@ashin.parama3: အလှူလုပ်ရာ ပြည့်စုံရမည့် အင်္ဂါ ( ၆ ) ပါး ___________ တည် စေ ဂုဏ် ဉာဏ် ၊ ဝတ္ထုမှန် ၊ နိဗ္ဗာန်တောင်းတပြု ။ အင်္ဂါခြောက်ဖော် ၊ ပြည့်စုံသော် ၊ အံ့သော် ကျိုးများစု ။ ( တက္ကသိုလ်တေဇာလင်း ၊ အနီးမွှေး အဝေးကြိုင် ၊ မြင်းခြံ ကိုးဆောင်တိုက်အုပ် ဆရာတော်မှ - ) ၁။ တည် - အလှူရှင်သည် သီလဆောက်တည် သီလစင်ကြယ်စေရမည် ။ ၂။ စေ - မလှူမီ လှူဆဲ လှူပြီး စေတနာသုံးတန် အညီအမျှ ထားနိုင်ရမည် ။ ၃။ ဂုဏ် - အလှူခံပုဂ္ဂိုလ် ( သံဃာတော်တို့ ) ရဲ့ ဂုဏ်ကို အာရုံပြု လှူဒါန်းရမည် ။ ၄။ ဉာဏ် - ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရှိရမည် ။ ၅။ ဝတ္ထုမှန် - လှူဖွယ်ဝတ္ထုသည် ဓမ္မိယလဒ္ဓဖြစ်ကာ သန့်ရှင်းစင်ကြယ်ရမည် ။ ၆။ နိဗ္ဗာန်တောင်းတပြု - နိဗ္ဗာန်ကို ရည်စူးတောင်းတ ကုသိုလ်ပြုရမည် ။ ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံ ညီညွတ်လျှင် အလှူအကျိုး ကြီးမားသည် ဟူလို။ မှတ်ဖွယ်လင်္ကာ _________ ၁။ တည် - အလှူပေးစဉ် ၊ အလှူ့ရှင် ၊ ဖြူစင် သီလရှိရမည် ။ ၂။ စေ - စေတနာသုံးတန် ၊ ညီညွတ်ရန် ၊ ဧကန် ဖြစ်ရမည် ။ ၃။ ဂုဏ် - အလှူခံကုန် ၊ သံဃာ့ဂုဏ် ၊ အာရုံ ပြုရမည် ။ ၄။ ဉာဏ် - ကံကံအကျိုး ၊ ယုံကြည်ကိုး ၊ မှတ်ရိုး ပညာရှိရမည် ။ ၅။ ဝတ္ထုမှန် - အလှူပေးရန် ၊ ဝတ္ထုမှန် ၊ ဧကန် စင်ကြယ်စေရမည် ။ ၆။ နိဗ္ဗာန်တောင်းတပြု - အလှူပေးပြန် ၊ ပြည်နိဗ္ဗာန် ၊ ဧကန် တောင်းတပြုရမည် ။ အင်္ဂါခြောက်တန် ၊ ပြည့်စုံပြန် ၊ ဧကန် အကျိုးကြီးမားသည် ။ အလှူပေးငြား ၊ ကျိုးကြီးမား ၊ မှတ်သား သိရမည် ။ ကဗျာလင်္ကာ အရှင်ပရမဗုဒ္ဓိ ( မြိုင် )
parama buddhi
Region: MM
Tuesday 04 August 2026 03:54:31 GMT
Music
Download
Comments
U Aung Kyaw Lin :
မှတ်သားဖွယ်ရာ
တန်ဘိုးရှိလှပါဘိ
လူတိုင်းသိအပ်ဖို့ကအဓိကပါ
2026-08-05 01:42:01
2
တောင်တန်းပြာ :
ကျမ်းညွှန်းလေးပါထည့်ရင် ပိုပီးအဆင်ပြောမယ် ဘုရား...
2026-08-04 10:42:16
3
lin lat thu :
သာဓုသာဓုသာဓုပါဘုရား
2026-08-05 14:12:34
2
♥️♥️ချစ်သဲ♥️♥️ :
သာဓု သာဓု သာဓုပါ
2026-08-07 05:53:41
1
C 🦋 M 🌸N🥰 :
အလှူလင်္ကာ နာရေးလင်္ကာ လေးတွေရှိရင်စွန့်တော်နူပါဘုရား
2026-08-06 13:05:17
1
LIGHT :
မဂ်လာ ပါ
2026-08-06 17:05:49
1
shwepyisan50505 :
မှတ်သားထိုက်ပါတယ်ဘုရား
2026-08-04 15:37:00
2
044051 :
2026-08-04 06:24:42
2
Oo Myit373 :
သိန်မင်းသာတွေလာ
2026-08-04 07:06:52
1
Shine Thank Mg :
🥰🥰🥰
2026-08-04 08:16:09
2
That Oo Mg :
💚💚💚
2026-08-04 15:31:57
1
Kyaw Ko Ko :
🙏🙏🙏
2026-08-05 14:07:00
1
အညတြဘိက္ခု😍8/ဆိပ်ဖြူသားလေး :
🙏🙏🙏🙏🙏
2026-08-04 16:53:21
1
သုစိတ္တာရာမကျောင်းတိုက် :
🙏🙏🙏
2026-08-04 05:11:22
1
Aungzayya Zayya :
🥰🥰🥰🥰🥰
2026-08-04 11:08:44
2
zwenayaung123 :
👍🏼👍🏼👍🏼👍🏼👍🏼👍🏼👍🏼👍🏼👍🏼👍🏼
2026-08-06 14:28:23
1
To see more videos from user @ashin.parama3, please go to the Tikwm
homepage.