>>> #ဝိပဿနာသမာဓိ - @dhammathutalan"/> >>> #ဝိပဿနာသမာဓိ - @dhammathutalan - Tikwm"/> >>> #ဝိပဿနာသမာဓိ - @dhammathutalan"/>

@dhammathutalan: =========={ 🙏 }========== 🌸 အာရုံ...က လည်း ရွေ့ရှား နေတယ်။ အာရုံကိုသိတဲ့ တရားတွေက လည်းရွေ့ရှား နေတယ်..။ 🌸 ဘာ နဲ့ ဥပမာ..တူတုန်း ဆိုရင်highway မှာ ကားနှစ်စီး ပြိုင်မောင်း နေသလို..ရောက်တိုင်းရောက်တိုင်း..မောင်းတိုင်း မောင်းတိုင်း ကားနှစ်စီး ပြိုင်သွားနေတဲ့အခါမှာ တစ်ခုနဲ့တစ်ခုက ထိန်းငြိ ထားသလို ပြိုင်တူ..သွားနေတာ သာ ဖြစ်တယ်..။ 🌸 "သတိ" က ယူပေးတယ်။ "ပညာ" က သိတယ်။ အဲဒီ တော့ ... မကင်း မကွာ...ဖြစ်တယ်။ သို့သော် "သတိ" ကလည်း ရွေ့ရှား နေတာ။ "အာရုံ" က လည်း ရွေ့ရှား နေတာ။ "ပညာ" က လည်း ရွေ့ရှား နေတာ..။ 🌸 ဒါကြောင့်မို့လို့ စာပေကျမ်းဂန် မှာ ဘယ်လို ဆိုတုန်းဆိုရင် ... "န ဟိ ခဏိက သမာဓိံ ဝိနာ ပညာ နာမ အတ္ထိ၊ ဝိပဿနာ နာမ အတ္တထိ” “န ဟိ ခဏိကသမာဓိံ ဝိနာ ဝိပဿနာ နာမ သမ္ဘဝတိ” "ခဏိက သမာဓိ မပါဘဲ ဝိပဿနာ မဖြစ်ဘူး လို့ ဟောတာ ရှိတယ်..။ 🌸 ထို့အတူ ပဲ..."န ဟိ သတိ ဝိရဟိတာ ပညာ နာမ အတ္တိ” "သတိ" မပါဘဲ နဲ့ လည်း "ပညာ" မဖြစ်ဘူးလို့ စာပေကျမ်းဂန်တွေမှာ သေသေ ချာချာ ပြောထား တဲ့ စကားလေးတွေ ရှိတယ်..။ 🌸 "န ဟိ ခဏိက သမာဓိံ ဝိနာ ဝိပဿနာ နာမ သမ္ဘဝတိ” "ခဏိက သမာဓိ မပါဘဲ ဝိပဿနာ မဖြစ်ဘူး။ အနည်းဆုံး ခဏိက သမာဓိ ရှိတယ်..။ 🌸 အဲဒီတော့ သမထ ကျင့်စဥ် နဲ့ ဘာကွာ တုန်း။ သမထကျင့်စဥ် က ခဏိက သမာဓိ မဟုတ်ဘူး။ အနည်းဆုံး "ဥပစာရ သမာဓိ" နဲ့ "အပနာ သမာဓိ" နဲ့ သွားတာ..။ 🌸 ဥပစာရ ဆိုတာ အပနာ...နဲ့ ကပ်နေတာ။ အပနာ ဆိုတာက အာရုံထဲမှာ ထည့်ထား လိုက်သလို အာရုံ တစ်ခုတည်း အပေါ်မှာ စိတ်ကို ငြိမ်နေအောင် လုပ်ထားတာ..။ 🌸 ခဏိက သမာဓိ ဆိုတာ တော့ ရွေ့ရှား နေကြတာ၊ အဲဒီတော့ ဝိပဿနာတရားအားထုတ်တဲ့အခါမှာ ခဏိက သမာဓိနဲ့သွားတယ်။ သမာဓိမပါဘူးလို့ ပြောတာ မဟုတ်ဘူး၊ ပါတယ်။ သို့သော် သမာဓိက အဲဒီအချိန်မှာ အဓိကလားဆို အဓိကစွမ်းဆောင်နေတာက ဘယ်သူတုန်းဆို၊ အဓိက စွမ်းဆောင်နေတာက သတိနဲ့ပညာ။ 🌸 အဲဒီတော့ ဝီရိယ တို့ မပါဘူးလား ဆိုတော့ ပါတာ ပေါ့။ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင် “အာတာပီ သမ္ပဇာနော သတိမာ” မဟာသတိပဋ္ဌာန သုတ်မှာ ဟောတဲ့အတိုင်း အာတာပီ ဆိုတာ ဝီရိယ ရှိသူ ဆိုတာ လုံ့လ..ဝီရိယ ပါတယ်။ သတိမာ ဆိုတာ "သတိ"၊ သမ္ပဇာနော .. "ပညာ"... အဲဒီတော့ ဆိုလိုတာ က ဝီရိယ က တွန်းအား ပေါ့..။ 🌸 တကယ် အလုပ် လုပ်နေတာက သတိ နဲ့ ပညာ။ သတိ က ယူပေးလိုက် ပညာ က သိလိုက်၊ သတိ က ယူပေးလိုက် ပညာက ဆုံးဖြတ်လိုက်နဲ့ အဲဒီလို သွားနေတာ။ သတိ က ယူ မပေးရင် ပညာ မဖြစ် ဘူး။ အဲဒီတော့ သတိ က ပညာကို ယူပေး လိုက်တယ်။ ပညာကသိလိုက်တယ်.. ယူပေးလိုက် သိလိုက်..