@heinyarzarszk: 🚨 ၃.၈.၂၀၂၆ | ရေဘေးကယ်ဆယ်ရေး မှတ်တမ်း 🚨 ရေဘေးသင့်ပြည်သူများထံ လှူဒါန်းမည့် အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသော ထောက်ပံ့ရေးစက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်အတွင်း ရေထဲမျောပါနေသူများအား Throw Bag (အသက်ကယ်ကြိုးအိတ်) များဖြင့် အချိန်မီပစ်ကူကယ်ဆယ်ခဲ့ပြီး ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါသည်။ ဒီဖြစ်စဉ်က ကျွန်တော်တို့ကို အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ထပ်မံအမှတ်ရစေပါတယ်။ လေ့ကျင့်မှုဆိုတာ ပြိုင်ပွဲဝင်ဖို့ မဟုတ်ပါဘူး။ အသက်ကယ်ဖို့ပါ။ အသက်ကယ်ပစ္စည်းတွေကို စုဆောင်းထားတာဟာ ပြသဖို့မဟုတ်ပါဘူး။ အရေးပေါ်အချိန်မှာ အသုံးချဖို့ပါ။ အရေးပေါ်အခြေအနေတစ်ခုမှာ စက္ကန့်အနည်းငယ်ရဲ့ ကွာခြားချက်က လူတစ်ယောက်ရဲ့ အသက်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့်မှုနဲ့ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အသက်ကယ်ရေးလုပ်ငန်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူများအားလုံး ဘေးကင်းလုံခြုံကြပါစေ။ အသက်အန္တရာယ်ကြားမှ စွန့်လွှတ်အနစ်နာခံကာ ကူညီကယ်ဆယ်ပေးနေကြသော ကယ်ဆယ်ရေးအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များအားလုံးကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်။ “Train Together. Respond Better. Save More Lives.” 🌊🚨🙏 H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အသင်းအဖွဲ့မှတ်ပုံတင်အမှတ်-၆/ဒဂုံတောင်/၀၂၃ အကူအညီတောင်းခံရန်နှင့်ဆက်သွယ်လှူဒါန်းလိုပါက- Kpay Acc-09420085147 Wave Acc-09420085147 Hein Yar Zar ၀၉ ၄၂၀၀၈ ၅ ၁၄၇ ၀၉ ၇၇၇၇၇ ၅ ၁၉၁ ၀၉ ၇၇၇၇၇ ၅ ၁၉၂ သို့ဆက်သွယ်ထည့်ဝင်လှူဒါန်းနိုင်ပါသည်ခင်ဗျာ #FloodRescue #SwiftWaterRescue #ThrowBag #EmergencyResponse #SaveLives

ဟိန်း ရာ ဇာ
ဟိန်း ရာ ဇာ
Open In TikTok:
Region: SG
Monday 03 August 2026 11:09:54 GMT
1422229
84557
2439
2353

