@thae.thae.tone.ma: 看了这个心里好难过😫#fypシ゚ #viraltiktok

thae thae tone may may
thae thae tone may may
Open In TikTok:
Region: MM
Monday 03 August 2026 07:10:36 GMT
516020
41748
755
2765

Music

Download

Comments

bworlay7
❤️‍🔥Bwar Lay❤️‍🔥 :
ငါဆို အသက်၁လနဲ့ အဖေနဲ့အမေကွာရှင်းကြတာ အဖေနဲ့နေပြီးတော့ အသက်၁နှစ်ပြည့်တော့ အဖေကဆုံးသွားရော အမေကတော့ နောက်အိမ်ထောင်ရှိသွားပြီ အဖွားနဲ့ဘဲနေတယ် ဘဝကမပြည့်စုံတော့ အရမ်းခတ်ခဲတယ် အမြဲတမ်းတွေးမိတယ် မထင်မှတ်ဘဲမွေးလာတာလားလို့ အသက်၁၆ပြည့်တော့ အဖွားကဆုံးသွားပြန်တယ် ဘယ်သူနဲ့နေးရမှန်းမသိလို့ အသက်၁၆နဲ့ထိုင်းကိုတက်လာတယ် အခုတယောက်ထဲနေလာတာ ၁၉ပြည့်တော့မယ် သူများမိသားစု စုံစုံလင်းလင်းရှိနေတာကိုတွေ့ရင် မျက်ရည်ကျမိတယ် ကိုယ်အရမ်းလိုချင်နေခဲ့တာ😢
2026-08-04 04:54:20
402
saungthazintun31
Shwe Yoon Eain :
ငါဆိုအဲ့ထက်ဆိုးတဲ့အရာတွေကို အသက် ၁၀ နှစ်မပြည့်ခင်ထဲက ချောင်ထဲမှာကြိတ်ငိုပြီးတစ်ယောက်တည်းဖြတ်သန်းရတာ ဘယ်လောက်အထီးကျန်လဲဆို ညသန်ကောင်ယံထွတ်ပြီး သရဲတွေရှိလား ငါနင်တို့ကိုဒုက္ခမပေးပါဘူး ငါကိုလဲဒုက္ခမပေးပါနဲ့နော် ငါတို့သူငယ်ချင်းလုပ်ရအောင် နင်တို့အနားမှာရှိရင် ငါကိုအချက်ပြပေးပါနော်ဆိုပြီးတောင်းဆိုတဲ့ထိကို အထီးကျန်ဖူးတယ် အမှောင်ထဲမှာ မရှိတဲ့သရဲတွေကိုအဖော်လုပ်ပြီး ငါခံစားရတာတွေကို တစ်ယောက်တည်းထိုင်ပြောခဲ့ရတာ ဒါပေမဲ့ငါက စိတ်မနာတတ်ဘူးရယ် ငါအဖေကအခုနောက်မိန်းမနဲ့ကလေးတောင်မွေးနေပြီ အဆင်မပြေဘူးကြားရင် ငါရှိတဲ့ပိုက်ဆံလွဲပေးမိတုန်းပဲ အမေကိုလဲ အခုထိ အနီးကပ်စောင့်ရှောက်တယ် ငါဘယ်သူမှအပြစ်မတင်ပါဘူး ဒါတွေဟာ သူတို့အပြစ်မဟုတိပါ ငါအရင်ဘဝကပြု့ခဲ့တဲ့အတိတ်ကံကြွေးတွေကြောင့်သာလို့ နားလည်ထားလို့ ငါအပြစ်မတင်ပါဘူး
2026-08-03 14:26:00
1645
kar.maye.hla
Thu.Zar :
🥲🥲🥲🥲🥲my heart is broke 🤒🤒🤒
2026-08-04 15:25:01
0
april.moe1114
Moe :
