@mgwinayemg: စွန်းလွန်းတရားကျင့်စဥ်စက်ဝိုင်း  ----------------------------------------------- (၁) စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ဆိုတဲ့ဒွါရ(၆)ပေါက် ကို၊ အတွင်းအာယတန(၆)ပါးလို့ ခေါ်ပါတယ်။ အခံဓါတ်(၆)ပါးလို့ လဲခေါ်ပါသေးတယ်။ (၂) ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖေါဌဗ္ဗ၊ ဓမ္မ လို့ဆိုတဲ့အာရုံ(၆)ပါးကို၊ အပြင် အာယတန(၆)ပါးလို့ခေါ်ပါတယ်။ အတိုက်ဓါတ်(၆)ပါးလို့လဲခေါ်ပါ သေးတယ်။ (၃) အဲဒီအတွင်းအပြင်(၆)ခုစီမှာရှိတဲ့ ဆိုင်ရာဆိုင်ရာဒွါရနဲ့အာရုံတွေတိုက် ဆိုင်ကြတဲ့အခါ၊ ဆိုင်ရာဆိုင်ရာဝိဉာဏ် စိတ်တွေပေါ်ပါတယ်။ အပွင့်ဓါတ် (၆)ပါးလို့လဲခေါ်ပါသေးတယ်။ --စက္ခုဒွါရနဲ့ရူပအာရုံတိုက်ရင် စက္ခုဝိဉာဏ်(မြင်စိတ်)ဖြစ် ပေါ်ပါတယ်။ --သောတဒွါရနဲ့သဒ္ဒအာရုံတိုက်ရင် သောတဝိဉာဏ်(ကြားစိတ်)ဖြစ်ပေါ် ပါတယ်။ --ဃာနဒွါရနဲ့ဂန္ဓအာရုံတိုက်ရင်ဃာန ဝိဉာဏ်(နံစိတ်)ဖြစ်ပေါ်ပါတယ်။ --ဇိဝှာဒွါရနဲ့ရသအာရုံတိုက်ရင်ဇိဝှာ ဝိဉာဏ်(စားစိတ်)ဖြစ်ပေါ်ပါတယ်။ --ကာယဒွါရနဲ့ဖေါဌဗ္ဗအာရုံတိုက်ရင် ကာယဝိဉာဏ်(တွေ့ထိစိတ်)ဖြစ်ပေါ် ပါတယ်။ --မနောဒွါရနဲ့ဓမ္မအာရုံတိုက်ရင်မနော ဝိဉာဏ်(ကြံတွေးစိတ်)ဖြစ်ပေါ်ပါတယ်။ (၄) အတွင်းရုပ်နဲ့အပြင်ရုပ်နှစ်ခု တိုက်လို့နာမ်ဖြစ်ပေါ်လာတာဖြစ်ပါ တယ်။ ရုပ်နှစ်ခုကအကြောင်း၊ နာမ် ကအကျိုး၊ အကြောင်းကြောင့်အကျိုး ဖြစ်လာတာပါ။ (၅) ဒါတွေသိရတာဟာမိမိခန္ဓာကို သတိနဲ့စောင့်ကြည့်လို့သိရတာဖြစ်ပါ တယ်။ ဒါကိုပဲဝိပဿနာရှုတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ထိ၊ သိ၊ သတိ ဆိုတာဒါကိုဆိုလိုခြင်းပါ။ (၆) အထက်ကဆိုခဲ့တဲ့ဝိဉာဏ်စိတ် ကလေးတွေဟာဖြစ်ပြီးတာနဲ့ပျက်ပျက် သွားပါတယ်။ တနည်းအားဖြင့်ပေါ်ပြီး ပျောက်ကုန်ကြပါတယ်။ အောင့်မေ့မှတ်သားမှုဆိုတဲ့သတိ ကြောင့်(ဖြစ်ချုပ်)ကို၊ ဝိပဿနာဉာဏ်နဲ့ သိရှိလိုက်ရတာဖြစ်ပါတယ်။ (၇) ဒါ့ကြောင့်အခံဓာတ်(၆)ပါး၊ အတိုက်ဓါတ်(၆)ပါး၊ အပွင့်ဓါတ်(၆)ပါး၊ စုစုပေါင်းဓါတ်(၁၈)ပါး တို့ရဲ့ဖြစ်ပြီးပျက်တတ်တဲ့သဘော သဘာဝကို၊ ဝိပဿနာရှုမှတ်ကြဘို့၊ ဆရာတော်ကြီးက၊ စက်ဝိုင်းလေးနဲ့ ညွှန်ပြအလုပ်ပေးလိုက်ခြင်းဖြစ်ပါ တယ်။ (၈) ရုပ်ဓာတ်တွေဖြစ်တဲ့ပထဝီမှာ မာသဘော၊ ပျော့သဘော၊ အာပေါ မှာဖွဲ့စည်းသဘော၊ ယိုစီးသဘော၊ ဝါယောမှာတိုးသဘော၊ တွန်းသဘော၊ တေဇောမှာပူသဘော၊ အေးသဘော ဆိုတဲ့ရုပ်ဓာတ်အသီးသီးတို့ရဲ့ပင်ကိုယ် သဘာဝတွေကို၊ တွေ့ကြရမှာဖြစ်ပါတယ်။ (၉) နာမ်ဓာတ်တွေဖြစ်ကြတဲ့ဝိဉာဏ ဓာတ်မှာအာရုံကိုသိမှုသဘော၊ ဝေဒနာ ဓာတ်မှာခံစားမှုသဘော၊ သညာဓာတ် မှာမှတ်သားမှုသဘော၊သင်္ခါရဓာတ်မှာ စေ့ဆော်တိုက်တွန်းမှုသဘော၊ ဆိုတဲ့ နာမ်ဓာတ်အသီးသီးတို့ရဲ့ကိုယ်ပိုင် လက္ခဏာတွေကိုတွေ့ကြရမှာဖြစ်ပါတယ်။ (၁၀) အဲဒီရုပ်ဓာတ်၊ နာမ်ဓာတ်တစ်ခု စီတိုင်းရဲ့ပင်ကိုယ်ရှိရင်းဖြစ်တဲ့သဘော သဘာဝမှတစ်ပါး၊ အခြားသဘော သဘာဝသို့ရွေ့လျားပြောင်းလဲခြင်းအလျဥ်းမရှိသည့်အတွက်၊ ပရမတ္တတရား လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ (၁၁) အထက်အပိုဒ်(၇)မှာဖေါ်ပြခဲ့တဲ့ ဓါတ်(၁၈)ပါးပေါ်ပြီးပျောက်၊ ဖြစ် ပြီးပျက်တာကိုတွေ့ရခြင်းဟာ ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့အများဆိုင် လက္ခဏာကိုမြင်တွေ့လိုက်ရခြင်းပဲ ဖြစ်ပါတယ်။ (၁၂) ရှုမှတ်ရင်းရှုမှတ်ရင်းနဲ့ရုပ်ဓမ္မ သော်၎င်း၊ နာမ်ဓမ္မသော်၎င်း၊ ဖြစ်သမျှ ဟာ၊ အပျက်မှာလမ်းဆုံးရတာကြောင့်၊ ဘာတစ်ခုမှတွယ်တာမက်မောစရာမရှိ တဲ့၊ (အနိစ္စ)တရားသက်သက်သာဖြစ်တယ်ဆိုတာကို၊ သဘောပေါက်ကြဘို့ ပါပဲ။ (၁၃) ရှုပွားမှုတိုင်းမှာအနိစ္စတွေချည့် သာမြင်နေရတော့၊ ရုပ်နာမ်ဟာနှိပ်စက် တတ်တဲ့ဒုက္ခကောင်သက်သက်ပဲဆိုတာသိလာမှာဖြစ်ပါတယ်။ (၁၄) အနိစ္စသဘောမြင်ရာက၊ ဒုက္ခ သဘောကိုသိလာ၊ ရှေ့ဆက်မြင်တာ က၊ ဓာတ်တို့ဟာငါ့သဘောအတိုင်း မဖြစ်၊ သူ့သဘောအတိုင်းသူဖြစ်နေတာပါလားဆိုတဲ့အနတ္တကိုသဘောပေါက် မှာအမှန်ပင်ဖြစ်ပါတယ်။ (၁၅) ဒါဆိုဝိပဿနာလမ်းကြောင်းမှန် ပေါ်ရောက်သွားပြီဖြစ်လို့ (ဘာဝိတာ ဗဟုလီကတာ) ဆိုတဲ့အတိုင်း၊ ကြိမ် ဖန်မလပ်ပွားများအားထုတ်သွားဘို့ ရာပဲရှိပါတော့တယ်။ ( စာရေးသူ၏တင်ပြချက်။ ဤစာ စဥ်ကို၊ ဆရာတော်ကြီး၏စက်ဝိုင်းကို ကြည့်လျက်၊ မိမိ၏အသိဉာဏ်ဖြည့် စွက်ကာ၊ ရေးသားတင်ပြပေးလိုက် ခြင်းဖြစ်ပါသည်။) (ဟောတဲ့အတိုင်းသိ၍၊ သိတဲ့အတိုင်း လိုက်နာကျင့်ကြံကာ၊ ကျင့်ကြံသလောက်၊ တရားထူးများပေါက် ရောက်ကြပါစေသတည်း။) #မောင်ကျော်