Music

Download

Comments

aunghtet124507
အောင်ထက်🙆ရှေ့ဖစ်ဟော🗣️office :
ဂရုစိုက်ပါအကိုတို့ရေ ပြည်သူအသဲပန်းတွေ အန္တာယ်ကင်း ဘေးရှင်းပါစေ 31ဘုံသားများ ကပ်ဘေးမု ကျော်နိုင်ပါစေ
2026-08-03 14:13:32
157
user75075922
Daw Win :
ဟယ် ဟိုဆရာလေးမနက်ကမှပြောနေတာတွေ့လိုက်သေးတယ် ဆရာလေး ဟောပြောချက်တွေ မှန်လိုက်တာ ဂရုစိုက်ကြပါကယ်ဆယ်ရေးအဖွဲဝင်တွေရေ 🙏🙏🙏
2026-08-03 12:12:19
454
mya.mya5720
Mya Mya :
လောကကိုကြည့်ရှုစောင့်တော်မူကြကုန်သော လောကပါလနတ်မင်းကြီများနှင့် နတ်ကောင်းနတ်မြတ်များအာလုံး ကယ်မစောင့်ရှောက်တော်မူကြပါ
2026-08-03 13:38:20
127
u.soe.zaw0
USZ, :
ကယ်ဆယ်ရေးညီနောင်များအားလုံးရေကူးကျွမ်းကျင်သူများသာရေဘေးမှာအဓိကပါဝင်စေချင်ပါသည် ရေမကူးတတ်သူများတစ်ခြားတစ်နေရာကတာဝန်ယူကြပါ (ချစ်တဲ့စိတ်နဲ့ပါ)
2026-08-03 12:54:44
90
may.myat.thu673
May Myat Thu :
ဂရုစိုက်ပါအကိုတို့ရေ ကျွန်မတို့၁၄/ က ရေကနက် အကိုရေ ဦးရှင်ကြီးကိုလဲ ဆုတောင်းကန်တော့ပီး သွားလာကူညီကြပါအကိုတို့ရေ ဘေးအန္တရာယ်ကင်းကြပါစေ သာဓု သာဓုသာဓုပါ🙏🙏🙏
2026-08-03 11:43:15
69
aungnaingoo145199
aungnaingoo(ပခုက္ကူသား) :
ကယ်ဆယ်ရေးလုပ်ပေးတာတော့ကျေးဇူးတင်ပါတယ် လှေက ကို့လူနဲ့ကိုပြည့်နေတော့ ကယ်မဲ့လူတောင်တင်ရပါ့မလား
2026-08-03 11:41:14
66
wmin89796gmail
🚬🚬🚬 WiN Min (OFFICAL)💨💨💨 :
အာလုံးအန္တရယ်ရှင်းဘေးကင်းကြပါစေ 🙏🙏🙏
2026-08-03 14:43:10
1
zinmin7931
HaHa :
စစ်တပ်က ဘယ်ရောက်နေလဲ ပြည်သူကာကွယ်ဖို့ဆို 😂
2026-08-03 13:14:18
29
naymintun8277
မြန်မာသံစဉ်သီချင်းချစ်သူ :
ကူညီချင်ဇောနဲ့ စက်လှေတစ်စီးရဲ့ခံနိုင်ဝန်ထက်ပိုပြီးပစ္စည်းတွေမတင်ပါနဲ့ ။ သူများကိုကယ်မဲ့သူက ကိုယ့်တိုင်အသက်ရှင်အောင်နေရပါတယ်။ကိုယ်အသက်ရှင်နေမှ လူအများကိုကယ်နိုင်မှာပါ။
2026-08-03 11:48:02
74
user945107640132
Eiei :
ဟိုဆရာလေးမနက်ကမသတိပေးထားတာ
2026-08-03 13:19:36
21
phyomgmg660
𝓟𝓱𝔂𝓸 𝓜𝓪𝓾𝓷𝓰 𝓜𝓪𝓾𝓷𝓰 :
၂၀၂၄နေပြည်တော်ရေဘေးတုန်းကလည်း ကိုယ်တွေလဲ ကြုံခဲ့ရတယ် ကိုယ်က ကယ်ချင်တာဘဲသိတာ နယ်မြေမကျွမ်းတော့ ရေစီးကသန် အင်ဂျင်က ဆီမလိုက် ဘုရားတပြီး မောင်းခဲ့ရတာ ကံကောင်းလို့သေဘေးကလွတ်ခဲ့တာ ရေဘေးသင့်ပြည်သူတွေလည်း စားနပ်ရိက္ခာများ လုံလောက်စွာ ရရှိကြပါစေ🙏 ကယ်ဆယ်ရေး ပရဟိတသမားများလည်း ဘေးအန္တရာယ် ကင်းရှင်းကြပါစေ🙏