အာ့လိုကလေးတေခံစားရမာစိုးလို့ဖောက်ပြန်နေတဲ့ယောကျာ်းကိုသီးခံပေါင်းနေတာ.၂နှစ်ရှိပီ.တချို့သီးခံချင်းတေမှာကလေးတေအတွက်အများကြီးပါတယ်.ကလေးတေအတွက်ခုစိတ်လုံခြုံပေမဲ့ငါကတော့အခုဒီလိုအကောင်မျက်နှာမြင်ရတာတနေ့တနေ့ငါရင်တေအစိတ်စိတ်ကွဲကြေနေတယ်.ငါအတွက်ငါတော့တကယ်ကိုငရဲပါပဲ
2026-08-04 12:19:17
9
lu.lu.tsin92
🇧🇫LU LU Tsin🇨🇳 :
ဘာမှမသိတဲ့အရွယ်ကနေ အဖွားနဲ့ပဲနေခဲ့ရတယ် အ ေဖလဲ နောက်မိန်းမနဲ့ ကလေးရနေပြီး အမေလဲနောက်ယောကျာ်းနဲ့ ကလေးရနေပြီး အဖွားက 14နစ်မှ ဆုံးတာ 15နစ်မှ သူများအိမ်နေပြီး အလုပ်လုပ်ရတယ်
2026-08-03 15:40:06
121
joy319832
joy :
သားလေးအတွက် ဘယ်တော့မှနောက်အိမ်ထောင်မပြုတော့ဘူးဆုံးဖြတ်ထားတယ် မကောင်းတဲ့အဖေနဲ့ကြုံရပေမယ့် ကိုယ်ကတော့ အမေကောင်း၁ယောက်ဖြစ်အောင်လုပ်ပေးမယ်
2026-08-04 06:17:53
102
nangmoon768
⌚🌕Nang Moon .K.M.E.🌕 :
ကျမဆိုပထမအိမ်ထောင်ကသားလေးတစ်ယောက်မွေးထားပြီးသားကအသက်၁၂ရှိနေပြီခု နောက်အိမ်ထောင်ထပ်ပြုတယ်အမျိုးသားကကိုယ့်ထက်အသက်၉နှစ်ငယ်တယ် အမျိုးသားကပြောတယ်ငါ့တို့ကလေးမယူတော့ဘူးနော်တဲ့ဘာလို့လဲမေးတော့သားလေးမျက်နှာငယ်မှာစိုးလို့သူ့ကိုပဲဝိုင်းချစ်ကြမယ်လေတဲ့အခုထိသားလေးနဲတွေ့ရင်ကျောဘိုးပြီးသားနဲဆော့နေတုန်းပဲတော်ပါသေးရဲ့သားလေးလဲအရမ်းကံကောင်းသွားတယ်သားလေးဘာပဲလိုလိုမျက်နှာမငယ်အောင်သူကအကုန်လုပ်ပေးလိုက်တယ် ပထွေးပြောရင်တောင်မကြိုက်ဘူးငါ့သားအရင်းပဲငါ့ရဲ့သွေားသားအရင်းပါဒီသားလေးက ငါ့သွေားသားပဲပထွေးလို့လာပြောတဲ့သူကို အမျိုးသားကအပြောမခံဘူး အစစအရာရာသားအမိနှစ်ယောက်ကိုပုံအပ်ပြီးချစ်ပေးတော့ကျမလူရွေးတာမှန်သွားတာပေါ့ 🥰🥰🙏
2026-08-04 12:35:01
31
nanghninkham
SHWE KHAM" :
