@sawkyithar7: အမေ... ကျွန်တော် အကြောက်ဆုံးက သေနတ်သံတွေ မဟုတ်ခဲ့ဘူး ကျွန်တော် ပြန်ရောက်တဲ့နေ့မှာ အမေ့ကို "အမေ..." လို့ ခေါ်စရာ မရှိတော့မှာကို အိမ်ရှေ့က ဖိနပ်အဟောင်းတစ်ရံကိုပဲ အမေ့အစား ငေးနေရမှာကို အမေချက်တဲ့ ဟင်းနံ့တွေအစား အမွှေးတိုင်နံ့တွေက အိမ်အနှံ့ ပြည့်နေမှာကို အဲဒီနေ့ရောက်ရင်... ကျွန်တော် ဘယ်လောက်ပဲ နိုင်ခဲ့တယ်လို့ ပြောပြော အမေ့ကို တစ်ခါမှ သားကောင်းတစ်ယောက်လို မပြုစုနိုင်ခဲ့တဲ့အရှုံးကိုတော့ ဘယ်အောင်ပွဲနဲ့မှ ဖုံးမရပါဘူး တောထဲက ညတွေဟာ တိတ်ဆိတ်လွန်းပါတယ် အမေ တိတ်ဆိတ်မှုထဲမှာပဲ အမေ့အသံကို ကြားနေရတယ် အမေရေ... အိပ်မရတဲ့ ညတွေဆိုတာ ရက်ရာဇာ ပြသဒါး မရှိခဲ့ပါဘူး "သားရေ... ဂရုစိုက်နော်" ဆိုတဲ့ စကားလေးတစ်ခွန်းက ကျည်ဆန်သံတွေထက်ကို ပိုကျယ်ပါတယ်" အမေ " သေချာပါတယ် အမေ ဒီဘဝတော့ ... ကျွန်တော်ဟာ သုဝဏသာမ မဖြစ်ခဲ့ပါဘူး ။ #စောကြည်သာ #ကဗျာချစ်သူ
Saw Kyi Thar (modern )
Region: MM
Monday 03 August 2026 07:15:57 GMT
Music
Download
Comments
Kyaw Zin :
https://vt.tiktok.com/ZS4ftC7DS/
2026-08-03 23:38:17
0
Lwan Naung အိမ်ဝေး(စာတို) :
အိမ်ပြေးငှက်ပါအမေ
နောင်တတွေ ထမ်းရင်းပိုးရင်း
ပြေးရင်း ဝေးရင်း
မျက်ရည်ဟာ လေးလံကြောင်း ပြောပြချင်တယ်အမေ..။🥺🥺
2026-08-04 05:00:44
29
Phyo Thet :
ကဗျာလေး တွေယူရွတ်မယ်နော်အကို🙏🙏🙏
2026-08-03 14:10:29
4
Chit myo thu🇲🇲🇹🇭 :
စာသားလေး ပြန်တင်ခွင့်ပြုပါဗျ🙏
2026-08-03 14:59:09
1
Nay Phyo Kyaw :
ဘာလို့ ညကျမှ တင်တာလဲဗျာ🥺🥺
2026-08-03 14:36:38
8
🌴Kaia🌴 :
စာဖတ်ရင်းနဲ့မျက်ရည်ကျမိတယ်🥺🥺
2026-08-04 04:01:34
2
Mg Htet Lin :
ပြန်တင်မယ်နော်ဘရားသားရေ🫶❤️
2026-08-04 03:02:38
1
༺🅟🅣༻ :
copy ပြန်ယူခွင့်ပြုပါဗျာ🙏
2026-08-04 04:21:26
1
Hanny Hanny :
အမြဲတင်ပေးပါ..right
2026-08-03 11:39:48
1
Van...🧊🐾 :
စာသားလေးပေးပါလား bro
2026-08-03 09:14:07
1
Ver So lrr? :
နောက်ဆုံးချိန်ထိပြုစုခဲ့ရတာတောင် တာဝန်မကျေသလို ခံစားရတယ်မေမေရေ သားဆိုးခဲ့တာတွေကိုမေမေအမြဲခွင့်လွှတ်နေမယ်ဆိုတာလဲသိပါတယ် ဒါပေမယ့် နောင်တနဲ့သားပြန်လိုချင်နေသေးတယ်မေမေရေ အရင်ချိန်တွေကို😓
2026-08-03 16:50:17
7
S :
စာလေးပြန်တင်ခွင်ပေးပါဗျ🥰🥰🥰
2026-08-03 14:15:30
1
Hotoke🏳️🌈Lgbt 🏳️🌈 :
စာသားလေးcopy ယူပါရစေ
2026-08-04 05:35:07
1
Yannainghtoo :
ပုံလေးပြန်ယူသုံးမယ်ဗျာ။
2026-08-03 12:03:08
1
🥑 KYAW ZIN OO🥑 :
ပုံလေးပြန်သုံးခွင့်ပြုပါလားဗျ
2026-08-04 06:14:38
1
ko paing :
ကံတရာပေါ့ကွား 🥺ကံစီမံရာရှောက်နေရတာပါ
2026-08-04 03:35:07
1
K Zin Hlaing :
ပုံလေးပြန်တင်ခွင့်ပြုပါရှင်
2026-08-03 14:22:35
1
🍀Zin🍀9/ကူမဲသူလေး🥝🇹🇭🇲🇲 :
စာသားလေးချပေးပါလား
2026-08-04 03:03:45
0
Saw Kyi Thar (modern ) :
^^ စာ ^^
အမေ...