။ 🌸 ဘာနဲ့ တူတုန်း ဆိုရင် စာအုပ်ကြည့်သလိုပဲ လက်ကနေပြီးတော့ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် လှန်ပေးတယ်။ လှန်ပေးသမျှတွေ ကို မျက်စိက မြင်တယ်။ မျက်စိက စာအုပ် ကို မဖွင့်နိုင်ဘူး လေ။ သူက မြင်ရုံ မြင်နိုင်တာ။ ဖွင့်ပေးတာ က လက်က။ ထို့အတူပဲ သတိက အာရုံ ကို ယူပေးတယ်။ ပညာက သိတယ်။ သတိ ယူပေးသမျှ အာရုံ ကို ပညာက သိနေတယ်..။ 🌸 အဲဒီတော့ သတိက အသက်ရှူနေတဲ့ အခိုက် အတန့်လေးမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ သတိ ကနေ ယူပေးလိုက်တယ်။ အဲဒီမှာ ကာယပသာဒ ဆိုတဲ့ sensitive body ရှိတယ်။ ထို sensitive body ကို လှုပ်ရှားနေတဲ့ ဝါယောလို့ ဆိုတဲ့ ဝါယောဓါတ် က လာပြီးတော့ ထိတယ်။ ထိတဲ့အခါမှာ ထိသိစိတ် ပေါ်တယ်..။ 🌸 ထိသိစိတ် ပေါ်လိုက်တာ နဲ့ အာရုံနဲ့၊ စိတ်နဲ့ ဆက်သွယ်မှု ဖဿ... ထိုဖဿ ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု.... အဲဒီ ငါးခု ဖြစ်လာတယ်။ အသက်ရှူနေတယ် ဆိုတဲ့ အတိုင်း အတာ အတွင်းမှာ ဒီ ငါးခု ဖြစ်နေတာဆိုတော့၊ ဒီငါးခုထဲမှာ အသက်ရှူသူ ဆိုတာ မပါဘူး..။ 🌸 ကာယက ဆိုတာ မရှိဘူး။ ပြုလုပ်သူ ဆိုတာ မရှိဘူး။ သတ္တဝါ ဆိုတာ မရှိဘူး၊ အားလုံး ဟာ သဘာဝ တရား ငါးခု ပူးပေါင်းပြီး တော့ ဆောင်ရွက်ခြင်းမျှသာ ဖြစ်တယ်လို့ ဒီလိုသိတာ ဟာ "ညာတပရိညာ" လို့ ပြောရမယ်..။ 🌸 ညာတ ဆိုတာ သိရမယ့် ရုပ်တရား၊ နာမ်တရားကို ပရိညာ ပိုင်းခြား၍ သိခြင်း။ သိရမယ့် ဟာ ကို သိလိုက်တာ။ အဲဒီ သိတာ "ညာတ ပရိညာ"။ ညာတ ပရိညာ နဲ့ သိပြီ ဆိုရင် ဘာဖြစ်တုန်း "ဒိဋ္ဌိ ဝိသုဒ္ဓိ" ဆိုတာ လာတယ်။ ဒိဋ္ဌိဝိသုဒ္ဓိ ဆိုတာ သတ္တသညာ ပျောက်သွားရင် ဒိဋ္ဌိ ဝိသုဒ္ဓိ၊ သတ္တ သညာ မပျောက်သေးသမျှ ဒိဋ္ဌိ ဝိသုဒ္ဓိ က မဖြစ်ဘူး..။ 🌸 သတ္တဝါ မရှိဘူး။ ဒီ ငါးခု ရဲ့ ဖြစ်ခြင်း မျှသာ။ အဲဒီအတိုင်းပဲ သမထ နဲ့ ဝိပဿနာ ကတော့ ကွာတယ်။ သတိ နဲ့ ပညာ ကို ဦးစားပေးပြီးတော့ သိနေတာ၊ ဖြစ်နေတာ က "ဝိပဿနာ"။ အာရုံ တစ်ခု တည်း အပေါ်မှာ စိတ် ကို ထိန်းချုပ်ထားတာ က "သမထ"..။ 🌸 "အဲဒါကို ရည်ရွယ်ပြီး တော့ မဟာစည်ဆရာတော်ကြီး က အမိန့်ရှိသွားတာ... ကနေ့ ခေတ် ကမ္မဋ္ဌာန်း အားထုတ်တာ သမာဓိ တော့ ဖြစ်တယ်။ ပညာ ဖြစ်တာ နည်းတယ်။ ဒါကို ရည်ညွှန်းပြီး တော့ အမိန့် ရှိသွားတာ ပဲ ဖြစ်တယ်"..။ 🌸 အဲဒီတော့ ဆဆက္ကသုတ္တံ မှာ ဝိပဿနာတရားအားထုတ်ပြီဆိုရင် ဝိပဿနာ အနေနဲ့ ရှုကွက်အားလုံး ၃၆ မျိုး ကို မြတ်စွာ ဘုရား ဟောထားတယ်။ ၃၆ မျိုး က အခုပြောတဲ့ ငါးမျိုးအပြင် မှာ "တဏှာ" ထည့်လိုက်တယ်..။ ဆက်ရန>>>> #ဝိပဿနာသမာဓိ

