@user2819609991381: လူတွေရဲ့စိတ်ဟာ နေ့စဉ်နဲ့အမျှ ပူလောင်ပြီး ညစ်ထေးနေတယ်။ လောဘဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊ မောဟဆိုတဲ့ အညစ်အကြေးတွေ၊ မာန်မာနဆိုတဲ့ အညစ်အကြေးတွေ၊ ဣသာ မစၧရိယ ဆိုတဲ့ အညစ်အကြေးတွေကြောင့် စိတ်မဖြူ စင်ဘူး၊ စိတ်မဖြူ စင်ခြင်းကြောင့် သတ္တဝါတွေဟာ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ကြဘူး။ ညစ်နွမ်းနေကြရတယ်။ ပူလောင်နေကြရတယ်။ အဲဒီစိတ်ကလေး ဖြူ စင်သွားအောင်၊ မကောင်းတဲ့ စိတ်သဘောထားတွေ ပျောက်သွားအောင်လည်း ဟောဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်တဲ့။ ဝိပဿ နာ ကျင့်စဉ်တစ်ခု ကျင့်ရမယ်လို့ ဒီလိုပြောတာ။ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲ ဖြစ်စေ စိတ်နှလုံးပူဆာမှု စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှ မကြိုက်ဘူး။ အဲဒီ မကြိုက်တဲ့အပူတွေက ကင်းဖို့ရာအတွက် ဝိပဿ နာ ကျင့်စဉ်ဆိုတာ လူမျိုးဘာသာမရွေး၊ ကျားမ မရွေး အသက်ကြီးငယ်မရွေး အားထုတ်သင့်တယ်လို့ ဆိုတာပေါ့ နော်။ အားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။ အားမထုတ်ဘူးဆိုရင် တစ်ကွေ့မဟုတ် တစ်ကွေ့ ဒုက္ခတွေ ကြုံ ပြီးတော့ ဒီပူပန်မှုဆိုတဲ့ သောကတွေကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးတဲ့။ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ #ကောင်းမှုတစ်ခုနေ့စဉ်ပြု #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
နိဗ္ဗာန် ဆော်
Region: MM
Monday 03 August 2026 12:39:25 GMT
Music
Download
Comments
U Than Htay :
2026-08-04 01:13:03
1
# U /Oo Kyaw Soe :
🙏🙏🙏
2026-08-03 15:31:20
0
Buddha & Dhamma :
🥰🥰🥰
2026-08-03 13:58:11
0
Aung Aung :
🙏🙏🙏
2026-08-03 13:01:17
0
Chan :
🙏🙏🙏
2026-08-03 12:59:50
0
San San :
🙏🙏🙏
2026-08-03 12:56:46
0
Hla Htoo :
🙏🙏🙏🙏🙏
2026-08-03 16:32:47
0
To see more videos from user @user2819609991381, please go to the Tikwm
homepage.