@tgk.alpha_cross164:

ТГК: JHLSX_175💛
ТГК: JHLSX_175💛
Open In TikTok:
Region: GB
Monday 03 August 2026 17:31:43 GMT
74
4
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @tgk.alpha_cross164, please go to the Tikwm homepage.

Other Videos

စိတ်တိုင်းမကျခြင်းကို ဘယ်လိုကျော်ဖြတ်ကြမလဲ? မိသားစုထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာဖြစ်စေ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ အထက်လူကြီးနဲ့ဝန်ထမ်း၊ လင်မယား၊ မိတ်ဆွေများ အတူတူနေထိုင်ဆက်ဆံကြတဲ့အခါ စိတ်တိုင်းမကျတာတွေ ကြုံရမှာ မလွဲပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊  ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်ခံစားချက်နဲ့  ကိုယ်ပိုင်မျှော်လင့်ချက်တွေ ရှိကြလို့ပါ။ မိဘက သားသမီးကို “ငါပြောသလိုဖြစ်စေချင်တယ်” လို့  မျှော်လင့်တတ်သလို၊ သားသမီးကလည်း “မိဘက ငါ့စိတ်ကို  နားလည်ပေးစေချင်တယ်” လို့ မျှော်လင့်တတ်ပါတယ်။ ဆရာက တပည့်ကို ကြိုးစားစေချင်ပေမယ့်  တပည့်မှာလည်း သူ့အခက်အခဲနဲ့သူ ရှိနိုင်ပါတယ်။  အလုပ်ရှင်က ဝန်ထမ်းကို တာဝန်ကျေပွန်စေချင်ပေမယ့်  ဝန်ထမ်းမှာလည်း မိသားစုပြဿနာ၊ ကျန်းမာရေအခက်အခဲ၊  စိတ်ဖိစီးမှုတွေ ရှိနေနိုင်ပါတယ်။ ကိုယ်မြင်ရတာက သူတစ်ပါးရဲ့ အပြုအမူသာ ဖြစ်ပြီး၊ ကိုယ်မမြင်ရတာက အဲဒီအပြုအမူရဲ့ နောက်ကွယ်မှာရှိနေတဲ့ အကြောင်းတရားတွေပါ။ ဓမ္မသဘောအရ အရာရာဟာ ကိုယ့်ဆန္ဒအတိုင်း  အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဖြစ်ချင်တာနဲ့ ဖြစ်လာတာ မတူတဲ့အခါ ဒုက္ခဖြစ်လာပါတယ်၊ သူတစ်ပါးကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲစေချင်လေလေ ကိုယ့်စိတ်မှာ ပူလောင်မှုများလေလေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်တိုင်းမကျတဲ့အခါ ချက်ချင်း အပြစ်တင်ခြင်းထက် ခဏရပ်ပြီး... “သူဘာကြောင့် ဒီလိုဖြစ်ရတာလဲ” “ငါ့မျှော်လင့်ချက်က များလွန်းနေသလား” “ငါပြောတဲ့စကားက သူ့အတွက် နာကျင်စရာဖြစ်နေလား” ဆိုတာ ပြန်လည်စဉ်းစားသင့်ပါတယ်။ မိုးရွာတဲ့အခါ မိုးကို အပြစ်တင်နေလို့ မိုးတိတ်မသွားပါဘူး၊ ထီးဆောင်းတတ်ဖို့သာ လိုပါတယ်။ လူတစ်ယောက်ရဲ့ သဘောထားကို ချက်ချင်းမပြောင်းလဲ နိုင်တဲ့အခါ ကိုယ့်ရဲ့တုံ့ပြန်ပုံကို ပြောင်းလဲနိုင်ပါတယ်။ ဒေါသနဲ့ပြောမယ့်အစား နားလည်မှုနဲ့ပြောပါ၊  အနိုင်ယူမယ့်အစား အကြောင်းရင်းကိုရှာပါ၊ ခွင့်မလွှတ်နိုင်သေးရင်တောင် နာကျင်စေမယ့်စကားကို ခဏမျိုသိပ်ထားပါ။ သည်းခံခြင်းဆိုတာ အရှုံးပေးခြင်းမဟုတ်ပါဘူး။ မေတ္တာဆိုတာ အမှားအားလုံးကို လက်ခံခြင်းလည်း  မဟုတ်ပါဘူး။ အမှန်ကို နူးညံ့စွာပြောနိုင်ခြင်း၊ လိုအပ်တဲ့အခါ စည်းမျဉ်း ထားနိုင်ခြင်း၊ ဒေါသမပါဘဲ ဝေးဝေးနေနိုင်ခြင်းဟာလည်း ပညာပါတဲ့ မေတ္တာပဲ ဖြစ်ပါတယ်။ သစ်ပင်တိုင်းဟာ တစ်ချိန်တည်း မပွင့်ကြပါဘူး၊ လူတိုင်းလည်း တစ်ချိန်တည်း မရင့်ကျက်ကြပါဘူး၊ ကိုယ်နားလည်ပြီးသားအရာကို သူတစ်ပါးက  မနားလည်သေးတဲ့အခါ အပြစ်တင်ခြင်းထက်  အချိန်ပေးဖို့ လိုပါတယ်။ ဘဝမှာ စိတ်တိုင်းကျတဲ့လူကို ရှာနေခြင်းထက်  စိတ်တိုင်းမကျမှုတွေကြားမှာ ကိုယ့်စိတ်ကို မပျက်စီးအောင် ထိန်းသိမ်းတတ်ဖို့က ပိုအရေးကြီးပါတယ်။ လူတိုင်းကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့၊ တချို့ကို နားလည်ပေးပါ၊ တချို့ကို ခွင့်လွှတ်ပေးပါ၊ တချို့နဲ့ စည်းခြားထားပါ၊ တချို့အရာတွေကိုတော့ အချိန်နဲ့အတူ လွှတ်ချလိုက်ပါ။ နောက်ဆုံးမှာ ငြိမ်းချမ်းခြင်းဆိုတာ အရာရာကို  စိတ်တိုင်းကျအောင်လုပ်နိုင်ခြင်း မဟုတ်ပါဘူး။ စိတ်တိုင်းမကျတဲ့အရာတွေရှိနေသော်လည်း မေတ္တာ၊ သတိနဲ့  ပညာကို မပျောက်ဆုံးစေဘဲ ရင်ဆိုင်တတ်ခြင်းပဲ ဖြစ်ပါတယ်။ “သူတစ်ပါးကို နားလည်ဖို့ မကြိုးစားခင် ကိုယ့်မျှော်လင့်ချက်ကို အရင်သတိထားပါ။ ကိုယ့်စိတ်ကို အောင်နိုင်သူဟာ သူတစ်ပါးကို အနိုင်ယူသူထက် ပိုမိုကြီးမြတ်ပါတယ်။” ထိန်လင်းသာဆရာတော် 15.7.2026 #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #ဘဝစာပေ #လူငယ်များဆီသို့

About