မောင်ဘုန်းကျော်
မောင်ဘုန်းကျော်
Open In TikTok:
Region: MM
Monday 03 August 2026 14:15:03 GMT
9811
744
9
105

Music

Download

Comments

aungsoe123877
father 🫥 :
✌️
2026-08-07 10:33:27
0
user8108510619800
လူလိန်မာလေး :
ဦးခိုက်ပူဇော်ရှိခိုကန်တော့ပါ၏အရှင်ဘုရား
2026-08-07 01:21:24
0
nyein.38
Ko Kyaw Pu :
🥰🥰🥰
2026-08-04 15:52:08
1
user3678320565990
မင်းသားလေး :
🥰🥰🥰
2026-08-07 10:37:37
0
thuta5297
thuta :
🙏🙏🙏
2026-08-07 01:52:48
0
aung.san.lin812
Aung San lin :
🙏🙏🙏
2026-08-07 16:45:28
0
tun.tun6184
Tun Tun :
🙏🙏🙏
2026-08-04 05:58:42
0
myo.htet.aung004
Myo Htet Aung :
🥰🥰🥰
2026-08-04 03:53:28
0
kbck783
K๛BŁ么CK :
1 အကွက် အတိုက်နဲ့ အခံသဘော အဆင်း မျက်စိ(သိမှုမရှိ) အသံ။ နား(သိမှုမရှိ) အနံ့ နာခေါင်း(သိမှုမရှိ) အရသာ။ လျှာ(သိမှုမရှိ) အထိတွေ့မှု(ယား/နာ/ပူ/အေး အသား ရေ(သိမှုမရှိ) ကြံတွေးမှု။ စိတ္တ(သိမှုပဲရှိ/မပြုမပြင်) 2. မြင်မှုသိ ငါမပါလေနဲ့ ဝေဒနာသာကြည့် ကြားမှုသိ ငါမပါလေနဲ့ ဝေဒနာသာကြည့် နံမှုသိ ငါမပါလေနဲ့ ဝေဒနာသာကြည့် အရသာသိမှု ငါမပါလေနဲ့ ဝေဒနာသာကြည့် ယားမှုသိနာမှုသိ ငါမပါလေနဲ့ ဝေဒနာသာကြည့် တွေးမှုသိ ငါမပါလေနဲ့ ဝေဒနာသာကြည့် 3. ဝေဒနာသာကြည့်မှာ ဝေဒနာပျော့တယ် တဖြည်းဖြည်းများလာတယ် ပိုနာလာတယ် အနာဆုံးဖြစ်တယ် ....,ဆက်၍ကြည့် ဘယ်လိုဖြစ်လည်း တခုသိမှ မမြဲခြင်းသိလိမ့်မယ် ထိုထိုသို့ အာရုံ မှ ဝေဒနာ ဝေဒနာမှ( ငါ)ခံစားမှုဆိုတာ မကူးခင် အပေါ်က ဆရာတော်ဘုရား စက်ဝိုင်းနဲ့ရှုရင်း ရှုရင်း သတိထားပါပေါ့☺️ကျနော်လည်း တဏှာမှီး၍ ကျနော် comment မြင်သူ နှလုံးသွင်းနိုင်အောင် post ပိုင်ရှင် စာထက်ရေးခဲ့ပါရစေ🥰
2026-08-04 15:28:42
0
To see more videos from user @mgwinayemg, please go to the Tikwm homepage.

Other Videos


About