ကျွန်တော် အကြောက်ဆုံးက
သေနတ်သံတွေ မဟုတ်ဘူး
ကျွန်တော် ပြန်ရောက်တဲ့နေ့မှာ
အမေ့ကို "အမေ..." လို့ ခေါ်စရာ မရှိတော့မှာကို
အိမ်ရှေ့က ဖိနပ်အဟောင်းတစ်ရံကိုပဲ
အမေ့အစား ငေးနေရမှာကို
အမေချက်တဲ့ ဟင်းနံ့တွေအစား
အမွှေးတိုင်နံ့တွေက အိမ်အနှံ့ ပြည့်နေရမှာကို
အဲဒီနေ့ရောက်ရင်...
ကျွန်တော် ဘယ်လောက်ပဲ
နိုင်ခဲ့တယ်လို့ ပြောပြော
အမေ့ကို တစ်ခါမှ
သားကောင်းတစ်ယောက်လို
မပြုစုနိုင်ခဲ့တဲ့အရှုံးကိုတော့
ဘယ်အောင်ပွဲနဲ့မှ ဖုံးမရပါဘူး
တောထဲက ညတွေဟာ
တိတ်ဆိတ်လွန်းပါတယ် အမေ
တိတ်ဆိတ်မှုထဲမှာပဲ
အမေ့အသံကို ကြားရတယ်
အမေ
အိပ်မရတဲ့ညတွေဆိုတာ
ရက်ရာဇာ ပြသဒါး မရှိခဲ့ပါဘူး
"သားရေ... ဂရုစိုက်နော်"
ဆိုတဲ့ စကားလေးတစ်ခွန်းက
ကျည်ဆန်သံတွေထက်ကို ပိုကျယ်ပါတယ်
သေချာပါတယ် အမေ
ဒီဘဝတော့ ...
ကျွန်တော်ဟာ သုဝဏ္ဏသာမ မဖြစ်ခဲ့ပါဘူး ။
# စောကြည်သာ
2026-08-03 09:25:09
24
Ver So lrr? :
ဂရုစိုက်သွားနော်တဲ့ အဲ့စကားလုံးလေးက စိတ်ပူနေမယ် လုံခြုံဖို့ဆုတောင်းပေးနေမယ် ပြန်ရောက်ရင်
အပြုံးလေးနဲ့ ကြိုနေမယ် ငါ့သားလေးအတွက်ဆိုတာ သိသာပါတယ်မေမေ သားကောင်းမှုတွေလုပ်ပေးပါ့မယ် Aug 14 ရက် တစ်လပြည့်ပြီ😓 July 14 မှာ July မိုးတွေနဲ့ထားခဲ့ပြီ မေမေကောင်းရာဘုံကိုရောက်နေပါပြီ သားကိုစိတ်မပူနဲ့နော်မေမေရေ သားအရမ်းချစ်တယ်မေမေ😓😓
2026-08-03 16:45:10
1
爱•|YE BÃW👊🏻SUPER💂🏻メシ :
စစ်ပွဲတွေပီတဲ့တစ်နေ့ကျအမေအိမ်ကိုပြန်မယ် အမေစကားသံလေးတွေလဲကြားချင်တယ် လွမ်းတယ်အမေ
2026-08-04 06:24:19
0
soe min tun :
စာလေး ပြန်တင်ခွင့်ပြုပါ
2026-08-04 08:49:17
0
☬ʟᴇɢᴇɴᴅᴀʀʏ☬ :
ပြန်တင်မယ်နော်ဘရားသား🥰
2026-08-04 07:43:25
0
W^N❤ :
ပုံလေးယူသုံးခွင့်ပြုပါဗျာ
2026-08-04 06:45:16
0
To see more videos from user @sawkyithar7, please go to the Tikwm
homepage.