လက်ရှိကိုယ့်အဖစ်နဲ့တူလိုက်တာ အသက်၄နှစ်မှာမိဘတွေကွဲပီးအမေနဲ့နေရတယ်အ့တုန်းကပျော်သေးတယ်၁နှစ်လောက်နေတော့အမေကနောက်ယောကျာ်းယူလိုက်တယ် သမီးလေးထပ်မွေးတယ် ကျွန်မကျတော့အဖွားနဲ့နေခဲ့ရတာ အဖေကလဲလာမခေါ်ဘူး ေနာက်ကြားတာတော့မိန်းမယူလိုက်ပီတဲ့ ကျွန်မကိုတော့မေ့လောက်ရောပေါ့ အ့တုန်းကအ မေတို့မိသားစုကို ကြည့်ပီးငိုလိုက်ရတာရင်ထဲမှာမခံစားနိုင် လောက် အောင်ဘဲ သူတို့ကပျော်ရွှင် နေလိုက်တာကျွန်မကိုတော့ မေ့ထားတယ်ဆိုပီး ငယ်ငယ်ထဲကစိတ်ဒဏ်ရာရခဲ့တာ အသက်၁၀နှစ်မှာရန်ကုန်သွားပီးကျောင်းတက်တယ် ၄နှစ်နေတော့ပြန်လာတယ် အ့ချိန်အမေယောကျာ်းကဆုံးသွားပီဆိုတော့အမေလဲအဖွားနဲ့ဘဲနေတယ် ကျွန်မလဲရွာမှာဘဲကျောင်းဆက်တက်ခဲ့တယ် ကျောင်းတက်တုန်းအဖွားကဆုံးသွားလို့ကိုယ့်မှာနားခိုလို့ရမဲ့ရင်ခွင်လေးပျောက်ဆုံးသွားတယ် အမေနဲ့နေပေမဲ့အမေကညီမလေးကိုတော့မေတ္တာတွေအပြည့်ပေးနိုင်ပေမဲ့ကိုယ့်ကိုတော့သူမမွေးထားတာမဟုသလိုဘဲနေတယ် ခုတော့နိုင်ငံခြားရောက်လာပီးလတိုင်းပြန်ထောက်ပံ့ပေးခဲ့တယ်သူတို့ဆီကမေတ္တာတွေမရခဲ့ပေမဲ့ကျွန်မကိုမွေးပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် အဖေကိုလဲသိတင်းကျွတ်တွေမှာအမြဲပိုက်ဆံကန်တော့တယ် နေမကောင်းရင်လဲဆေးဖိုးတွေကန်တော့တယ် ဘာဘဲဖစ်ဖစ်မိဘဟာမိဘပါဘဲတဲ့ဆွေမျိုးတွေကပြောပေမဲ့ဟုပါတယ်မိဘဟာမိဘပါဘဲဒါမဲ့ကိုယ်ခံစားခဲ့ရတာတွေသူတို့မှမခံစားဖူးတာ စိတ်ပင်ပန်း အလုပ်ပင်ပန်းရင်တောင်နားခိုပီးပြောပြဖို့ရင်ခွင်မရှိဘူး ရင်ထဲမှာဘဲထားရတယ်ငိုရင်လဲမျက်ရည်သုတ်ပေးမဲ့လူမရှိဘူး တစ်ယောက်ထဲကြိတ်ပီးငိုရတာ ငိုလို့ဝရင်ကိုယ့်ကိုယ်ကိုပြန်အားပေးရတာ ငါလဲကျရင် တောင်နောက်မှာထိန်း ပေးမဲ့လူမရှိဘူးဆိုပီးကိုယ့်ဘာဘာပြန်ထရမှာ အခုဆိုအသက်က၂၃ဘဲဲရှိသေးတယ်ဆိုပေမဲ့ရင်ထဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ပြောမပြတတ်အောင်ဘဲအရမ်းကိုနာကျင်ရပါတယ်
2026-08-03 16:45:32
56
zinlinpaing2003
Zin Lin Paing(potato🥔) :