ဓမ္မသုတလမ်း
ဓမ္မသုတလမ်း
Open In TikTok:
Region: MM
Monday 03 August 2026 12:27:28 GMT
9325
1441
28
25

Music

Download

Comments

5757575756r7r6454435r736
Aung Aung :
🙏🙏🙏🙏🙏🙏🙏🙏🙏 သာဓု သာဓု သာဓု ပါဘုရား
2026-08-04 05:25:12
0
pauk.pauk258
PAUK PAUK :
သာဓုသာဓုသာဓုရုပ်နာမ်နှစ်ပါးလုံးအေးငြိမ်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ။🙏🙏🙏
2026-08-04 03:29:09
0
htethnhu7xe
Thingyan Thin💉🩺 :
တရားအားထုတ်နည်းများ"တင်ပေးပါ🙏🙏🙏
2026-08-03 13:30:22
0
goblinlin8
GoBlin Lin :
သာဓုသာဓုသာဓု
2026-08-03 23:54:53
0
diamond.myanmar3
Diamond myanmar :
🙏🙏🙏
2026-08-06 10:32:00
0
nilamkn
Nila Mkn :
🙏🙏🙏
2026-08-06 06:21:29
0
user2264022806169
Kyaw Kyaw94821 :
🙏🙏🙏
2026-08-05 13:58:01
0
yaminya31
thaethae :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-05 03:04:29
0
komin495
Ko Min :
🙏🙏🙏🙏🙏
2026-08-05 00:36:33
0
scorpio_098711
🦂 KKH ♏️ :
🙏🙏🙏
2026-08-04 17:33:22
0
umyint.soe695
UMyint Soe :
🙏🙏🙏
2026-08-04 14:58:22
0
noe.noe502
Noe Noe :
🙏🏻🙏🏻🙏🏻
2026-08-04 09:34:43
0
usoemin2248
ယဥ်စိုး :
🙏🙏🙏
2026-08-04 06:02:01
0
myintmyintaye381
MyintMyintAye :
🙏🙏🙏
2026-08-04 05:52:09
0
user7706153442834
user7706153442834 :
🙏🙏🙏🙏🙏
2026-08-04 04:53:29
0
kaung72626
X-BoX :
🙏🙏🙏
2026-08-04 04:16:20
0
mhemchantheik
kaung myat kyaw :
🌺🙏🙏🙏
2026-08-04 02:40:44
0
kyaw.min.htun1422
Kyaw Min Htun :
🙏🙏🙏
2026-08-04 01:21:31
0
lugyi6968
lu gyi :
🙏🙏🙏
2026-08-04 01:12:03
0
usoenaing539
usoe :
🙏🙏🙏
2026-08-04 01:11:28
0
shwe.yi28145
🇸 🇭 🇼 🇪  🇾 🇮 :
🙏🙏🙏
2026-08-04 00:51:19
0
aye.myat.maw.offi
Aye Myat Maw Official :
🙏🙏🙏
2026-08-03 15:32:41
0
user591743861
Myo Myo :
🙏🙏🙏
2026-08-03 12:43:35
0
To see more videos from user @dhammathutalan, please go to the Tikwm homepage.

Other Videos


About