2026-08-03 06:18:14
0
ko.bj64
Ko Vj :
😅
2026-08-03 14:22:37
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About