၉နှစ်မှာအဖေဆံုးသွားတယ် ၁၂နှစ်မှာ အမေက နောက်အိမ်ထောင်ပြုတယ် သူလဲအသက်လေးငယ်သေးတော့ ငါက သူ့အမ ဆိုပြီး အပျိုလုပ်တယ် အဘွားကို အမေ လ်ိုလုပ်လိုက်ရတယ် အခုထိ နောက်အိမ်ထောင်နဲ့မွေးတဲ့ မောင်လေး ကိုလဲ ဂရုတစ်ိုက် ချစ်ပေးနေတယ် သူတို့အိမ်ထောင်ရေးနဲ့ ငွေကြေး အဆင်မပြေလဲ ကူပေးပူပေး နေရတုန်း အခုထိ အမေကိုယ်ါအပေါ်တာဝန်မကျေခဲ့လဲ ကိုယ်က အကုန်လိုက်လုပ်ပေးနေမိတုန်း မေတ္တာလေးများ ပြန်ရမလား အမေလို့လဲမခေါ်ရတာ အတော်ကြာခဲ့ပါပီ အခုအိမ်ထောင်ကျလို့ အဖေလိုရော အမေ လိုပါ မေတ္တာအပြည့်ပေးတဲ့ ယောကျ်ားရလိုက်လို့ ငါ့ဘဝလေး ကံကောင်းသွားတာပေါ့ အခုတော့သမီးလေး တစ်ယောက်မွေးထားတယ် ကိုယ်မရခဲ့တဲ့ အရာတွေ အချစ်တွေ အကုန်ပေးနေတယ် အမေလို ဘဝ မးစေရဘူး အမေက အမေပဲ အမ လို့ စပြီးတောင် မပြောဘူး သမီးက မေမေ ဘဝ အရမ်းချစ်တယ်နော် သမီးလေး❤️
2026-08-03 16:03:12
41
koek7104o68
Koe Koe :
ဘ၀နဲ့တိုက်ဆိုင် ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိဘူး ဒါမဲ့ အဒေါ်အပျိူကြီးတွေကြောင့်သာ မျက်နှာမငယ်ရဘူး🥰🥰
2026-08-03 14:21:16
69
bee982025
Naw S S Myint :
ငါက Broken familyကနေ ဆင်းလာတဲ့ကလေးမဟုတ်တာတောင် စာကိုအဆုံးထိဖတ်တာ မျက်ရည်ကျမိတယ်🥺 Broken familyက မောင်လေးညီမလေးတွေ ဘယ်လောက်များစိတ်ဓါတ်ရာရကြမလဲနော် 🥺 ဘာပြောရမှန်းတောင်မသိတော့ဘူး😔🥺
2026-08-03 16:26:44
52
cherrycherry3288
Maylay :
အာ့လို ငါ့ကလေးလေးခံစားရမှာစိုးလို့ နောက်အိမ်ထောင်မပြုခဲ့တာပဲ
2026-08-04 01:28:44
57
eaint.hmue.zaw8
Jiko :
မေမေကိုယ့်ကို ကိုယ်ဝန်လွယ်ထားတဲ့အချိန် သူတို့ကွာရှင်းကြတယ် မေမေက ကိုယ့်ကို အကြိမ်ကြိမ်ဖြတ်ချခဲ့တယ်တဲ့ မပြေလည်လို့ပါတဲ့ ကိုယ်လေးနှစ်ပြည့်တဲ့အချိန်မှာ ဖေဖေနဲ့ပေးတွေ့တယ် ဖေဖေက သိပ်ချော သိပ်ကြည့်ကောင်းပြီး အသားဖြူဖွေးဖွေးကိုမှ မျက်မှန်လေးနဲ့ ကိုယ့်မှာ အမေတူအဖေကွဲ အမနဲ့အကိုလည်းရှိတယ် ကိုယ်အဲ့အရွယ်ကတည်းက အိမ်မှာမေမေနဲ့ မမ အမြဲပြဿနာတက်ကြတယ် မမက မိသားစုအတွက်ရုန်းကန်ပေးနေရတော့ ကိုယ်ဟာသိပ်ကိုဝန်ထုတ်ဝန်ပိုးဖြစ်ရကြောင်းနဲ့ တကယ်ကိုအသေလေးဖြစ်လာသင့်ကြောင်း ဒီနေ့ထိ ကောင်းကျိုးမပေးဘဲ ကိုယ့်ကြောင့်ဒုက္ခတွေများရကြောင်းထည့်ပြောတတ်တယ် သူတို့စကားများရတာတွေက