2026-08-03 13:01:49
24
user6518778798037
ဒေါ်စု :
မနက်ကမှဆရာလေးဟောတာနားထောင်နေတာခုဖြစ်ပြီဂရုစိုက်ကြပါ
2026-08-03 12:39:58
10
thiri.zin557
Shine :
မြင်ရတာတကယ်စိတ်မကောင်းဘူးဗျာ လိုအပ်ရင်ပြောပါငွေကြေးမတက်နိုင်ပေမယ့်လူအင်အားတော့အသက်ပေးပီးကူညီပါရစေ
2026-08-03 11:14:27
21
user176221027
Tin Tin💛 :
ဆရာလေးမနက်ကမှပြောတာသူအိမ်မက်ထဲမှာကယ်ဆယ်ရေးလှေ ေမှောက်တာမြင်တယ်တဲ့သတိထားဖို့မနက်ကမှပြောသွားတာ
2026-08-03 13:01:38
17
ko.charm36
Ko Charm :
ဆရာလုပ်တာတော့ မဟုတ်ပါ ဘုတ်တွေပေါ် လူတွေ တအားများနေလားလိုဗျ အပြုသဘော ပြောပြတာပါ
2026-08-03 11:37:31
8
mkty6890
N⚛♻🎀P♻T🎀 :
အားလုံးဘေးကင်းကျပါစေ
2026-08-03 11:38:21
9
daw.tin.moe.khing5
Daw Tin Moe Khing :
အားလုံးဘေးကင်းကြပါစေကွယ်🥰🥰🥰🥰🥰
2026-08-03 11:38:23
9
thidarhtoo07
Thidarhtoo💗🌸🎀 :
ကယ်ဆယ်ရေးသမားတွေကြည့်ပီးရင်ထဲ့နင့်နေအောင်ခံစားရတယ်ဂရုဆိုက်ကျပါရှင်ကယ်တာတော့ကယ်တာပေါ့ကို့ကိုကိုလဲဂရုဆိုက်ကျပါ
2026-08-03 11:59:53
7
cho.mar4061
Cho Mar :
အလှူရှင်တွေရော ကယ်ဆယ်ရေးတွေပါအန္တရယ်အရမ်းများလို့အထူးဂရုစိုကိကြပါ
2026-08-03 14:07:14
6
kyawlay9798
ကရင်ပြည်နယ်သားလေး🤫 :
အားလုံးဘေးကင်းကြပါစေ🙏🙏🙏🙏🙏
2026-08-03 14:19:42
2
khi.win1
Khi Win :
အားလုံးဘေးကင်းကြပါစေကယ်ဆယ်သမားတွေ့ဘာဘေးကင်းပါစေ
2026-08-03 13:16:54
2
shay00732
𝒮𝒽𝒶𝓎 :
တကယ်ဒုက္ခ ရောက် နေတဲ့ နေရာ လေးကိုကျမတတ်နိုင်သ လောက် လေးလှူချင်လို့ပါလှူလို့ရမဲ့ နေရာ လေးများသိကြရင်ညွှန်း ပေးကြအုံရှင့်
2026-08-03 14:51:50
4
moe.moe216
ဝက်လေး🐷 :
ဆရာလေးဟော ပြောချက်တွေတခုမှမလွဲဘူးအကုန်မှန်တော့
2026-08-03 16:33:55
4
swaelay256
S W A E L A Y 👻 :
🙏🙏🙏🙏🙏သတိထားကြပါအဖွဲ့သားတွေအချင်းချင်းစောင့်ရှောက်ကြပါဘေးကင်းကြပါစေစုတောင်းနေပါတယ်နော်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-03 14:36:45
1
ma.thet507
Ma thet :
ဟုတ်တော့ဟုတ်နေပီမနက်ကမှဟောနေတာ တချို့ကမယုံကြဘူးယုံပါလို့ပြောနာမဟုတ်ဘူးနော်ကွက်တိတွေဖြစ်နေလို့
2026-08-03 17:14:11
0
To see more videos from user @heinyarzarszk, please go to the Tikwm homepage.

Other Videos


About