ကိုယ့်ကြောင့်ဆိုတဲ့ခေါင်းစဉ်တွေများလာခဲ့တယ် လေးနှစ်ကျော်အရွယ်နဲ့ သူတို့ကိုယ့်ကြောင့်ပိုပင်ပန်းမှာကိုတွေးနေမိတတ်ခဲ့တယ် တောင်းဆိုကြည့်လို့ မလွယ်ကူဘူးဆိုရင် အဲ့ချိန်ကတည်းက မြိုသိပ်တတ်ခဲ့တယ် ဖေဖေ့မှာ ကိုယ်နဲ့သိပ်မကွာတဲ့ သမီးလေးတစ်ယောက်ရှိတယ် အားကျမိတယ် တခြားအခုထိဆိုးတဲ့ child abused တွေအများကြီး ကျော်ဖြတ်လာခဲ့ပြီးပြီ ဘာဘဲဖြစ်ဖြစ် အသက်ရှင်နေရတာနဲ့တင် ကျေးဇူးတင်ပါတယ်
2026-08-03 16:03:44
21
gwen_in_offline_mood
Gwen :
အဲ့ခံစားချက်ကလေ တကယ်နော် ကိုယ်နဲ့တူတယ် ကိုယ်ဆို အဖေက အရင်အိမ်ထောင်နဲ့ပြန်ပေါင်းတာ အမေက နောက်အိမ်ထောင်နဲ့ သိလား သူတို့တွေရဲ့သားသမီးတွေက ကိုယ့်အဖေနဲ့ သူတို့အမေ ကိုယ့်အမေနဲ့သူတို့အဖေတွေ အဲ့လို သူတို့မှာ အဖေအမေအရင်းကိုအဖေအမေခေါ်ရပြီး ကိုယ်က ကိုယ့်အဖေအရင်းမဟုတ်တဲ့လူကို အဖေခေါ်ရ ကိုယ့်အမေအရင်းမဟုတ်တဲ့လူကိုအမေခေါ်ရ အဖေနဲ့လိုက်နေလည်း သူများမိသားစုထဲ ကိုယ်ကအပိုလူကြီးလို အမေနဲ့နေတော့လည်း သူများမိသားစုထဲ ကိုယ်ကအပိုလူကြီးလို အဲ့ကြားထဲကမှ ကလေးအချင်းချင်းရန်ဖြစ်ရင် နင်အဖေခေါ်နေတာ ငါ့အဖေ နင်အမေခေါ်နေတာ ငါ့အမေလို့အပြောခံရရင် သေအောင်နာရတာနော် အဲ့တာ ငါ့အဖေလည်းဟုတ်တယ်လေ ငါ့အမေလည်းဟုတ်တယ်လေ ဆိုတဲ့စကားတွေကို ဘယ်လိုထုတ်ပြောရမလဲတောင်မသိဘူး သူများမိသားစုကြားထဲဝင်ရှုပ်နေရတဲ့လူလိုခံစားချက်တွေကလေ ဘယ်လောက်ပဲနှစ်သိမ့်ပေးပေး တော်ရုံနဲ့ပျောက်တတ်တဲ့အရာတွေမဟုတ်ဘူး မိဘတွေအတွက်ကတော့ လူရွေးမှားခဲ့ရုံပဲပေါ့ သားသမီးတွေအတွက်ကတော့ ကံဆိုးတယ်ပြောရမလား ပိုဆိုးတာကလေ အဲ့လိုတွေဖြစ်ရတာ ခံစားရတာတွေအတွက် ဘယ်သု့ကိုမှအပြစ်တင်မရတာပဲ မိဘတွေကိုအပြစ်တင်ရမလား ကံကိုပဲအပြစ်တင်ရမလား ခဏခဏလမ်းပျောက် အပြစ်တင်စရာလူမရှိဘဲ သေအောင်နာကျင်ရတဲ့စိတ်ဒဏ်ရာတွေပေါ့
2026-08-03 17:20:54
63
pyaezawoo2000
Pyae Oo :
မိခင် ဖခင်ဆိုတာ မင်းကို လူ့လောက ထဲ လာခွင့်ပေးတဲ့ ကျေးဇူး တော့ ရှိတယ်တဲ့ ဘာလို့လဲဆိုတော့ ဒီလောက်ဆေးဝါးတွေ ပေါတဲ့ ခေတ်မှာ မင်းကို တားလို့ ဖျက်ချ လို့ ရခဲ့တယ် ဒါပေမယ့် လူ့လောက ထဲ ရောက်အောင် ခေါ်ခဲ့တယ် ဝမ်းနဲ့ လွယ်မွေးရတာ တကယ်တော့မလွယ်ပါဘူး လူဖြစ်လာရင်လဲ အဖေကောင်း အမေကောင်း နဲ့ ကြုံသည် ဖြစ်စေ ဆိုးတဲ့ မိဘတွေနဲ့ ကြုံသည်ဖြစ်စေ ကိုယ့်လမ့်း ကိုယ်လျောက်ရမှာပါ မိဘတွေမှာ လဲ မင်းလိုပဲ သူတို့ ဘဝနဲ့ သူပါ ငယ်ငယ်ထဲက မိမဲ့ ဖမဲ့ လမ်းဘေးပြစ် ဂေဟာ ရောက်နေတဲ့ ခလေးတွေ ထက်စာရင် မင်းဘဝ က တော်ပါသေးတယ်ဆိုတဲ့ positive energy မွေးပါ အဲ့လို လူတွေက အမှီအခိုကင်းပြီး ပိုရင့်ကျက်လွယ်ပါတယ် အရာရာမှာ အဆိုးရှိရင် အကောင်းလဲ ရှိပါတယ် မိဘတွေနဲ့ နေပြီး တစ်ချို့ဆို မလွတ်လပ်လို့ လောင်းရိပ်မိနေတာတွေ လဲ ရှိပါတယ် အဲ့တော့ စိတ်ဓာတ်မကျပါနဲ့ ကိုယ်လဲ အရင်က အဲ့လို မိဘတွေကို အပြစ်တင်ခဲ့ ဘူးလို့ မင်းလေးတို့ ဘဝတွေကို စာနာပါတယ် အတွေ့အကြုံ လေး ဝေမျှပေးတာပါ ညီငယ် ညီမငယ်တို့ မင်းတ်ု့ဘဝ အများကြီး အောင်မြင်မှာပါ အားတင်းပြီးကြိုးစားကြပါ အကိုလဲ ကြိုးစားနေဆဲပါပဲ 🫶🏻
2026-08-04 14:58:31
8
gigi024794
GiGi(Theingi Kyaw)🇲🇲🇸🇬♊ :
ကိုယ့်အမေကတော့ နောက်ဆုံးချိန်ထိ နောက်အိမ်ထောင်မပြုခဲ့ဘူး ကျေးဇူပါအမေ
2026-08-03 15:57:30
29
htet.ko.ko.lwin29
Htet Ko Ko Lwin :
ကိုယ်တိုင်ကbroken family မဟုတ်ပေမယ့် ကို့မိန်းကလေးက broken family ပါပဲ အဖေကနောက်အိမ်ထောင်နဲ့ကလေးတွေလဲရှိတယ် အမေကဆုံးသွားရှာပြီ သူ့အောက်မှာလူလားမမြောက်သေးတဲ့အငယ်လေးတွေကို ပြန်ကြည့်ရတဲ့အပြင် အဖေလုပ်သူအဆင်မပြေတိုင်းငွေးကြေးဆိုလဲအမြဲပေးနေတာ ငါ့မိန်းကလေးပင်ပန်းနေမှာဆိုတဲ့အတွေးနဲ့ တော်ရုံဆိုဘာကိစ္စဖြစ်ဖြစ်အလျော့ပေးဆက်ဆံတယ် သူ့အပူတွေသူ့ခံစိတ်ခံစားချက်တွေအားမငယ်ဖို့တက်နိုင်သလောက်အလိုလိုက်ရမယ် အရမ်းချစ်တယ် ကိုကို့ကလေးငယ်ရယ်😔
2026-08-04 16:19:00
5
khin.chaw.su7420230
👑𝑲𝒉ì𝒏 𝑪𝒉ă𝒘 𝑺ŭ👑 :
အဲ့လိုအဖြစ်တွေကိုမခံစားနိုင် နောက်အိမ်ထောင်မပြုတာပဲ ကိုယ့်အလုပ်ကိုယ်လုပ်မယ် ကျန်တဲ့အချိန်သမီးလေးအတွက်ပဲ 🥰
2026-08-04 02:37:57
9
logan.777456
♥️အမွှေတို့ဖွာဖွာ♥️ :
အဲ့ကောင်မလေးကို ချစ်လွန်းလို့တစ်ဘဝလုံးပုံပေးပြီးလတ်ထပ်ယူလိုက်တယ် ခု ဆို အမွှာလေးတောင်မွေးတယ် ကို့အဖြစ်က သူ့ထပ်ပိုဆိုးခဲ့ဖူးတော့ သူကပိုပြီးတောင် ကို့ကို အလိုလိုက်ထားတယ်🥰
2026-08-04 04:10:35
49
amour.phyo
ကိုပိုင်(AmourRealEstate/Tgi) :
မန့်တွေလိုက်ဖတ်ကြည့်တာ မိဘမေတ္တာမရခဲ့တဲ့ ကလေးတွေ တော်တော်များတာပဲ နောက်ဘဝတွေများကြရင်လေ မိစုံဖစုံနဲ့ အရွယ်မတိုင်ခင်မှာ မိဘတွေဆီကပေးတဲ့ ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းတွေအများကြီးရကြပါစေ ကလေးတို့ရေ လက်ရှိဘဝမှာလဲ ကိုယ့်ရဲ့သားသမီးလေးတွေကို မိဘမေတ္တာပြည့်ပြည့်ဝဝ ပေးနိူင်တဲ့ မိခင်ဖခင်ကောင်းတွေဖြစ်အောင်ကြိုးစားကြနော်
2026-08-03 16:59:26
5
ei.shin.thant80
Ei shin Thant :
ငါငါ့အမေကို ကျေးဇူးတကယ်တင်မိတယ် ငါ့မွေးပြီးသိပ်မကြာခင်မှာပဲ အဖေကနောက်မိန်းမနဲ့ဖောက်ပြန်ပြီး နောက်အိမ်ထောင်ပြုသွားခဲ့တယ် အမေက အဲ့အချိန်သူပြိုလဲနေတဲ့အချိန် အကြောင်းအမျိုးမျိုးကြောင့် အမေမောင်နှမတွေထဲ အကြီးဆုံးမလို့ အကြီးတာဝန်ကျေရသေးတယ် အမေမှာ ခက်ခဲခဲ့တာ ဒါတောင် နောက်အိမ်ထောင်မပြုပဲ ငါ့ကိုစောက်ရှောက်ကျွေးမွေးဆုံးမခဲ့တာ အခုငါက သမီးကောင်းတစ်ယောက်ဖြစ်နေပါပြီ ငယ်ငယ်ကတော့ အရမ်းဆိုးခဲ့တာ ကလေးဆိုတဲ့အတိုင်းဂျီကျတာ အဲ့ဒါတွေတွေးမိတိုင်းငါဘာလို့ ဆိုးခဲ့တာလဲနောင်တရမိတယ် တစ်ခုကောင်းတာက အဖေဘက်က အမျိုးတွေက ထောက်ပံ့ပေးတယ် ငါ့ကျောင်းစရိတ်တွေ အမေသက်သာတာပေါ့ အမျိုးကောင်းလို့ရယ် ငါ့ကိုချစ်ပေးကြပါတယ် အဖေနဲ့တွေ့ပေမဲ့ အဖေကိုချစ်ခြင်းလဲမရှိသလိုမုန်းခြင်းလဲမရှိပါဘူး ဒါပေမဲ့ အမေပင်ပန်းတဲ့အချိန် အဖေကို စိတ်ပျက်မိတယ် အခုအမေကို လုပ်ကျွေးပြစုဖို့ ကြိုးစားနေပါတယ်
2026-08-03 16:50:46
8
saw.nay.mu3
Saw Nay Moo :
မိဘတွေကွဲ သွားတာ ခံစားရအခတ်ဆုံး ကိုယ်က ပျော်ရွင်တဲ့မိသားစုလေးပဲလိုချင်ခဲ့တာကွာ ဒါပေမဲ့ ကိုယ်မှာ ပျော်ရွင်တဲ့မိသားစုလေးမရခဲ့ဘူး နောက်ဆုံးမှာ ဘယ်သူဘတ်ကို လိုက်ပီး သွားရမလည်း ဘယ်သူကိုယုံရမလည်း စဥ်းစားမတက်တော့ဘူး ဝမ်းနည်းနေပေမဲ့ ဘာမှပြေားထွတ်မနေဘူး သူများတွေ မိဘအကြောင်းလေးမေးလိုက်ရေ ကိုယ်က မျက်နှငယ်လေးနဲ့ ဘာမှမဖြေနိုင်ခဲ့ဘူး ရှိပါတယ်လို့ပဲ ဖြေလိုက်ရတယ် ကျန်တာဖြေမို့က အားမရှိနေဘူး ကိုယ်မှာ ဒါငါသားကွာ ငါတို့မိသားစုက အရမ်းချစ်ကြတာလို့ အပြေားခံချင်ခဲ့တာကွာ ဒါပေမဲ့ နောက်ဆုံးတော့ အကုန်လုံးကိုယ်နားလည်ပေးခဲ့တာတောင် ကိုယ်အနားဖြစ်သွားခဲ့တယ် ကိုယ်က လိုချင်တာ တစ်ခုထည်းကွာ ဘာမှမရှိရင်တောင် ပျော်ရွင်တဲ့မိသားစုလေးနဲ့ အဖေပမေတဲ့နေပီး ပျော်ရွင်တာလေးပဲ မြင်ချင်ခဲ့တာကွာ ဒါပေမဲ့ ခုတော့ အရာအားလုံး ဘာမှမဖြစ်နိုင်တော့ဘူး🥺🥺🥺
2026-08-03 14:46:42
10
user837934851
Ko pyae :
ကျနော့် ဘဝမှာ အသက် ၁၃ နှစ်ထဲက အမေနဲ အဖေ ကွဲ သွားကြတာ ညီမလေးကို ကျောပိုးရင် ယနေ့ အချိန်ထိ ဖြတ်သန်းခဲ့ရတယ် တချို့က မသ်း အဖေ ရော မေးရင် ဖြေဖို့ စကားမရှိခဲ့ဘူး 😭 အမေရော မေးရင်တော့ ဖြေဖို့ ရှိတယ် အမေက နောက် ယောက်ကျာ်းနဲ့ မြစ်ကြီးနားမှာ နေတယ်ဘဲ ကြားမိတယ် 😭 ဒါမဲ့ ကျနော့် ညီမလေးကိုဘဲ သနားမိတယ် ကျောင်းပြီးဆုံးအောင်မသင်နိုင်ခဲ့ရသလို ဘဝရဲ့ ထိုးနှစ်မှုပေါင်းများစွာနဲ့ ရှင်သန်ခဲ့ရတဲ့ အတွက် အခု ဆို ကျနော့် အသက် ၃၂ ဖြစ်နေပြီ အရင်လို မငိုကြွေးဘဲ ကြိုးစားနေတဲ့ သူတယောက်အဖြစ်ပေါ့။
2026-08-03 17:24:16
5
zin.zin6133
ကိုကို ရဲ့ အမွေစိန် လေး 🥰🥰 :
အာတင်းထာမိန်ကလေတွေရဲဘဝကထိထို့တလိုပဲ ဘဝကအနားကြီပဲ ကို့ကလေးတွေအရှေ့ကနေမာမာမတ်မတ်ရက်တီးပေးနိုင်သာအမေ့ပဲရှိတယ် အာတင်းထာ
2026-08-03 15:24:08
6
To see more videos from user @thae.thae.tone.ma, please go to the Tikwm homepage.

Other Videos


About